Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“ချင်းပြည်သူတွေအတွက် အမှန်တကယ် စေတနာရှိကြတယ်ရင် ဆုံမှတ်တစ်ခုအမှန်တကယ် ရှိလာပါလိမ့်မယ်။ အခုအချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ညှိုနှိုင်းဖို့ ပိုခက်သထက်ခက်လာအောင် လုပ်ကြမယ်ဆိုရင် ချင်းပြည်က ပြိုကွဲဖို့ပဲရှိလာပြီး အဓိက ခံရမှာက ချင်းပြည်သူတွေ နစ်နာမှာဖြစ်ပါတယ်”

“ချင်းပြည်သူတွေအတွက် အမှန်တကယ် စေတနာရှိကြတယ်ရင် ဆုံမှတ်တစ်ခုအမှန်တကယ် ရှိလာပါလိမ့်မယ်။ အခုအချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ညှိုနှိုင်းဖို့ ပိုခက်သထက်ခက်လာအောင် လုပ်ကြမယ်ဆိုရင် ချင်းပြည်က ပြိုကွဲဖို့ပဲရှိလာပြီး အဓိက ခံရမှာက ချင်းပြည်သူတွေ နစ်နာမှာဖြစ်ပါတယ်”

0
By Editor on January 22, 2024 Featured

(006SV)

မြန်မာ့နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို တူမီးစွဲကိုင်ပြီး အစောဆုံးဆန့်ကျင့်တော်လှန်တဲ့ ချင်းအင်အားစုတွေဟာ အနာဂါတ်ချင်းပြည်တည်ဆောက်ရေးအတွက် ခုခံတော်လှန်ရေး ၃ နှစ်ရှိလာချိန်မှာ ကြီးမားတဲ့ အရွေ့တစ်ခုကို ဖော်ဆောင်လာကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်မှာ ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်ထိ ကျင်းပနိုင် ခဲ့ပြီး ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းနိုင်ခဲ့သလို ချင်းပြည်ကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခဲ့တာပါ။

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ အစိုးရယန္တရားတွေကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမှာဖြစ်လို့ လာမည့်ဖေဖော်ဝါရီလအတွင်းမှာ Chinland Council ရဲ့ဦးဆောင်မှုနဲ့ ချင်းပြည်အစိုးရ ယန္တရားလည်ပတ်မှုတွေ ကို မြင်တွေ့ရတော့မယ်လို့ ယုံကြည်ရပါတယ်။

တချိန်တည်းမှာပဲ ပထမအကြိမ်ချင်းပြည်ကောင်စီညီလာခံကို တက်ရောက်ခြင်းမရှိတဲ့ ချင်းအမျိုးသားကောင်စီ(မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland)တို့က “ချင်းညီနောင်” အဖြစ် ဒီဇင်ဘာလ ၃၀ ရက်က နိုင်ငံရေးနှင့် စစ်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ တရား ဝင်ဖွဲ့စည်းပြီးတော့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC လမ်းကြောင်း ကနေ ဆက်သွားဖို့ ပြောဆို ထားကြပါတယ်။

ဒီလိုအခြေအနေတွေကြောင့် တော်လှန်ရေးကာလ ချင်းပြည်မှာ Chinland Council နှင့် ICNCC ဆိုပြီး ကောင်စီနှစ်ခုပေါ် လာတာကြောင့် ချင်းပြည်သူတွေအကြား ပြောဆို‌ေ၀ဖန်မှု၊ စိုးရိမ်ပူပန်မှုတွေရှိလာပြီး ချင်းပြည်ရဲ့အနာဂတ်ဟာ အကွဲ အပြဲတွေဘက်ဦးတည်လာမှာကို စိုးရိမ်နေကြပါတယ်။ ICNCC ရဲ့ လက်ရှိအနေအထားက ဘယ်လိုရှိပါလဲ။ ဘာတွေရှေ့ဆက်လုပ်ဆောင်ကြမှာပါလဲ။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC အလှည့်ကျသဘာပတိ ဒေါက်တာ ကင်တန်လင်း (Dr. Kenton Linn) ကို ခိုနူမ်းသုန်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ICNCC ကို လည်ပတ်နိုင်ဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်၊ အသစ်ပြန်လည်း ဖွဲ့စည်းမယ်လို့ သိရပါ တယ်။ ဘယ်လို ဖွဲ့စည်းသွားမှာပါလဲခင်ဗျာ။

ဖြေ။ ။ တော်လှန်ရေးပိုအားကောင်းလာဖို့နဲ့ ချင်းပြည်သူတွေကို ပိုပြီးကူညီပေးနိုင်ဖို့၊ မြေပြင်မှာလက်တွေ့ ကျကျ တော်လှန်ရေးပါဝင်ဦးဆောင်ထားတဲ့ သူတွေတိုက်ရိုက် ပါဝင်ဦးဆောင်ပေးနိုင်ဖို့ ICNCC ကို ပြုပြင်ပြောင်းလဲဖို့ ၂၀၂၃ ဧပြီလ ကတည်းက ကောင်စီမှာ သဘောတူထားကြပါတယ်။ ဒီ ပြုပြင်ပြောင်းလဲမှုကို မှန်ကန်စွာ အကောင်အထည်ဖော် လုပ်ဆောင်နိုင်ဖို့ ၂၀၂၃ မေလမှာ fact-finding committee ကို ဖွဲ့ စည်းထားပါတယ်။ အဲဒီကောင်မတီမှာ တစ်မြို့နယ် ကိုယ်စားလှယ် (၂) ဦးစီပါဝင်တာပါ။ အခုချိန်မှာ Reform Committee ကိုလည်းဖွဲ့စည်းထားပြီး တစ်မြို့နယ်ချင်းစီကနေ စေလွှတ်တဲ့ကိုယ်စားလှယ် (၂-၄ ကြား) များကနေ Chin Charter ကိုပြန်လည်လေ့လာပြင်ဆင်ပြီး ICNCC ရဲ့ စုဖွဲ့မှု၊ ဦးဆောင်မှုနှင့်တာဝန်ယူမှုပိုင်းဆိုင်ရာတွေကို ဆက်လက်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပါတယ်။

မေး။ ။ လက်ရှိ ဖွဲ့စည်းနေမှုက ဘယ်လိုအခြေအနေနဲ့ ဘယ်အဆင့်ထိ ရောက်ရှိနေပါပြီလဲခင်ဗျာ။

ဖြေ။ ။ ICNCC ဟာ ၂၀၂၁ ဧပြီလ ၁၄ ရက်နေ့မှာ ချင်းလွှတ်တော်အမတ်များ၊ ချင်းအမျိုးသားတပ်ဦး၊ နိုင်ငံရေးပါတီ၊ CDM CSO အမျိုးသမီးနှင့်လူငယ်အဖွဲ့ စသဖြင့် အစုအဖွဲ့ (၄) ဖွဲ့နှင့် ဖွဲ့စည်း ထားတာပါ။ ၂၀၂၃ ဧပြီလ ၄ ရက်နေ့မှာ ချင်းအမျိုးသားတပ်ဦးက တရားဝင်နှုတ်ထွက် ထားတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ fact-finding committee ရဲ့ အကြံပြုမှုကို ခံယူပြီး ချင်းကာကွယ်ရေးအဖွဲ့၊ မြို့နယ်နိုင်ငံရေးဦးဆောင်အဖွဲ့ တွေကို ထပ်မံထည့်သွင်းပြီး အစုအဖွဲ့ (၅) ဖွဲ့ ပြန်ပါဝင်နေပါတယ်။ ချင်းပြည်အတွက် လိုအပ်တဲ့ လုပ်ဆောင်မှုတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ကော်မတီ အသစ်တစ်ချို့ကိုလည်း ထပ်မံဖွဲ့စည်းပြီး လုပ်ဆောင်စရာများ လုပ်ဆောင်လျက်ရှိနေပါတယ်။

မေး။ ။ ICNCC ကောင်စီကို ဘာကြောင့် ပြန်လည်ဖွဲ့စည်းလာရပါသလဲခင်ဗျာ။

ဖြေ။ ။ ICNCC ကို စတင်ဖွဲ့စည်းတုန်းက ချင်းလွှတ်တော်အမတ်တစ်ချို့နှင့် ချင်းအမျိုးသားတပ်ဦး ကနေ ဦးဆောင်ပုံဖော်ပြီး တည်ထောင်ကြတာဖြစ်ပါတယ်။ ပြီးတော့ NUG, NUCC တွေမှာ ကိုယ်စားလှယ်တွေစေလွှတ်ပြီး ဝန်ကြီးရာထူးတွေကိုယူပြီး NUG, NUCC တို့ရဲ့ founding members အနေနဲ့ ရပ်တည်ကြတာပါ။

စတင်ဖွဲ့စည်းကတည်းက စုဖွဲ့မှုပိုင်းမှာလည်း အားနည်းချက်များရှိပြီး ကောင်စီထဲမှာ မကြာခဏဆွေးနွေးငြင်းခုန်မှု များလည်းရှိပါတယ်။ နိုင်ငံတကာရောက်ချင်းအမျိုးသားများ ပါဝင်နိုင်ရေး၊ တော်လှန်ရေးလက်နက်ကိုင် (CDFs) များပါဝင်နိုင်ရေး၊ ပြည်သူ့အုပ်ချုပ်ရေးအ ဖွဲ့များပါဝင်နိုင်ရေး စတာတွေ မကြာခဏဆွေးနွေးကြရပါတယ်။ ICNCC ကနေ CNF နှုတ်မထွက်ခင်တုန်းကလည်း Chin charter – single text ပြုလုပ်တုန်းက ICNCC မှာ အားလုံးပါဝင် နိုင်အောင် CJDC အစုအဖွဲ့ ထည့်သွင်းဖို့ ဆွေးနွေးခဲ့ကြတာတောင်ရှိပါတယ်။

ဒါပေမဲ့ ကောင်စီဖွဲ့စည်းပုံအရ အစုအဖွဲ့အားလုံးသဘောမတူမချင်း ဘာအရေးကြီး ဆုံးဖြတ်ချက်တစ်ခုမျှ ချလို့မရ ဖြစ်နေပြီး၊ အစုအဖွဲ့ တစ်ချို့ကလည်း ပုံမှန်တက်ရောက်တာ မျိုးမရှိနေတဲ့အခါကျတော့ ICNCC ဟာ ဆုံးဖြတ်ချက်ချမှု၊ လုပ်ငန်းဖော်ဆောင်မှုပိုင်းမှာ အားနည်းချက်များစွာရှိလာပြီး ပြည်သူတွေအတွက်လည်း နစ်နာမှုတွေရှိနေပါတယ်။ တော်လှန်ရေးအချိန်ကာလ ကြာလာတာနှင့်အမျှ ချင်းပြည်မှာ အပြောင်းအလဲများစွာ ရှိလာတဲ့အခါကျ တော့ ခုဏပြော ထားသလို တော်လှန်ရေးပိုအားကောင်းလာဖို့၊ ချင်းပြည်သူတွေကို ပိုပြီး ကူညီပံ့ပူးနိုင်ဖို့၊ မြေပြင်မှာလက်တွေ့ ကျကျ တော်လှန်ရေး ပါဝင်ဦးဆောင်ထားတဲ့ သူတွေ တိုက်ရိုက်ပါဝင်ဦးဆောင်ပေးနိုင်ဖို့ ICNCC ကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရခြင်း ဖြစ်ပါတယ်။

မေး။ ။ ICNCC ဖွဲ့စည်းမှုမှာ ဘယ်အစုအဖွဲ့တွေ ပါဝင်မှာပါလဲခင်ဗျာ။ ဘယ်သူတွေ ပါဝင်ပါသလဲ။

ဖြေ။ ။ ဖွဲ့စည်းမှုက ခုဏပြောထားသလို အစုအဖွဲ့ (၅) ဖွဲ့ရှိနေပါတယ်။ သက်ဆိုင်ရာ မြို့နယ်၊ ဒေသတွေကနေ စေလွှတ်ထားတဲ့ ကိုယ်စားလှယ်တွေပါဝင်ထားတာပါ။ ကောင်စီဝင်တွေပါဝင်မှုကိုကြည့်ရင် ချင်းပြည်ရဲ့ မြို့နယ်အားလုံး က ကိုယ်စားလှယ်တွေ ပါဝင်နေပါတယ်။ မြို့နယ်အဆင့် တက်တက်ကြွကြွပါဝင်မှုပိုင်းဆိုရင် (၆) မြို့နယ်ကတော့ မြို့နယ်အဆင့်ကနေ ပါဝင်လျက်ရှိပါတယ်။ နိုင်ငံတကာရောက် ချင်းအမျိုးသားများ၊ Chin CDMer များ ပိုပြီးပါဝင်လာနိုင်အောင် ကြိုးစားဖော်ဆောင်နေပါတယ်။

မေး။ ။ ICNCC နဲ့ CC ဆိုပြီး ယှဉ်ပြိုင်ကောင်စီ နှစ်ခု ဖြစ်နေတော့ အနာဂါတ်မှာ ဘယ်လိုအခြေအနေတွေ ရှိနိုင်မလဲခင်ဗျာ။ ကောင်စီနှစ်ခုရဲ့ သက်ရောက်မှုက ဘယ်လိုရှိမလဲခင်ဗျာ။

ဖြေ။ ။ အခုအချိန်မှာ အရိုးသားဆုံးဝန်ခံရရင် ICNCC ကော CC ကော ချင်းတစ်မျိုးသားလုံး ကိုကိုယ်စားမှုပြုနိုင် တာမရှိပါဘူး။ ချင်းလွှတ်တော်အမတ်တွေလည်းကွဲသလို၊ ချင်းတော်လှန် ရေးအဖွဲ့တွေလည်း ကွဲနေပါတယ်။ ကိန်းဂဏန်းတွေနဲ့ ကစားကြစတမ်းဆိုရင်လည်း နှစ်ဖက်စလုံးက ချပြလို့ရတဲ့အခြေအနေရှိပါတယ်။ မြို့နယ် တစ်မြို့နယ်တည်းကနေ အဖွဲ့အစည်း (၁၀) ခုကျော် ကိုယ်စားပြုကစားလို့ရနိုင်တဲ့ နိုင်ငံရေးအခြေအနေပါ။ CC ဆိုတာကလည်း အများစုက ICNCC လူဟောင်းတွေပါပဲ။ ICNCC ကို သူတို့ပဲ စတင်တည်ထောင်ကြတာပါ။

ICNCC ထဲ CC ဖက်ယိမ်းတဲ့ သူတွေ ရှိနေတုန်းက ICNCC ကောင်စီအစည်းအဝေးရှိပြီဆိုရင် တမင်တကာကို ကြန့်ကြာအောင် ကန့်ကွက်တာတို့ delay tactic တွေ ဆက်တိုက်သုံး နေတဲ့အခါကျတော့ သဘာပတိတစ်ဦး အနေနဲ့ ကျနော်ပြောထားတာ တစ်ခုရှိပါတယ်။ “ICNCC အနေနဲ့ CC (အဲချိန်တုန်းက WC4 အဆင့်) ရဲ့ လုပ်ဆောင်မှုတွေ ကြန့်ကြာအောင် လုပ်တာ တစ်ခုမှမရှိဘူး၊ ဘာဟန့်တားမှုတစ်ခုမှလည်းလုပ်တာမရှိဘူး။ ဒီတော့ ICNCC ရဲ့ reform လုပ်ဆောင်မှုတွေကိုလည်း ကြန့်ကြာအောင်မလုပ်ကြပါနဲ့၊ ICNCC ကလည်း ချင်းတစ်မျိုးသားလုံးအတွက် အကောင်းဆုံး အဖြေရှာနေသလို CC ကလည်း ချင်း တစ်မျိုးသားတစ်ခုလုံးအတွက် အကောင်းဆုံး အဖြေရှာပေးကြပါ။ ဒီလိုအဖြေရှာ ကြရင်း ချင်းတစ်မျိုးသားတစ်ခုလုံးအတွက် အမှန်တကယ် ဆန္ဒရှိပြီး စေတနာရှိကြတယ်ဆိုရင် ဆုံမှတ်တစ်ခု ရှိမှာအသေ အချာဖြစ်ပါတယ်၊ အဲဒီဆုံမှတ်မယ်တွေ့ကြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောထားတာရှိပါတယ်။

ချင်းပြည်သူတွေအတွက် အမှန်တကယ် စေတနာရှိကြတယ်ရင် ဆုံမှတ်တစ်ခုအမှန်တကယ် ရှိလာပါလိမ့်မယ်။ အခုအချိန်မှာ တစ်ဖွဲ့နှင့်တစ်ဖွဲ့ညှိုနှိုင်းဖို့ ပိုခက်သထက်ခက်လာအောင် လုပ်ကြမယ်ဆိုရင် ချင်းပြည်က ပြိုကွဲဖို့ပဲရှိလာပြီး အဓိက ခံရမှာက ချင်းပြည်သူတွေ နစ်နာမှာဖြစ်ပါတယ်။

မေး။ ။ ICNCC က‌နေ ချင်းကာကွယ်ရေးကော်မတီကို ဖွဲ့စည်းမယ်လို့ သိရပါတယ်။ လက်ရှိက စတင်ဖွဲ့စည်းနေပြီး လားခင်ဗျာ။ ဘယ်လိုအခြေအနေ ရှိပါသလဲ။

ဖြေ။ ။ တကယ်တမ်းတော့ ကောင်စီကနေ အစုအဖွဲ့တစ်ခုအနေနဲ့ သတ်မှတ်ထားတာပါ။ ဒါပေမဲ့ reform လုပ်နေတဲ့အချိန်မှာ ကော်မတီအနေနဲ့လည်း လုပ်ထားရခြင်းဖြစ်ပါတယ်။ ကော်မတီ ဥက္ကဌက CDF-Mindat စစ်ဦးစီး ချုပ်က တာဝန်ယူထားပြီး ဒုဥက္ကဌ၊ အတွင်းရေးမှူး တာဝန်တွေကိုလည်း ခန့်အပ်ပြီးပါပြီ။ ကော်မတီအစည်း အဝေးတွေ ကိုလည်း ပြုလုပ်ကျင်းပပြီး လုပ်ငန်းဆောင်ရွက်မှုဖက်လည်းကြိုးစားနေကြပါတယ်။ ဒီကော်မတီ ဟာဆိုရင် No group left behind ပေါ်လစီရှိနေတဲ့ အခါကျတော့ တော်လှန်ရေးတိုက်ပွဲဝင် နေတဲ့ဘယ်အဖွဲ့မဆို လက်ခံပြီး ပူးပေါင်းဖို့ တံခါးဖွင့်ထားပါတယ်။

မေး။ ။ ICNCC ရဲ့ လုပ်ပိုင်ခွင့်တွေကနေ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေး ယန္တရားများကို လိုအပ်သလို ဖွဲ့စည်းသွားမယ်လို့ ဒီဇင်ဘာလ ၇ ရက်က ထုတ်ပြန်ထားပါတယ်။ အဲဒီအပေါ်မှာ ရှင်းပြပေးပါဦးခင်ဗျာ။

ဖြေ။ ။ ဒါက ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်အစိတ်အပိုင်း (၂)၊ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပေဒဆိုင်ရာအစီအမံ၊ အခန်း (၈)၊ အပိုဒ် (၅၂)တွင် ဖော်ပြထားသော ပြည်နယ် အတိုင်ပင်ခံ ကောင်စီများ၏ လုပ်ပိုင်ခွင့်အရဖြစ်ပါတယ်။ ပြီးတော့ ၂၀၂၁ ခုနှစ် ICNCC စတင်တည်ထောင်တုန်းက ထုတ်ပြန်ကြေညာချက် (၁/၂၀၂၁) မှာ ပါရှိသလို၊ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကောင်စီ ဆုံးဖြတ်ချက် (၆/၂၀၂၃) ကို ထုတ်ပြန်ကြေညာပြီး ဒီကိစ္စကို ထပ်မံကြေညာ ထားတာ ပါ။ CC ဖက် တက်ရောက်တဲ့ ချင်းလွှတ်တော် အမတ် တွေကိုယ်တိုင်ပါဝင်သဘောတူပြီး ထုတ်ပြန်ကြေညာတာပါ။ ဒီလုပ်ပိုင်ခွင့်အရဆိုရင် အခုချိန်မှာ ICNCC ဟာ အရင်ကတည်းက ချင်းအစိုးရကို ကောက်ထောင်လို့ရပါတယ်။ ဒါပေမဲ့ ချင်း အမျိုးသားတစ်ခုလုံးအရေးကို စဥ်စားပြီး အလျင်စလို မလုပ်ရခြင်းဖြစ်ပါတယ်။

၂၀၂၂ စက်တင်ဘာ-အောက်တိုဘာတုန်းကလည်း ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်‌ဖို့ ICNCC နှင့် CJDC တို့တွေ့ဆုံ ဆွေးနွေးခဲ့ကြဖူးပါတယ်။ နှစ်ဖက်ကိုယ်စားလှယ်တွေ မကြာခဏ တွေ့ဆုံဆွေးနွေးနေတဲ့အချိန်မှာ CNF ကိုယ်စားလှယ် တွေ ICNCC မှာကော CJDC မှာကော ပါဝင်ကြပေမဲ့ သူတို့ဖက်က အပြည့်အဝ ပါဝင်တက်ရောက်လာနိုင်ခြင်းမရှိလို့ ဒီကြိုးစားမှုကို ရှေ့ဆက်မတိုးနိုင်ပဲ ရပ်တန့်ခဲ့ရပါတယ်။

အခုချိန်မှာ Reform Committee မှာဦးဆောင်တဲ့သူတွေရဲ့ လုပ်ငန်းရလဒ်အပေါ်မူတည်ပြီး ချင်းတစ်မျိုးသားလုံး တစ်ခုလုံးရဲ့အကျိုးကို ရှေးရှုပြီး မှန်ကန်တဲ့အချိန် (right time) မှာ မှန်ကန်တဲ့နည်းလမ်း (right way) နှင့် လုပ်ဆောင်စရာတွေ ဆက်လက်လုပ်ဆောင် သွားပါမယ်။

မေး။ ။ ICNCC ကို မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကမျှ ဖျက်သိမ်းပိုက်ခွင့် လုံးဝ (လုံးဝ) မရှိကြောင်း နှင့် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီ၊ မည်သည့်အဖွဲ့အစည်းကိုမျှ လွှဲပြောင်းပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားပါတယ်။ အဲဒါကရော ဘယ်လိုကြောင်း ကြောင်းတွေကြောင့် ပါလဲခင်ဗျာ။

ဖြေ။ ။ ICNCC ဖျက်သိမ်းပြီ၊ ICNCC ရဲ့တရားဝင်မှုကို လွှဲပြောင်းယူထားတယ် ဆိုတာမျိုး ပြောဆိုသံတွေရှိနေကြလို့ ချင်းပြည်သူများဖက်ကနေ ဝေဝါးမှုရှိမနေအောင် ပြန်လည်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ICNCC ဖျက်သိမ်းမှု၊ ICNCC ရဲ့တရားဝင်မှုကိုလွှဲပြောင်းခြင်းစတဲ့ ဆွေးနွေးမှုမျိုး ICNCC ကောင်စီအစည်းအဝေးမှာ တစ်ခါမှ မဆွေးနွေးဖူးပါ။ ICNCC ကိစ္စ တစ်ခုခုဆုံးဖြတ်စရာရှိရင် ကောင်စီမှာရှိတဲ့ အစုအဖွဲ့အားလုံးသဘောတူမှရမှာဖြစ်ပါတယ်။ အခုအချိန်မှာ အစုအဖွဲ့တစ်ခုရဲ့ တစ်ဝက်လောက် ပျက်သွားတာနဲ့ ကောင်စီတစ်ခုလုံးကို ဖျက်သိမ်းလို့မရပါဘူး။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပါခင်ဗျာ။

ဖြေ။ ။ ICNCC ဟာ ချင်းတစ်မျိုးသားလုံးအတွက် ကြိုးစားဆောင်ရွက်နေပါတယ်။ လုပ်ငန်းတော်တော်များများဟာ လက်တွေ့မှာ လွယ်ကူမနေပဲ ခက်ခဲစိန်ခေါ်မှုများစွာ ရှိပါတယ်။ ဒါပေမဲ့ စိတ်ရှည်စွာနှင့် အတတ်နိုင်ဆုံးဆက်လက်ရပ် တည်ကြိုးစားသွား ပါမယ်လို့ ပြောကြားလိုပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

“ပေးဆပ်မှု ကြီးမားကြသူများ”

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.