Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် ၃ နေရာတွင် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

ချင်းပြည်နယ် ၃ နေရာတွင် တစ်ရက်ထဲ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက် ၆ ဦးခန့်သေဆုံး

0
By Editor on November 7, 2021 Headline

ချင်းပြည်နယ်တွင် နိုဝင်ဘာလ ၅ ရက်နေ့တစ်ရက်ထဲ မြို့နယ် ၃ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များနှင့် ချင်းပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၆ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိိမ်းဆည်းရမိသည်ဟု ချင်းအမျိူးသားတပ်မတော် CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီ ကပြောသည်။

“ရေဇွာတပ်စခန်းကို ကွျွန်တော်တို့ CNA နဲ့ CDF- Zotung ပူးပေါင်းတပ်ဖွဲ့ကပစ်တယ်။ အဲ့ဒီမှာ စစ် ကောင်စီဖက်က ၄ ယောက်သေပြီးမှ သေနတ် ၁လက်ရတယ်။ နောက်ကနေဒီတောင်မှာ ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်တယ်၊ အထိခိုက်တော့ သေချာ မသိဘူး ။ ဒီနေ့ထဲမှာပဲ ထန်တလန်မြို့မှာ တိုက်ပွဲဖြစ်တယ်။ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ ဖက်က ဒဏ်ရာ ၂ ယောက်ရတယ် ဒါပေမယ့်ဒဏ်ရာ အကြီးအကျယ်ရရှိတာတော့ မဟုတ်ဘူး။” ဟု CNA ပြောခွင့်ရသူ ဆလိုင်းထက်နီ ကပြောသည်။

ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို CDF-Zotung နှင့် CNA ပူးပေါင်းတပ်ဖွဲ့ဝင်များက နိုင်ဝင်ဘာလ ၅ ရက်နေ့ မနက် ၉နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ကာ မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်ကြပြီး စကစ တပ်သား ၄ ဦးသေဆုံးခဲ့သည်။

တီးတိန်မြို့နယ်၊ အာလွယ်ရွာနှင့် ဆိုဇံရွာကြားရှိ ကနေဒီတောင်ခြေနားတွင်းလည်း နိုဝင်ဘာလ ၅ ရက်နေ့ ယနေ့မွန်း လွဲပိုင်းက ကလေး- ဂန့်ဂေါ-CDF (KKG)၊ (CDM Siyin)၊ PDF-Zoland ပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားကာ စကစတပ်သား ၂ ယောက်သေဆုံးကာ သေနတ် ၂ လက်သိမ်းဆည်းရမိသည်ဟု သိရသည်။

အလားတူ ထန်တလန်မြို့တွင်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်း တပ်ဖွဲ့ဖက်မှ ၂ ဦး ဒဏ်ရာရရှိသော်လည်း မစိုးရိမ်ရဟု သိရသည်။

စစ်ကောင်စီသည် ချင်းပြည်နယ်သို့ စစ်အင်အားအလုံးအရင်းတိုးမြင့်လာသည့်နောက်ပိုင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တိုက်ပွဲဖြစ်ပွားမှု ခတ်စိတ်စိတ်ဖြစ်လာပြီး တီးတိန်၊ ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့ နယ်တို့တွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွား မှုမှာ ၉ ကြိမ်ထက်မနည်းဖြစ်ပွားကာ စစ်ကောင်စီက ချင်းပြည်နယ်တွင် အနော်ရထာစစ်ကြောင်း စစ်ဆင်ရေးကို စတင်နေပြီဖြစ်ကြောင်း CNA ပြောခွင့်ရသူ ဆလိုင်း ထက်နီ ကပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

တိုက်ပွဲဖြစ်ပွားနေသော ချင်းတောင်ပိုင်းကို Y-12 နှင့် ဂျက်ဖိုက်တာများဖြင့် ယနေ့ ထပ်မံဗုံးကြဲ

အာသံပြည်နယ်၊ မာသီယာစခန်းတွင် ထိမ်းသိန်းခံနေရသော မြန်မာအမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ စော်ကားခံရဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.