Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလတွင် အတည်ပြုပြဌာန်းမည်

ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလတွင် အတည်ပြုပြဌာန်းမည်

0
By Editor on November 1, 2024 Headline

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခုလ နိုဝင်ဘာလအတွင်းကျင်းပမည့် ပဥ္စမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် အတည်ပြုပြဌာန်းတော့မည်ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးကာလ ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ဒေသခံများ၏ စုပေါင်း ခေါင်းဆောင်မှုပုံစံဖြင့် အုပ်ချုပ်ရေးယန္တရာ လည်ပတ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းထားကြောင်း ချင်းပြည်လွှတ်တော်ဥက္ကဌ Pu Hung Naing က ပြောသည်။

“ဒီဥပဒေက ချင်းပြည် (Chinland) အစိုးရအဖွဲ့ကို အာဏာပေးတာတစ်ခုမှ မပါဘူး။ သက်ဆိုင်ရာ မြို့နယ်နှင့်ဒေသရဲ့ ဥပဒေအတိုင်းပဲ ရွေးကောက်တင်မြှောက်ခွင့်၊ ခန့်အပ်ပိုင်ခွင့်ပေးထားတယ်။ ဒါ့အပြင် မြို့နယ်နှင့်ဒေသမှာလည်း တိုက်နယ်/ ဧရိယာ/ တောင်ကျောအလိုက် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်ခွင့်ရအောင်ဆိုတဲ့ ရည်ရွယ်ချက်ဖြင့် ဥက္ကဌနှင့် အတွင်းရေးမှူးစနစ်နဲ့ Local Administration Law ပြဋ္ဌာန်းဖို့ဖြစ်မယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ မြို့နယ်နှင့် ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများသည် ၎င်းတို့၏ ဥပဒေများဖြင့် အုပ်ချုပ်နေကြပြီး တနေရာနှင့် တနေရာ မတူညီမှုများရှိနေသည်၊ ယင်းဥပဒေကို ပြဌာန်းပြီးပါက မြို့နယ်နှင့်ဒေသ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ အချင်းချင်းကြားတွင်ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများတွင် ပိုမိုအဆင်ပြေချောမွေ့လိမ့်မည်ဟု သိရသည်။

ဒေသန္တရအုပ်ချုပ်ရေးဥပဒေမတိုင်ခင်ကလည်း သက်ဆိုင်င်ရာမြို့နယ်နှင့် ဒေသအကြီးအကဲများကို ဖိတ်ခေါ်ပြီး ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ ယင်းနောက် ဥပဒေကြမ်းကော်မတီကို ဖွဲ့စည်းပြီး ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလက ပထမအကြိမ်၊ ချင်းပြည်(Chinland) လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင်လည်း ဒေသန္တရအုပ်ချုပ် ရေးဥပဒေကြမ်းကို ချင်းလွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချင်းပြည်လွှတ်တော်၏ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီသည် အောက်တိုဘာလ ၂ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အစည်းအဝေးပြီးနောက် ချင်းပြည် (Chinland) ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေကြမ်းနှင့် ဒေသန္တရအုပ်ချုပ်ရေး ဥပဒေမူကြမ်းကို ချင်းပြည်လွှတ်တော်သို့ ပေးပို့နိုင်ခဲ့ကြောင်း ချင်းပြည်လွှတ်တော်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် အောက်တိုဘာလ ၈ ရက်မှ ၁၀ ရက်နေ့အထိကျင်းပသော ပထမအကြိမ်၊ ချင်းပြည် (Chinland) လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးမှာ ချင်းပြည် (Chinland) ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ကြပြီး ဒေသန္တရအုပ်ချုပ်ရေးဥပဒေကြမ်းကိုတော့ ပဥ္စမအကြိမ် လွှတ်တော်ပုံမှန်အစည်းအဝေးမှာ အတည်ပြုမည်ဟု ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.