Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေး CC နှင့် ICNCC တို့ မူကြမ်းကော်မတီဖွဲ့ လုပ်ဆောင်မည်

ချင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနိုင်ရေး CC နှင့် ICNCC တို့ မူကြမ်းကော်မတီဖွဲ့ လုပ်ဆောင်မည်

0
By Editor on June 18, 2025 Khonumthung

(006SV)

ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပြန်လည်ပေါင်းစည်း နိုင်ရေး အတွက် ချင်းအမျိုးသား ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲနိုင်ရေးကို မူကြမ်းကော်မတီဖွဲ့စည်းဆောင်ရွက်သွားမည် ဟု သိရသည်။

ချင်းပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်၍ ဇွန်လ ၁၈ ရက်တွင် အွန်းလိုင်းမှ တဆင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူများက ပြောသည်။

“ဒီရက်ပိုင်းဆိုရင်လည်း CNC ဖွဲ့ဖို့အတွက် သဘောတူခဲ့ကြတဲ့ ICNCC နဲ့ CC က သဘောတူတဲ့အရာက Chin National Constitution အတွက် မူကြမ်းကော်မတီကို တဖက်ကနေ ၂၇ ဦးစီ ဖွဲ့ပြီးမှ အဲဒီကနေ အကြောင်းအရာလိုက် Constitution (ဖွဲ့စည်းပုံအခြေခံဥပဒေ) ဖြစ်မြောက်လာဖို့အတွက်ကို ရေးဆွဲပြီမှ အားလုံး သဘောတူညီတဲ့ ကိစ္စတွေကို စုစည်းသွားဖို့ ဖြစ်တယ်။ မီဇိုရမ်အစိုးရရဲ့ ဦးဆောင်မှုနဲ့ မူကြမ်းဆွဲမယ့် ကိစ္စတွေလည်း သွားတော့ သွားနေတယ်၊ ဒါပေမယ့် တော်တော်တော့ နှေးနေတယ်” ဟု ချင်းညီနောင်အဖွဲ့နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဝီလီယံချင်းက ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် Advocacy Team ထံသို့ CC နှင့် ICNCC ကြားတွင် Chin National Constitution (ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ) မူကြမ်းရေး ဆွဲမည့် ကော်မတီဝင်စာရင်းကို ပို့ထားပြီဖြစ်၍ အချင်းချင်းတွေ့ဆုံ ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုမှ ရရှိလာသော သဘောတူညီချက် ရလဒ်များကို မူတည်ပြီး ချင်းအမျိုးသားကောင်စီ (CNC) ကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွာမည်ဟု နှစ်ဖက်သဘောတူညီမှု ရှိထားသည်ဟု ဟုသိရသည်။

ချင်းပြည်အနာဂါတ်တွက် CC နှင့် ICNCC တို့သည် နှစ်ဖက်စလုံးက ပူးပေါင်းရမည်ကို လက်ခံကြသော်လည်း အချင်းချင်းကြား အပြန်အလှန်ယုံကြည်မှု နှင့် အပြန်အလှန် လေးစားမှု တည်ဆောက်နိုင်ရန် ခက်ခဲနေသည်ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောသည်။

“ပြန်အနှစ်ချုပ်ရရင် ယုံကြည်မှု တည်ဆောက်ဖို့နဲ့ အပြန်အလှန် လေးစားမှု ရှိဖို့ပေါ့နော်။ အဲဒါတွေမှာ အခက်အခဲ ရှိနေတဲ့အတွက် ဒီလိုတွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်။ အရွေ့ဖြစ်တာက အားရစရာသိပ် မကောင်းဘူး ပြောရမယ်။ တဖက်မှာ ချင်းပြည်သူတွေကလည်း မျှော်လင့်နေတယ်။ ပေါင်းစည်းစေချင်တာကိုလည်း မြင်နေရတယ်။ လက်တွေ့ ကျကျ အလုပ်လုပ်မယ်ဆိုရင် ပေါင်းစည်းဖို့က အခုနက ကလေးဘက်က စစ်ကြောင်းချီလာတာမျိုးမှာ ဆိုရင် KKG ၊ CDF – စီယင်းတို့နဲ့ ကျနော်တို့ ချက်ချင်းပေါင်းပြီး တိုက်ပွဲ ဝင်ကြတာပဲ။ တကယ်လက်တွေ့ကျကျ အလုပ်လုပ်ကြ မယ်ဆိုရင် ပူးပေါင်းဖို့ လွယ်ပါတယ်။ တတိယအဖွဲ့ဖြစ်တဲ့ မီဇိုရမ်ဝန်ကြီးချုပ်နဲ့ စုစည်း ညှိနှိုင်းစေတာ၊ သူတို့ရဲ့ စေတနာ ကို ကျနော်တို့ နားလည်တယ်။ အကျေအလည် မဆွေးနွေးရသေးခင် ပူးပေါင်းနိုင်ဖို့က ရေရှည်တည်တံ့ခိုင်မြဲတဲ့ အကျိုးဖြစ်ထွန်းတဲ့ ပူးပေါင်းမှုမျိုး ဖြစ်လာမှာ မဟုတ်ဘူး” ဟု ကိုယောမာန်က ပြောသည်။

ဇွန်လ ၁၀ ရက်နှင့် ၁၁ ရက်တွင် ချင်းလုံးမြို့မှာ ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့၏ အစည်းအဝေးကို ကျင်းပခဲ့ပြီး ချင်းအမျိုးသားကောင်စီ (CNC) ဖြစ်မြောက်ရေး ကော်မတီကို ရွေးချယ်ခဲ့ကာ ချင်းအမျိုးသားတည်ဆောက်ရေး လမ်းစဉ်တွင် ငြိမ်းချမ်းစွာ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တည်ဆောက်နိုင်ရေးကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကာ Advocacy Team ကို ဖွဲ့စည်းပြီး ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်၍ ချင်းအင်အားစု နှစ်ခုကို ပြေလည်နိုင်ရေး ကြားဝင်ညှိနှိုင်းပေးမှု ဆောင်ရွက်နေသည်ဟု သိရသည်။

ယင်း Advocacy Team ကို မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်၊ မီဇိုရမ်ပြည်နယ်ထဲက အရပ်ဖက်အဖွဲ့အစည်းများ (CSO)၊ အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO)များ ပူးပေါင်း၍ ဖွဲ့စည်းသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

ချင်းမှာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဇွန်လထဲ အမျိုးသမီး ၃ ဦးအပါအဝင် ပြည်သူ ၈ ဦး သေဆုံး၊ ၁၇ ဦး ထိခိုက်ဒဏ်ရာရ

ဇူလိုင်လ ၉ ရက်မှ ၁၆ ရက်အထိ ချင်းအပါအဝင် နိုင်ငံတဝန်း မိုးကြီးမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 10, 2026

အရှို (ချင်း) အမျိုးသားကာကွယ်ရေးတပ်ကို ဖွဲ့စည်းတည်ထောင်ဟု ACNFC နှင့် ရိုးမဒေါင်းတပ်ဖွဲ့တို့ ပူးတွဲကြေညာ

July 10, 2026

ချင်းအပါဝင် မြန်မာနိုင်ငံတဝှမ်းတွင် စစ်တပ်ကြောင့် (၆)လ အတွင်း အမျိုးသမီး ၃၀၀ ကျော်သေဆုံး

July 10, 2026

ပလက်ဝအပါအဝင် မြို့နယ် ၇ ခုတွင် ရေကြီးရေလျှံမှု ပိုဆိုးရွာလာနိုင်ခြေရှိသည်ဟု HDCO ထုတ်ပြန်

July 9, 2026

ပလက်ဝနှင့်ဆမီးတွင် ရေကြီးမှုကြောင့် ပျက်စီးမှုများရှိနေ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.