Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ချင်းပြည်မှာ “စင်ပြိုင်အစိုးရ” ပေါ်ပေါက်လာနိုင်လား?

ချင်းပြည်မှာ “စင်ပြိုင်အစိုးရ” ပေါ်ပေါက်လာနိုင်လား?

0
By Editor on November 29, 2024 Featured

(006SV)

ချင်းပြည်နယ်မှာ စစ်အာဏာသိမ်းမှုကို ၃ နှစ်ကျော်ကြာ လက်နက်စွဲကိုင်တော်လှန်ကြရင်း ချင်းအင်အားစုတွေ အချင်းချင်းကြား နိုင်ငံရေးသဘောထားကွဲလွဲမှုဟာလည်း ညှိလို့မရဘဲ ပို၍ရှုတ်ထွေးမယ့်အခြေအနေမှာရှိနေပြီး ချင်းတော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ “စင်ပြိုင်အစိုးရ” တွေ ဖွဲ့စည်းတည်ထောင်လာမယ့် အခင်းအကျင်းတွေလည်း မြင်တွေ့လာရပါတယ်။

ချင်းပြည်အစိုးရတရပ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဖွဲ့စည်းပုံပဋိညာဉ် (Charter) မူကြမ်းကို ရေးဆွဲထားပြီလို့ ကြားကာလချင်းအမျိုးသာားအတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင် (CB) တို့က ပြီးခဲ့တဲ့ ရက်က အသိပေးလာပါတယ်။

ချာတာမူကြမ်းကို ပြန်လည်သုံးသပ်အတည်ပြုဖို့ပဲကျန်တော့ပြီး၊ ချင်းပြည်အစိုးရဖွဲ့ဖို့ အဆင်သင့်အနေအထား ပြင်ဆင်ထားမှု ဖြစ်တယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားအဖွဲ့အချုပ် (CNO/CNDF) ဒု-ဥက္ကဌ ဆလိုင်းပီတာထန်က ခေါ်နုမ်းသုန်းကို အတည်ပြုထားပါတယ်။

တဖက်မှာလည်း ချင်းပြည်ကောင်စီအဖွဲ့ဝင်တွေဟာ ၂၀၂၄ ဖေဖော်ဝါရီလက ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်ပြီး ချင်းပြည် မဏ္ဍိုင် ၃ ရပ် ကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်နေတဲ့ ဥပဒေတွေနဲ့ Institution တွေကို ပီပီပြင်ပြင် ဖော်ဆောင်နေပြီးဖြစ်ပါတယ်။

အာဏာသိမ်းပြီးခါစ ချင်းတော်လှန်ရေးဟာ စုစုစည်းစည်းနဲ့ ဆောင်ရွက်ခဲ့ကြပြီး အာဏာသိမ်းပြီး ၃ လခန့်အကြာမှာ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ (ICNCC) ကို ရွေးကောက်ပွဲအနိုင်ရ ချင်းလွှတ်တော်ကိုယ်စားလှယ်တွေ၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတွေ၊ အရပ်ဘက်ကိုယ်စားပြုကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းတော်လှန်နေတာဖြစ်ပါတယ်။

ယင်းနောက် တော်လှန်ရေးကာလ သဘောထားကွဲလွဲမှုတွေကနေ ၂၀၂၃ ဧပြီလထဲမှာ CNF နဲ့ လွှတ်တော်ကိုယ်စားလှယ်ထက်ဝက် ခန့် ICNCC က နုတ်ထွက်သွားပါတယ်။ ယင်းနှစ် စက်တင်ဘာလမှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီး ဒီဇင်ဘာလမှာ ချင်းပြည်ကောင်စီကို ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အနာဂတ်ချင်းပြည်တည်ဆောက်ရေးမှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်ပါသလဲ? ချင်းနိုင်ငံရေး အခင်းအကျင်းက ဘယ်လိုအပြောင်းအလဲရှိလာနိုင်ပါလဲ? ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းတော်လှန်ရေးနဲ့ အရပ်ဖက်အင်အားစုတချို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

#ဆလိုင်းပေါလ် (ချင်းလဲန်းကောင်စီအထွေထွေအတွင်းရေးမှူး)

“ ကျနော်တို့ကတော့ လက်ရှိကျနော်တို့သွားနေတဲ့လမ်းကြောင်းအတိုင်း ဆက်ပြီးတော့သွားနေဦးမှာပဲ၊ တဖက်မှာ CC နဲ့ CB ကြား ထဲမှာ Third Party တွေနဲ့ ကျနော်တို့ Negotiate လုပ်တဲ့ Process တွေရှိပါတယ်၊ အဲဒီလိုမျိုးအနေအထားမှာဆိုရင် သူတို့ဘက် ကနေပြီးတော့မှ အခုလိုမျိုးခိုင်မာတဲ့ ချာတာ ပဲပြောပြော ဖွဲ့စည်းပုံပဲပြောပြော အဲဒီဟာမျိုးကို CB ဘက်က ခိုင်ခိုင်မာမာလက်စွဲ ကိုင်ထားတယ်ဆိုရင် ကျနော်တို့ရဲ့ Negotiate လုပ်တဲ့ Process မှာပိုပြီးတော့ အသက်ဝင်လာဖို့ကောင်းတယ် ကျနော်တို့ဘက် ကနေတော့ ကောင်းပါတယ်ဆိုတဲ့အပြုသဘောဖက်ကနေတော့ မှတ်ချက်ပေးလို့ရပါတယ်၊ ဒီဟာတွေကို ကိုင်ပြီးတော့မှ ကျနော်တို့ ချင်းတွေကြားထဲမှာ သဘောထားကွဲလွဲမှုလေးတွေရှိတဲ့ဟာကို ကိုယ့်ရဲ့အမြင် ကိုယ့်ရဲ့ရပ်တည်ချက်တွေကို ချင်းပြည်သူ လူထုတွေကြားထဲမှာ ပွင့်လင်းမြင်သာမှုရှိစွာနဲ့ ချပြပေးတော့မှ ညှိနှိုင်းကြတာပေါ့ဆိုတဲ့ အကောင်းဖက်ကနေပဲ မြင်ပါတယ်။

တဖက်မှာပြည်သူလူထုတွေအနေနဲ့လည်း ချင်းပြည်မှာအစိုးရနှစ်ရပ်ဖြစ်လာရင် ဖြတ်သန်းသွားလာတဲ့ဟာတွေ၊ စားသောက် ကုန်တွေ၊ အခွန်ကိစ္စတွေ ကျန်တဲ့ ယန္တရားလည်ပတ်တဲ့နေရာမှာ နှစ်မျိုးပုံစံမျိုးနဲ့ဖြစ်သွားမယ့်ဟာတော့ စိုးရိမ်စရာဖြစ်ပါလိမ့်မယ် ဆိုတော့ ကျနော်တို့အနေနဲ့ ဒီကာလမှာ အတတ်နိုင်ဆုံး အစိုးရနှစ်ရပ်ဆိုတဲ့အထိုင်နဲ့မစဉ်းပဲနဲ့ ကျနော်တို့သဘောထားတွေ၊ လောလောဆယ်မူဝါဒအရကွဲနေတဲ့ CC နဲ့ CB ဆိုတဲ့အထိုင်ကနေပဲစဉ်းစားစေချင်ပါတယ်၊ ခုနကပြောတဲ့ CB ကနေလည်း ချာတာဖြစ်ဖြစ်ထွက်လာတယ်ဆိုရင် ကျနော်တို့ဘက်က ဖွဲ့စည်းပုံနဲ့ သွားပြီးတော့ ချဉ်းကပ်ပြီးတော့အဲဒီအထိုင်ကနေပဲ ချင်းပြည်ရဲ့အုပ်ချုပ်ရေးယန္တရားပေါ့လေ ပြည်သူလူထုကို တော်လှန်ရေးကာလမှာ ကောင်းကောင်း Service ပေးနိုင်တဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုကိုဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်သင့်တယ်လို့မြင်ပါတယ်၊ အဲဒီလိုဖြစ်လာဖို့လည်းမျှော်လင့်ပါတယ်”

#ဆလိုင်းဒိုခါရ် (India for Myanmar)

“ကျနော်တို့က အစကတည်းက အကွဲအပြဲလုပ်ရင် အထိအခိုက်များမယ်၊ ပြည်သူတွေလည်း နစ်နာမယ်၊ တော်လှန်ရေးလည်း နစ်နာမယ်လို့ ပြောခဲ့ဖူးတယ်။ အခုလည်း ဒီအတိုင်းသား ဆက်သွားရင် ပိုရှုပ်ထွေးမှုတွေ ရှိလာမယ် ထင်တယ်။ ကျနော်က ချင်းလဲန်းကောင်စီ -CC ပဲဖြစ်ဖြစ်၊ ချင်းညီနောင် – CB ပဲဖြစ်ဖြစ် အားလုံးမပါဝင်သေးတဲ့ အစိုးရတော့ မဖွဲ့စေချင်ဘူး။ အခုလည်း အဲအတိုင်းပဲ ရပ်တည်ချက် ပြောင်းမသွားဘူး။

နှစ်ဖက်က အစိုးရအဖွဲ့တွေ အပြိုင်ဖွဲ့လာရင် အဓိက အုပ်ချုပ်ရေးကို အပြန်အလှန်အသိအမှတ်ပြုပေးဖို့ လိုလာမယ်။ အဲလို မလုပ်နိုင်ရင်တော့ ဒီထက်မက စစ်ရေးတင်းမာမှုတွေ ရှိလာမယ်။ ဒါတွေက ချက်ချင်းကြုံတွေ့ရမယ့်ဟာတွေပေါ့နော်။ ကျန်တာက အရင်ကတည်းက အကွဲအပြဲဖြစ်ပြီးသာ ဆိုတော့ ပိုပြီးတော့မှ သက်ရောက်မှုက မပြောတတ်သေးဘူး။ ဒီကိစ္စဟာ အမြန်ဆုံး အဖြေရှာဖို့ လိုနေပြီ။ ICNCC နဲ့ CB က အစိုးရသစ် မဖွဲ့ခင်မှာ ICNCC ဘက်ကလည်း လိုလားတဲ့ဟာ CC ဘက်ကလည်း လိုလားတဲ့ဟာကို အမြန်ဆုံး ဆုံမှတ်ရှာပြီးတော့မှ အပေးအယူ ကောင်းကောင်းနဲ့ လုပ်ဖို့ လိုနေပြီ။ အမြန်ဆုံး အဖြေရှာဖို့ လိုနေပါပြီလို့ ပြောချင်ပါတယ်”

#Edward – Chin Civic Movement-CCM

“ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းအနေနဲ့ ပြန်ပေါင်းစည်းဖို့ တောက်လျှောက် ပြောပေမယ့် တဖက်မှာ ဒီတာဝန်ရှိ သူတွေက ပြန်ပေါင်းဖို့ လမ်းကြောင်း မတွေ့ရဘူးလို့ မြင်တယ်။ ပေါင်းစည်းဖို့အတွက်ကို ZORO အဖွဲ့၊ နိုင်ငံတကာအဖွဲ့တွေက တွေ့ဆုံ ဆွေးနွေးဖို့ဆိုပြီး လုပ်ကြတာကို ကျနော်တို့ မြင်နေရတာ ရှိတယ်။ သို့သော် ဒီအနေအထားဖြစ်လာတော့ ပေါင်းစည်းဖို့အတွက် တကယ်တမ်းအဆင်မပြေတော့ဘူးဆိုတာမျိုးကို အဲလိုပြောရမယ့် သဘောမျိုး ဖြစ်နေတယ်။ ဒီဟာက အလွန်စိတ်မကောင်းစရာ ကိစ္စဖြစ်တယ်။ စကစနဲ့ ဖြစ်နေတဲ့ ထောင်လိုက်ပြသနာကို ဖြေရှင်းနေရအချိန်မှာပဲ အလျားလိုက်ပြသနာက ပိုကြီးထွားလာတာက တော်တော်လေး စိုးရိမ်စရာ ကောင်းတယ်။ ဒီဟာက လုံးဝကောင်းတဲ့ အလားအလာ မဟုတ်ဘူးလို့ ကျနော်က သုံးသပ်ချင်တယ်။

ကျနော်တို့မှာ တခြားဒေသနဲ့ မတူတာက ချင်းလဲန်းကောင်စီ -CC ၊ ချင်းညီနောင်အဖွဲ့ – CB လက်ရှိအခင်းအကျင်းကို ကြည့်မယ် ဆိုရင် နယ်မြေတွေက overlapping (ထပ်နေတာ) တွေ ဖြစ်နေတယ်။ ချင်းပြည်နယ်ကို တခြမ်းစီသွားတဲ့ ဟာမျိုးမဟုတ်ဘူး။ ဒီပုံစံအတိုင်းဆိုရင် နောက်ဆုံး မြို့တွေ၊ ရွာတွေကအစ တခြမ်းစီဖြစ်ကုန်မယ်။ ဒီဟာက တော်တော်ကောင်းတဲ့ အလားအလာ မဟုတ်ဘူး။ ရှေ့မှာ တော်လှန်ရေးမှာ တစိုက်မတ်မတ် လုပ်လာတဲ့ ဝါရင့်အဖွဲ့အစည်းတွေအနေနဲ့လည်းပဲ အလျော့ပေးတဲ့ အခင်းအကျင်းတွေ၊ နားလည်းပေးတဲ့ အခင်းအကျင်းတွေ မရှိသလို ၊ နွေဦးတော်လှန်ရေးနဲ့ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေမှာလည်းပဲ ဒီလိုကိစ္စပေါ်မှာ ဘယ်လိုဆောင်ရွက်ရမလဲ ဆိုတဲ့ အချင်းချင်းကြားထဲမှာ လုပ်တဲ့ဟာမျိုး မတွေ့ရပဲနဲ့၊ “စင်ပြိုင်”ဖြစ်လာခြင်းက တော်တော်လေး စိတ်မကောင်းစရာ ဖြစ်တယ်။ ကျနော်တို့အနေနဲ့က အချင်းချင်းကြားထဲမှာ ဖြစ်လာမယ့် ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဖွဲ့စလုံးက တာဝန်ခံရမှာ ဖြစ်တယ်။

အချင်းချင်းကြားထဲမှာ သွေးထွက်သံယိုမှုတွေ ဖြစ်လာတယ်။ ဆက်စပ်ပြီးတော့မှ ဖြစ်လာခဲ့တယ်ဆိုရင် ဒီနှစ်ဖွဲ့ တာဝန်ယူရမှာ ဖြစ်တယ်။ တာဝန်ခံရမှာ ဖြစ်တယ်။ ဒီဟာက ချင်းပြည်တည်ဆောက်နေတာ မဟုတ်ဘူး။ နှစ်ဖက်အဖွဲ့တွေက Institutionalize ကိုပဲ ၊ အဖွဲ့အစည်းတွေရဲ့ အကျိုးစီးပွားကိုပဲ တည်ဆောက်နေကြတာ ဖြစ်တယ်။ ချင်းပြည်သူတွေအနေနဲ့လည်း ဒီအခင်းအကျင်းမှာ ဘယ်ဘက်ကို ရပ်တည်ကြမလဲဆိုတာကို မဆိုလိုဘူး။ ဘယ်ဘက်ကို ရပ်တည်ကြမလဲဆိုတာထက် ဘယ်လို ရပ်တည်ကြမလဲ၊ ဘယ်လို ပြောကြမလဲဆိုတဲ့ အခင်းအကျင်းကိုပဲ ချင်းပြည်သူတွေအနေနဲ့ စဉ်းစားဖို့အချိန်တန်ပြီးဆိုတာပဲ ပြောချင်ပါတယ်”

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.