Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ICNCC က ယနေ့ထုတ်ပြန်၊ လက်ရှိတွင် ICNCC က ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်

ချင်းပြည်အစိုးရကို ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ICNCC က ယနေ့ထုတ်ပြန်၊ လက်ရှိတွင် ICNCC က ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်သည်

0
By Editor on January 27, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ကြားကာလပြည်သူ့အုပ်ချုပ်ရေး ဆောင်ရွက်နေသည့် အဖွဲ့များဖြင့် ချင်းပြည်သူ့ အုပ်ချုပ်ရေးကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့မှာ သတင်းထုတ်ပြန်လိုက်သည်။

ချင်းပြည်သူ့အုပ်ချုပ်ရေးကော်မတီက ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များနှင့် ချိတ်ဆက်ပြီး လက်ရှိချင်းပြည်သူများ၏ အခြေခံပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းများကို ပိုမိုဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားမည်ဟု ယနေ့ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

ချင်းပြည်သူ့ အုပ်ချုပ်ရေးကော်မတီသည် ICNCC မှတစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC)၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တို့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည်ဟု သိရသည်။

ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)တွင် အသစ်ပါဝင်လာသည့် မြို့နယ်နှင့် ဒေသအစုအဖွဲ့၊ ချင်းကာကွယ် ရေးအစုအဖွဲ့ (CDF) အပါအဝင် ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ နိုင်ငံတကာရောက် ချင်းအစုအဖွဲ့နှင့် Chin CDMer အစုအဖွဲ့တို့ ပါဝင်ကြောင်း၊ လက်ရှိတွင် (၆) မြို့နယ်မှာ မြို့နယ်အဆင့်မှ ပါဝင်လျက်ရှိကြောင်း ICNCC အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်လင်းက ခိုနူမ်းသုန်နှင့် ဇန်နဝါရီလလယ်ပိုင်းက အင်တာဗျူးတွင် ပြောသည်။

ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ -ICNCC သည် ချင်းအင်အားစုအဖွဲ့များအကြား နိုင်ငံရေးအရ သဘောတူညီမှု ရရှိရန် ကြိုးစားပြီး ICNCC Reform ကော်မတီမှ လုပ်ဆောင်မည့် Chin Charter ပြင်ဆင်မှု ပြီးစီးသောအခါ ချင်းပြည်အစိုးရအား ဖွဲ့စည်းတည်ထောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ချင်းတစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို ရှေးရှူလျက် ချင်းတော်လှန်ရေးအဖွဲ့ အချင်းချင်းအကြား မလိုလားအပ်သော ပဋိပက္ခများ မဖြစ်ပေါ်ရေးနှင့် ချင်းအမျိုးသားရေးအတွက် တွေ့ဆုံသင့်တွေ့ဆုံထိုက်သည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး နိုင်ငံရေးအရ သဘောတူညီမှု ရရှိရန် ကြိုးစားလုပ်ဆောင်သွားမည်ဟု သိရသည်။

တဖက်တွင် CNF ဉီးဆောင်သော ချင်းတော်လှန်ရေးအင်အားစုများဖြင့် ဖွဲ့စည်းထားသော ချင်းလဲန်းကောင်စီ (CC) သည်လည်း ဖေဖော်ဝါရီလ ၃ ရက်နေ့ မတိုင်မှီ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်လွှတ်တော်နှင့် တရားရေး ယန္တရားများကို ဖွဲ့စည်းမည်ဟု ထုတ်ပြန်ထားသည်။

ထိုကဲ့သို့အခြေအနေမျိုးကြောင့် ချင်းအမျိုးသား အချင်းချင်းကြား သွေးမကွဲစေရေး “တွေ့ဆုံညှိနှိုင်း” အဖြေရှာကြရန် Chin Civic Movement လှုပ်ရှားမှုမှတစ်ဆင့် ချင်းလူထုနှင့် ချင်းအရပ်ဖက်အဖွဲ့အစည်းများကလည်း တောင်းဆိုမှုလည်းရှိနေသည်။

“လမ်းကြောင်းကတော့ သူတို့မှာရှိကြမယ်လို့ ယူဆပါတယ်။ ချင်းအတွက်ဆိုရင် ကျနော်တို့က လာရာ မတူကြပေမယ့် လားရာ တော့ တူကြမယ်ထင်ပါတယ်။ အစိုးရဖြစ်တာ ကောင်စီဖြစ်တာ အရမ်းအရေးကြီးသလား၊ စုစည်းညီညွတ်ဖို့က အရမ်းအရေးကြီးသလားဆိုတဲ့ အယူအဆမျိုးကို အဓိကနဲ့ သာမည စဉ်းစားပြီးတော့ လုပ်ကြစေချင်ပါတယ်” Chin Civic Movement မှ ပြောရေးဆိုခွင့်ရှိသူ ကိုအယ်ဒီက ပြောသည်။

Chin Civic Movement မှာ ချင်းပြည်တွင်းပြည်ပအဖွဲ့အစည်း ၃၉ ဖွဲ့နဲ့ ချင်းလူပုဂ္ဂိုလ် ၅၅၀ နီးပါးက လက်မှတ်ရေးထိုး တောင်းဆိုနေခြင်းဖြစ်သည်။

ချင်းတော်လှန်ရေးအင်အားစုများ၏ အကွဲအပြဲသည် ချင်းလူထု၏ နိုင်ငံရေးဦးဆောင်မှုကို ဝေဝါးစေခြင်း၊ ချင်းလူထု၏ အသက်အိုးအိမ်တွေနှင့် စည်းလုံးမှုကို ပြိုကွဲစေခြင်းနှင့် လက်ရှိ တော်လှန်ရေးကို ပိုမိုကြန့်ကြာစေ သည်ဟု Chin Civic Movement လှုပ်ရှားသူများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.