Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက်ရောက်

ချင်းပြည်နယ် ၄ မြို့နယ်တွင် စာသင်ကျောင်းဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်သောင်းကျော်တက်ရောက်

0
By Editor on November 14, 2021 Headline

နိုဝင်ဘာလ ၁ ရက်နေ့ကစ၍ စစ်ကောင်စီမှ စာသင်ကျောင်းများကို စတင်ဖွင့်လှစ်ခဲ့ရာ ချင်းပြည်နယ်တွင်လည်း မြို့နယ် ၄ မြို့နယ် တွင် အ​ခြေခံပညာကျောင်းများဖွင့်လှစ်ပြီး ကျောင်းသူ/သား တစ်​သောင်းကျော် ကျောင်းတက်ရောက်ကြောင်း သိရသည်။

“အခုက တစ်သောင်းကျော်ပဲရှိတယ်၊ ခါတိုင်းက ပုံမှန်တက်တယ်ဆိုရင်တော့ တစ်သိန်းသုံးသောင် ကျော်လောက်ရှိတယ်။ မနှစ်ကလည်း ကျောင်းမတက်တော့ ကျောင်းသားမရှိ၊ ဒီနှစ်လည်း ဒီအတိုင်းပဲဒီလိုပဲဖြစ်နေတယ်” ဟု ချင်းပြည်နယ် ပညာရေးရုံးမှ အမည်မဖော်လိုသူ ဝန်ထမ်း တစ်ဦးက ပြောသည်။

ချင်းပြည်နယ်တွင် မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ တီးတိန် မြို့နယ်တွင် ကျောင်းသား ၁၇၈၂ ဦး၊ တွန်းဇံမြို့နယ်တွင် ၄၂၈၉ ဦး၊ မတူပီမြို့နယ်တွင် ၁၇ ဦးနှင့် ပလက်ဝမြို့ နယ်တွင် ၄၉၆၃ ဦးရှိပြီး မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဟားခါး၊ ဖလမ်းမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူ မရှိကြောင်းသိရသည်။

ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူ/ကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီက နိုဝင်ဘာလ ၁ရက်နေ့ပြန်ဖွင့်လှစ်ချိန်ပေးချိန်တွင်မူ ကျောင်းသူ/ကျောင်းသား ၁၁၀၅၁ ဦးသာ တက်ရောက်နိုင်သည်ဟု ချင်းပြည်နယ်၊ မြို့နယ်ပညာရေးဌာနမှ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့တွင် MPT ဖုန်းလိုင်းတစ်ခုသာရပြီး ငွေဖြည့်ကဒ်များကို ဈေးပိုပေးဝယ်ယူနေရ

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.