Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်သူလူထု၏ ဒီမိုကေရစီ လိုလားသည့် စိတ်ဓာတ်ကို ပြသသည့်အနေဖြင့် ချင်းအမျိုးသားနေ့ကို ဟားခါးပြည်သူများ သီးခြားကျင်းပမည်

ချင်းပြည်သူလူထု၏ ဒီမိုကေရစီ လိုလားသည့် စိတ်ဓာတ်ကို ပြသသည့်အနေဖြင့် ချင်းအမျိုးသားနေ့ကို ဟားခါးပြည်သူများ သီးခြားကျင်းပမည်

0
By Editor on February 22, 2021 Khonumthung

#Unicode

By Benezer – ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက်ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်သူလူထု၏ ဘိုးဘေးခေတ်ကတည်းက ဒီမိုကေရစီအား လိုလားခဲ့သည့် စိတ်ဓာတ်ကို ပြသသည့်အနေဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ဟားခါးမြို့ပြည်သူလူထုက သီးခြားကျင်းပမည်ဟု သိရသည်။
”အဓိကအကြောင်းရင်းကတော့ ချင်းအမျိုးသားနေ့ရဲ့ အနှစ်သာရကိုက ချင်းပြည်သူလူထုကနေပြီးတော့ ဒီမိုကေရစီကို လက်ခံတယ်ဆိုတာကို ပထမဆုံး လူထုအစည်းအဝေးတုန်းကနေ ဆုံးဖြတ်တဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာဖြစ်တယ်၊ အခုလည်း ဒီမိုကရေစီအတွက် တိုက်ယူနေတဲ့ ကာလဖြစ်တဲ့အတွက် အရေးကြီးတဲ့အချိန်ဖြစ်တယ်၊ ချင်းလူမျိုးတွေအနေနဲ့ ဒီမိုကေရစီကို ဘိုးဘွားခေတ်ကတည်းကနေ ဘယ်လောက်ထိလိုချင်ခဲ့လဲဆိုတာကို ပြန်သတိပေးတဲ့အနေနဲ့ လည်းဖြစ်တယ်၊ ဒီမိုကရေစီအတွက် တိုက်ယူနေတဲ့အချိန်မှာ အားတက်စေဖို့အတွက်လည်း ဒီပြဲကိုလုပ္တာပါ” ဟု ဟားခါး CDM လှုပ်ရှားမှု ကူညီရေးအဖွဲ့တွင် ပါဝင်သူ မိုင်သင်းယုမွန်ကပြောသည်။
ဟားခါးမြို့တွင် ကျင်းပမည့် ၇၃ နှစ်မြောက် ချင်းအမျိုးသားနေ့အား စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် လှည့်လည်ဆန္ဒထုတ်ဖော်ပွဲအပြီးတွင် Carson Hall ဘေးရှိ ကွင်းပြင်တွင် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။
မနက်ဖြန်တွင် ကျင်းပမည့် ချင်းအမျိုးသားနေ့တွင် ဟောပြောပွဲများ၊ ရိုးရာအကများ၊ ရိုးရာအစားအစာ ေကျွးမွေးခြင်း နှင့် အခြားဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကာ Chin Association for Christian Communication (CACC) အဖွဲ့မှ လည်း ပူးပေါင်းပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ချင်းအမျိုးသားနေ့ အခမ်းအနားအား အာဏာတပ်မတေယ်မှ ဖွဲ့စည်းထားသည့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ လည်း ဟားခါးမြို့ရှိ မြို့တော်ခန်းမတွင် အကျဉ်းရုံးသဘောဖြင့် ကျင်းပသွားမည် ဖြစ်ပြီး မည်သည့်အစီအစဉ်များ ပါဝင်မည်ကို ကြေညာထားခြင်းမရှိကြောင်း သိရသည်။
”အစိုးရကနေလည်း သပ်သပ်လုပ်ဖို့တော့ရှိတယ်၊ ချင်းအမျိုးသားနေ့ဆိုတာက အစိုးရဟာမဟုတ္ဘူး အစိုးရပိုင်လည်းမဟုတ်ဘူး ပြည်သူလူထုကနေ စလုပ်တာဖြစ်တယ်၊ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ သပ်သပ်လုပ်တာဖြစ်တယ်၊ ပြီးတော့ ဒီပွဲကိုလုပ်မယ့် အစိုးရကိုလည်း ကန့်ကွက်တာမဟုတ်ဘူး အသိအမှတ်ကိုမပြုတာဖြစ်တယ်” ဟု မိုင်သင်းယုမွန်မှ ဖြည့်စွက်ပြောသည်။
ယခုနှစ် ချင်းအမျိုးသားနေ့ အခမ်းအနားအား ချင်းပြည်နယ်အစိုးရမှ ကိုဗစ်ရောဂါ ပြန့်ပွားနေသည့် ကာလဖြစ်သဖြင့် ဖလမ်းမြို့ရှိ ဆုရ်ဘုန်လေဆိပ်ဖွင့်ပွဲနှင့်အတူ ဖလမ်းမြို့တွင် အကျဉ်းရုံးသဘောမျိုးဖြင့် ကျင်းပရန် စီစဉ်ခဲ့သော်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သဖြင့် အစီအစဉ်ပျက်ပြယ်သွားကြောင်း သိရသည်။

#Zawgyi

By Benezer – ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔တြင္ က်ေရာက္မည့္ (၇၃) ႏွစ္ေျမာက္ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားကို ခ်င္းျပည္သူလူထု၏ ဘိုးေဘးေခတ္ကတည္းက ဒီမိုေကရစီအား လိုလားခဲ့သည့္ စိတ္ဓာတ္ကို ျပသသည့္အေနျဖင့္ စစ္အာဏာရွင္စနစ္ကို ဆန႔္က်င္သည့္ဟားခါးၿမိဳ႕ျပည္သူလူထုက သီးျခားက်င္းပမည္ဟု သိရသည္။

”အဓိကအေၾကာင္းရင္းကေတာ့ ခ်င္းအမ်ိဳးသားေန႔ရဲ့ အႏွစ္သာရကိုက ခ်င္းျပည္သူလူထုကေနၿပီးေတာ့ ဒီမိုေကရစီကို လက္ခံတယ္ဆိုတာကို ပထမဆုံး လူထုအစည္းအေဝးတုန္းကေန ဆုံးျဖတ္တဲ့ အထိမ္းအမွတ္အေနနဲ႔ လုပ္တာျဖစ္တယ္၊ အခုလည္း ဒီမိုကေရစီအတြက္ တိုက္ယူေနတဲ့ ကာလျဖစ္တဲ့အတြက္ အေရးႀကီးတဲ့အခ်ိန္ျဖစ္တယ္၊ ခ်င္းလူမ်ိဳးေတြအေနနဲ႔ ဒီမိုေကရစီကို ဘိုးဘြားေခတ္ကတည္းကေန ဘယ္ေလာက္ထိလိုခ်င္ခဲ့လဲဆိုတာကို ျပန္သတိေပးတဲ့အေနနဲ႔ လည္းျဖစ္တယ္၊ ဒီမိုကေရစီအတြက္ တိုက္ယူေနတဲ့အခ်ိန္မွာ အားတက္ေစဖို႔အတြက္လည္း ဒီျပဲကိုလုပၲာပါ” ဟု ဟားခါး CDM လႈပ္ရွားမႈ ကူညီေရးအဖြဲ႕တြင္ ပါဝင္သူ မိုင္သင္းယုမြန္ကေျပာသည္။

ဟားခါးၿမိဳ႕တြင္ က်င္းပမည့္ ၇၃ ႏွစ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔အား စစ္အာဏာသိမ္းမႈကို ဆန႔္က်င္သည့္အေနျဖင့္ လွည့္လည္ဆႏၵထုတ္ေဖာ္ပြဲအၿပီးတြင္ Carson Hall ေဘးရွိ ကြင္းျပင္တြင္ က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။

မနက္ျဖန္တြင္ က်င္းပမည့္ ခ်င္းအမ်ိဳးသားေန႔တြင္ ေဟာေျပာပြဲမ်ား၊ ရိုးရာအကမ်ား၊ ရိုးရာအစားအစာ ေကၽြးေမြးျခင္း ႏွင့္ အျခားေဖ်ာ္ေျဖေရးအစီအစဥ္မ်ား ပါဝင္မည္ျဖစ္ကာ Chin Association for Christian Communication (CACC) အဖြဲ႕မွ လည္း ပူးေပါင္းပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားအား အာဏာတပ္မေတယ္မွ ဖြဲ႕စည္းထားသည့္ ခ်င္းျပည္နယ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ လည္း ဟားခါးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ အက်ဥ္း႐ုံးသေဘာျဖင့္ က်င္းပသြားမည္ ျဖစ္ၿပီး မည္သည့္အစီအစဥ္မ်ား ပါဝင္မည္ကို ေၾကညာထားျခင္းမရွိေၾကာင္း သိရသည္။

”အစိုးရကေနလည္း သပ္သပ္လုပ္ဖို႔ေတာ့ရွိတယ္၊ ခ်င္းအမ်ိဳးသားေန႔ဆိုတာက အစိုးရဟာမဟုတၻဴး အစိုးရပိုင္လည္းမဟုတ္ဘူး ျပည္သူလူထုကေန စလုပ္တာျဖစ္တယ္၊ အဲဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ သပ္သပ္လုပ္တာျဖစ္တယ္၊ ၿပီးေတာ့ ဒီပြဲကိုလုပ္မယ့္ အစိုးရကိုလည္း ကန႔္ကြက္တာမဟုတ္ဘူး အသိအမွတ္ကိုမျပဳတာျဖစ္တယ္” ဟု မိုင္သင္းယုမြန္မွ ျဖည့္စြက္ေျပာသည္။

ယခုႏွစ္ ခ်င္းအမ်ိဳးသားေန႔ အခမ္းအနားအား ခ်င္းျပည္နယ္အစိုးရမွ ကိုဗစ္ေရာဂါ ျပန႔္ပြားေနသည့္ ကာလျဖစ္သျဖင့္ ဖလမ္းၿမိဳ႕ရွိ ဆုရ္ဘုန္ေလဆိပ္ဖြင့္ပြဲႏွင့္အတူ ဖလမ္းၿမိဳ႕တြင္ အက်ဥ္း႐ုံးသေဘာမ်ိဳးျဖင့္ က်င္းပရန္ စီစဥ္ခဲ့ေသာ္လည္း တပ္မေတာ္မွ အာဏာသိမ္းလိုက္သျဖင့္ အစီအစဥ္ပ်က္ျပယ္သြားေၾကာင္း သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ် တိုက်ပွဲတွင် စစ်ကော်မရှင်အဖွဲ့ဝင် (၄) ဦးသေဆုံး၊ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါဝင် (၇) ဦး ဖမ်းဆီးရမိ

အမေရိကန်အခြေစိုက် BACI ၏ CEO နှင့် မလေးရှားရောက် ချင်းအဖွဲ့အစည်းဦးဆောင်သူများ ဒုက္ခသည်အရေးဆွေးနွေး

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.