Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်သူများ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံပြဌာန်းနိုင်ရေး အကြံပြုချက်များ ပေးပို့နိုင်

ချင်းပြည်သူများ မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံပြဌာန်းနိုင်ရေး အကြံပြုချက်များ ပေးပို့နိုင်

0
By Editor on September 30, 2025 Khonumthung

(006SV)

မကွေးတော်လှန်ရေးအင်အားစုများ အကောင်အထည်ဖော်နေသည့် မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ ဥပဒေ ပြဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းရှိ ချင်းတိုင်းရင်းသားပြည်သူများသည် အကြံပြုချက်များ ပေးပို့နိုင်ကြောင်း သိရသည်။

၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ကြားကာလအစီအမံ (ဒုတိယမူကြမ်း) ထွက်ရှိနိုင်ရန် ပြည်ထောင်စုအဖွဲ့အစည်း၊ မိတ်ဖက် အဖွဲ့အစည်း၊ လူငယ်များ၊ ပြည်သူများ၏ အကြံပြုချက်များ ရယူပြီး ဆောင်ရွက်လျက်ရှိသည်ဟု မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်၊ ချင်းတိုင်းရင်းသားများ အစုအဖွဲ့ထံမှ သိရသည်။

“အခုက မကွေးတိုင်းမှာ စစ်ရေး၊ နိုင်ငံရေးကို အခြေခံတဲ့ အုပ်ချုပ်ရေး ဖေါ်ဆောင်ဖို့က ခက်ခဲတဲ့ ကာလဖြစ်တယ်၊ တော်လှန်ရေး အောင်မြင်ဖို့လည်းလိုတယ်၊ ဒီကာလ ချင်းပြည်သူတွေ စစ်ပွဲဒဏ်ကြောင့် ထွက်ပြေး ရသူတွေ၊ ဖမ်းဆီးသတ်ခံရသူတွေ၊ ရွာလုံးကျွတ် မီးရှို့ခံရမှုနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတာပါ။ ဒါပေမယ့် စစ်ပွဲအောင်နိုင်ရေး မကွေးဖက်ဒရယ်ယူနစ်ကို တည်ဆောက်ပြီး စစ်ရေး၊ နိုင်ငံရေးအရ စစ်အာဏာရှင်စနစ်ကို မဖြစ်မနေ တော်လှန်ဖို့ ဒီကြားကာလ အစီအမံ ပေါ်ပေါက်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန်မှာ ချင်းပြည်သူတွေလည်း တတ်နိုင်သလောက် အကြံပြုခြင်း၊ ကူညီခြင်း၊ ဝေဖန်ခြင်း၊ သုံးသပ်ခြင်းတွေ အရေးတကြီး လိုအပ်လာလို့ အကြံပြုချက်တွေ တောင်းခံရခြင်းဖြစ်ပါတယ်” ဟု ချင်းတိုင်းရင်းသားများ အစုအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဆလိုင်းက ပြောသည်။

ချင်းပြည်သူများအနေဖြင့် အကြံပြုချက်များကို ချင်းတိုင်းရင်းသားများ အစုအဖွဲ့ – မကွေးဖက်ဒရယ်ယူနစ် ဖေ့ဘွတ်စာမျက်နှာမှ တစ်ဆင့် ပေးပို့နိုင်သည်ဟု သိရသည်။

မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလ အစီအမံ ရေးဆွဲရေး ကြိုတင်ပြဆင်မှုဆိုင်ရာ ကော်မရှင်က ကြားကာလ အစီအမံ (ပထမမူ ကြမ်း)ကို ဇူလိုင်လ ၁၇ ရက်က အတည်ပြုနိုင်ပြီး မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်ကို တင်သွင်းခဲ့သည်ဟု သိရသည်။

မကွေးတိုင်းရှိ ချင်းပြည်သူများအနေဖြင့် စစ်ရေး ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ယန္တရားများတွင် တက်ကြွစွာ ပါဝင်လာ နိုင်ရေးအပြင် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းစဉ်တွင် ဆက်လက်ပါဝင်ရန် လိုအပ်သောကြောင့် ပထမမူကြမ်း၏ ဆောင်ရွက်ထားမှုကို ထုတ်ပြန် ထားသည်ဟု သိရသည်။

မကွေးဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံသည် ချင်းလူထုအတွက်လည်း နိုင်ငံရေးမှတစ်ဆင့် စစ်အာဏာရှင် တော်လှန်ရေးကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လူမျိုးစု တပ်ဖွဲ့များအပါအဝင် တော်လှန်ရေး တပ်ဖွဲ့များအားလုံး စုပေါင်းဖွဲ့စည်းနိုင်ခြင်း ကြောင့် စစ်ရေး၊ နိုင်ငံရေး အားကောင်းလာမည်ဖြစ်ကြောင်း သိရသည်၊

“ချင်းတိုင်းရင်းသားတွေက ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ကောင်းစွာ သိရှိလာမယ်၊၊ ကိုယ့်ရဲ့ အခွင့်အရေးဟာ ဘာလဲ၊၊ ဖက်ဒရယ်စနစ်ဟာ ဘာလဲဆိုတာ ကိုယ်တိုင်ထဲထဲဝင် လုပ်ကိုင်ဆောင်ရွက်ရင်း ကိုယ်ရဲ့ မူဝါဒတွေ၊ ဥပဒေတွေကို ကိုယ်တိုင်ရေးဆွဲ တတ်လာမယ်၊၊ကိုယ်တိုင်ပြဌာန်းတတ်လာမယ်၊ နိုင်ငံရေးကို ပါဝင် ဆောင်ရွက်လာမယ်၊၊ အုပ်ချုပ်ရေး၊ တရားစီရင်တွေမှာ ပါဝင်လာနိုင်မယ်၊၊ ချင်း အချင်းချင်း စည်းလုံးညီညွတ်ရေး အားကောင်းလာမယ်၊” ဟု ချင်းတိုင်းရင်းသားများ အစုအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဆလိုင်းက ပြောသည်။

မကွေးကြားကာလအစီအမံ ပြဌာန်းချက်များတွင် ချင်းတိုင်းရင်းသားများအတွက် ကိုယ်ပိုင်ပြဌာန်း အုပ်ချုပ်ခွင့်ရဒေသ ရပိုင်ခွင့်၊ အုပ်ချုပ်ရေးနဲ့ တရာစီရင်ရေးတွင် ပါဝင်ခွင့်၊ လူနည်းစု တိုင်းရင်းသားများအခွင့်အရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် သာတူညီမျှ ရရှိခွင့်၊ တိုင်းရင်းသားကျောင်းများ တည်ထောင်ခွင့်များ ပါရှိသည်ဟု သိရသည်။

လူမျိုးစုတပ်ဖွဲ့များအပါအဝင် တပ်ဖွဲ့အားလုံး ပေါင်းစည်းဖွဲ့စည်းရေး၊ အစိုးရုံးများ၏ ကြေညာချက်များတွင် လူနည်းစု တိုင်းရင်းသား များ နားလည်နိုင်သော ဘာသာစကား၊ စာပေနှင့် ထုတ်ပြန်ပေးရေး အချက်များလည်း ပါဝင်ကြောင်း၊ ဒုတိယမူကြမ်း ပြင်ဆင်ချက် တွင်လည်း တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းနိုင်ရေးအချက်လည်း ပါဝင်လာမည်ဟု သိရသည်။

မကွေးတိုင်းတွင် အရှို (Asho)၊ ဥပ္ပူး (Uppu)၊ ချို (Cho) ၊ ဒိုင်ရ် (Dai)၊ ဟားခါး (Hakha)၊ ဇိုတုန် (Zotong) ဟူ၍ ချင်းမျိုးနွယ်စု (၆)မျိုးရှိပြီး ၂၀၂၀ ခုနှစ် လဝကစာရင်းအရ ချင်းလူဦးရေ တစ်သိန်းနှစ်သောင်းကျော် ရှိသည်ဟု သိရသည်။

မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်က ကြားကာလအစီအမံ ရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကော်မရှင်ကို ၂၀၂၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် အစုအဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့ရာ ချင်းတိုင်းရင်းသားမျာ အစုအဖွဲ့အနေဖြင့် ပါဝင်ဆောင်ရွက်နေသည်ဟု သိရသည်။

မကွေးဖက်ဒရယ်ယူနစ်၊ကြားကာလ အစီအမံ ( ပထမမူကြမ်း ) ကို အောက်ပါစာမျက်နှာတွင် သွားရောက်ဖတ်ရှုနိုင်သည်။

https://www.facebook.com/profile.php?id=61580838481806
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.