Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို အတည်ပြုပြဌာန်းလိုက်ပြီဟု ဆို

ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို အတည်ပြုပြဌာန်းလိုက်ပြီဟု ဆို

0
By Editor on March 26, 2025 Headline

(006SV)

ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်သည် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေးဥပဒေကို ယခု မတ်လ ၁၃ ရက်က အတည်ပြု ပြဌာန်းနိုင်ပြီဖြစ်ကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရသည်။

၂၀၂၅ ခုနှစ် မတ်လ ၁၃ ရက်က ကျင်းပသော ပထမကြိမ်၊ ချင်းပြည်လွှတ်တော်၊ ပဥ္စမပုံမှန်အစည်းအဝေးတွင် ချင်းပြည် ဒေသန္တရအုပ်ချုပ်ရေး ဥပဒေ နှင့် အခွန်အကောက်ဥပဒေ (၂၀၂၅) တို့ကိုအတည်ပြု ပြဌာန်းနိုင်ခဲ့ခြင်းဖြစ်သည်။

“ချင်းပြည် ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေကို မတ်လ ၁၃ ရက်နေ့မှာ လွှတ်တော်နေ အတည်ပြုခဲ့ပြီ” ဟု ချင်းပြည်လွှတ်တော်မှ တာဝန်ရှိသူက အတည်ပြု ပြောဆိုသည်။

သို့ရာတွင် ဥပဒေပြဌာန်းချက်များ၏ အသေးစိတ်အခြေအနေကို ပြောဆိုခြင်း မရှိသေးပါ။

မတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ မတူပီမြို့နယ်၊ လလွီကျေးရွာ၊ လွီဗန်းကျေးရွာ၊ ဇိုတုန်ဒေသက ရေဇွာမြို့ကို ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်သော အဖွဲ့က သွားရောက်ခဲ့ရာတွင်လည်း ဒေသန္တရအစိုးရအဖွဲ့၊ ဒေသခံလူထုနှင့် တွေ့ဆုံရာမှာ ဒေသန္တရ အုပ်ချုပ်ရေး ဥပဒေအကြောင်း ရှင်းလင်းတင်ပြသည်ဟု သိရသည်။

ချင်းပြည်အစိုးရ ဝန်ကြီးချုပ် ပူးပါထန်း ဦးဆောင်သော အစိုးရအဖွဲ့တွင် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးတို့လည်း ပါဝင်သည်ဟု သိရသည်။

မတ်လ ၁၄ ရက်မှ ၁၈ ရက်အထိ ဇိုဖေရမ်ဒေသ လေတပ်ရွာ၊ မရာဒေသ ငဖိုင်းသဲရွာ၊ လုံကျွေးပီးရွာ၊ လုံကျွေးသေးရွာ၊ လောက်တူဒေသ ဖန်ထဲန်ရွာတို့ကို ချင်းပြည်ကောင်စီ ဒုဥက္ကဌ – ၂၊ လွှတ်တော် ဥက္ကဌ၊ ပြည်ထဲရေးဝန်ကြီးတို့ သွားရောက်၍ ပြည်သူလူထုနှင့် တွေ့ဆုံပွဲတွင် ချင်းပြည်လွှတ်တော်က ပြဌာန်းလိုက်သော ဒေသန္တရ အုပ်ချုပ်ရေးဥပဒေကို ရှင်းလင်းတင်ပြခဲ့သည်ဟု သိရသည်။

တော်လှန်ရေးကာလ ချင်းပြည်နယ်၊ မြို့နယ်နှင့် ဒေသများတွင် အုပ်ချုပ်ရေးအဖွဲ့များကို ဖွဲ့စည်းရာတွင် ဒေသခံများ၏ စုပေါင်း ခေါင်းဆောင်မှုပုံစံဖြင့် အုပ်ချုပ်ရေးယန္တရာ လည်ပတ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်း ထားကြောင်း ချင်းပြည်လွှတ်တော်ဥက္ကဌ Pu Hung Naing က ၂၀၂၄ နိုဝင်ဘာလက ခိုနူမ်းသုန်ကို ဖြေကြားထားသည်။

ဒေသန္တရ အုပ်ချုပ်ရေးဥပဒေသည် သက်ဆိုင်ရာ မြို့နယ်နှင့် ဒေသ၏ ဥပဒေအတိုင်း ရွေးကောက်တင်မြှောက်ခွင့်၊ ခန့်အပ်ပိုင်ခွင့်ကို ပေးထားပြီး၊ မြို့နယ်နှင့် ဒေသများတွင် တိုက်နယ်၊ တောင်ကျောအလိုက် အုပ်ချုပ်ရေးမှာ ပါဝင်နိုင်ခွင့် ရရှိရေးအတွက် ဥက္ကဌနှင့် အတွင်းရေးမှူးစနစ်ဖြင့် ပြဌာန်းနိုင်ရေး ဆောင်ရွက်နေသည်ဟု ၂၀၂၄ နိုဝင်ဘာလက ဖြေကြားထားသည်။

ချင်းပြည်နယ် မြို့နယ်နှင့် ဒေသအသီးသီးတွင် ချင်းတော်လှန်ရေးအင်အားစုများက မတူညီမှုများ ရှိနေသော ၎င်းတို့၏ ဥပဒေများ ဖြင့် အုပ်ချုပ်နေမှုများသည် ဥပဒေပြဌာန်းပြီးပါက မြို့နယ်နှင့် ဒေသအုပ်ချုပ်ရေးပိုင်းတွင်ဖြစ်စေ၊ ချင်းပြည်အစိုးရနှင့်ဖြစ်စေ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအဆင်ပြေနိုင်သည်ဟု သိရသည်။

ချင်းပြည်လွှတ်တော်သည် ဘဏ္ဍာငွေစီမံခန့်ခွဲခြင်း ဥပဒေ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ အခွန်အကောက်ဥပဒေ၊ တရားစီရင်ရေးဥပဒေတို့ကို ပြဌာန်းထားပြီးဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.