Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်လွတ်မြောက်ရေး ဆက်ပြီးကြိုးပမ်းဆောင်ရွက်မည်ဟု CDF-Thantlang ပြော

ချင်းပြည်လွတ်မြောက်ရေး ဆက်ပြီးကြိုးပမ်းဆောင်ရွက်မည်ဟု CDF-Thantlang ပြော

0
By Editor on April 9, 2026 Headline

(004SS)

ထန်တလန်မြို့အပါအဝင် ချင်းပြည်နယ်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းအားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် ရည်မှန်းချက်တူ မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲကာ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang က ထုတ်ပြန်ကြေညာသည်။

ဧပြီလ ၆ ရက်နေ့တွင် ထန်တလန်မြို့နယ်ကောင်စီ/CDF-Thantlang တည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ထန်တလန်မြို့နယ် တစ်နေရာတွင် အောင်မြင်စွာကျင်းပခဲ့ကြရာမှာ ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။

တော်လှန်ရေးကာလ ၅ နှစ်ရှိလာချိန်တွင် စစ်ရေးအရှိန်မြှင့်တင်မှုနှင့်အတူ ပြည်သူ့အုပ်ချုပ်ရေးနှင့် နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက်တူ မဟာမိတ်အဖွဲ့အစည်းများနှင့် ခိုင်ခိုင်မာမာ ဆက်လက်လက်တွဲသွားမည်ဟု CDF-Thantlang က ဆိုသည်။

“CDF-Thantlang ၅ နှစ်ပြည့် အခမ်းအနားကို ဒီဧပြီ ၆ ရက်နေ့က ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ခဲ့တယ်။ ဆက် လက်ပြီး ကျွန်တော်တို့ စစ်ရေး၊ နိုင်ငံရေး အုပ်ချုပ်ရေးအောင်မြင်နိုင်ဖို့ကျတော့ ကျွန်တော်တို့ ချင်းပြည် ချင်းလဲန်း ဖယ်ဒရယ် ဒီမိုကရေစီရရှိဖို့ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအားလုံးနဲ့ ဆက်လက် ပူးပေါင်းပြီးတော့မှ ဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ပြီး ထုတ်ပြန်ထားတာပါ” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။

ထန်တလန်မြို့နယ်အတွင်း ကျန်ရှိနေသေးသည့် စစ်ကော်မရှင်စခန်းများကို အပြီးတိုင် တိုက်ထုတ်နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကာ စစ်ရေးပြင်ဆင်မှုများကို ယခင်ကထက် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့နောက် ချင်းလူမျိုးစုများအကြား စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟုလည်း သိရသည်။

တော်လှန်ရေး (၅) နှစ်တာကာလအတွင်း စစ်ကော်မရှင်တပ်၏ လက်ချက်ကြောင့် ရဲဘော်အများအပြား၊ အရပ်သားပြည်သူ အများအပြား သေဆုံးခဲ့ရသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း CDF-Thantlang က ဖော်ပြထားသည်။

“ကျွန်တော်တို့ CDF-Thantlang အနေနဲ့ ဒီ ၅ နှစ်တာအတွင်းမှာပေါ့နော် ရဲဘော် ၆၈ ဦး က ချင်းပြည်၊ ချင်းလဲန်းအတွက် အသက်ပေးသွားတာ ဖြစ်ပါတယ်” ဟု CDF-Thantlang အထွေထွေအတွင်းရေးမှူးက ပြောသည်။

တော်လှန်ရေးရဲဘော် ၂၅ ဦးက ကိုယ်လက် အင်္ဂါစွန့်လွှတ်ခဲ့ရပြီး ပြည်သူ အယောက် ၂၃ ယောက် သေဆုံးခဲ့ရကာ ပြည်သူ ၅၄ ဦးက ဒါဏ်ရာ အသီးသီး ရရှိခဲ့ကြောင်းလည်း သိရသည်။

CDF-Thantlang တော်လှန်ရေး (၅) နှစ်ပြည့် အခမ်းအနားတွင် တိုက်ပွဲဝင် ထူးချွန်ရဲဘော်များကို ထူးချွန်ဆု (Hruaitiamnak Award)၊ ဂုဏ်ပြုဆု (Zohchunhtlak Award) ၊ စွမ်းဆောင်ရည်ဆု (Min Thattertu Award) များနှင့် တိုက်ပွဲများတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း တာဝန်များကို ဆက်လက်ထမ်းဆောင်နေသည့် ရဲဘော်များအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး အောင်မြင်သည်အထိ ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် အသိဉာဏ်၊ ငွေကြေးနှင့် အင်အား များဖြင့် ဆက်လက်ဝန်းရံပေးကြရန် မေတ္တာရပ်ခံထားပြီး၊ အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း CDF-Thantlang က ကြေညာထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.