Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းမြောက်ပိုင်းတခုလုံး လွတ်မြောက်ရေး အရေးပါသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ထောက်ပံ့ကူညီရန် နှိုးဆော်နေ

ချင်းမြောက်ပိုင်းတခုလုံး လွတ်မြောက်ရေး အရေးပါသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ထောက်ပံ့ကူညီရန် နှိုးဆော်နေ

0
By Editor on March 24, 2025 Headline

စစ်ကောင်စီက ဖလမ်းကို လေကြောင်းမှ စစ်ကူအင်အား ရာချီပို့ထားဟု ဆို

(006SV)

ဟားခါး၊ တီးတိန်အပါအဝင် ချင်းပြည်မြောက်ပိုင်း တခုလုံး စစ်ကောင်စီ ကင်းစင်ရေးအတွက် ဗျူဟာမြောက်မြို့ ဖြစ်သည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် ပြည်သူများ ပူးပေါင်းပါဝင်ထောက်ပံ့ကြရန် ချင်းတော်လှန်ရေးအင်အားစုများက နှိုးဆော်နေသည်။

ချင်းညီနောင်က ချင်းပြည်မြောက်ပိုင်းတွင် ပထမဆုံးအကြိမ် ဖော်ဆောင်သော ဖလမ်းမြို့သိမ်းတိုက်ပွဲသည် ၅ လခန့်ရှိလာချိန်တွင် ချင်းတော်လှန်ရေးအင်အားစုများက ယခုကဲ့သို့ပြောဆိုလာခြင်းဖြစ်သည်။

ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့တို့၏ မြို့ သိမ်းတိုက်ပွဲများအတွက် အချက်အချာ ကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်းချုပ်နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။

“မိဘပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲ ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းမှာ တပ်ရင်းအဆင့်ရှိတဲ့ စခန်းကို ပထမဦးဆုံး သိမ်းနိုင်ဖို့ ကြိုးစား ဆောင်ရွက်တဲ့နေရာမှာ အားလုံးပါဝင်ပေးကြပါ။ ဒီဟာ အောင်မြင်သွားရင် ကျနော်တို့အတွက် တီးတိန်မြို့သိမ်းတိုက်ပွဲ လည်း လွယ်ကူသွားမယ်။ ဟားခါး၊ ထန်တလန်လည်း လွယ်ကူသွားမှာ ဖြစ်တယ်ဆိုတော့ အဲဒါကို စကစကလည်း သိတဲ့အတွက် ကြောင့် တောက်လျှောက်ကို ဖိအားပေးပြီးမှ လေကြောင်းနဲ့ ထိုးနေတာလည်း ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ နိုင်ဖို့လည်း နီးကပ်နေပါပြီ။ ဘုရား အတူပါရှိရင် မဖြစ်နိုင်တာ မရှိပါဘူး။ ရဲဘော်တွေလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့အနေအထား ဖြစ်တဲ့အတွက် ကောင်းမွန်တဲ့အခြေအနေမှာ ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် လက်တွဲညီညီနဲ့ ဟန်ချက်ညီညီနဲ့ ရှေ့ဆက်သွားရင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အယောက်စီတိုင်း ပါဝင်ရင် ဒီပွဲက အောင်မြင်မယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF အထွေထွေအတွင်းရေးမှူး ဆလိုင်းဝီလီယံချင်းက ပြောသည်။

လတ်တလောတွင် ဖလမ်းမြို့သိမ်းတိုက်ပွဲသည် အင်မတန်မှ စိန်ခေါ်မှုပေါင်းများစွာကို ကြုံတွေ့နေရသည်ဟု ဆလိုင်းဝီလီယံချင်းက မတ်လ ၂၂ ရက်က အွန်လိုင်းမှ ပြုလုပ်သော ဖလမ်းမြို့သိမ်းတိုက်ပွဲ အရေးပေါ် ရန်ပုံငွေ ရှာဖွေပွဲတွင် ပြောသည်။

ဖလမ်းမြို့တိုက်ပွဲတွင် လေကြောင်း စစ်ကူအကူအညီများကြောင့် စစ်ကောင်စီတပ် လူအင်အားဖြည့်တင်းနိုင်ခဲ့ပြီး တပ်ရင်း ၁ ရင်း သာ မဟုတ်တော့ဘဲ တပ်ရင်း ၃ ရင်း သို့မဟုတ် ၄ ရင်းစာခန့် ရှိနေကြောင်း၊ လက်ရှိတွင် စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်အထိ စစ်ကူရောက်နေသည့် အနေအထားဖြစ်ကြောင်း CNDF အတွင်းရေးမှူးက ပြောသည်။

ဖလမ်းမြို့ကိုသာ ချင်းတော်လှန်ရေးအင်အားစုက သိမ်းပိုက်နိုင်လျှင် ချင်းပြည်မြောက်ပိုင်းတခုလုံး လွတ်မြောက်ရန် လွယ်ကူ သွားပြီဖြစ်ကြောင်း၊ ပထဝီနယ်မြေအနေအထားအရ အရေးကြီးသော ဖလမ်းတိုက်ပွဲဖြစ်ပြီး လုံးဝနိုင်ကို နိုင်ရမည်ဖြစ်၍ ပြည်သူများ ဆက်လက်ပံ့ပိုးကြရန်နှင့် မိမိကိုယ်တိုင်လည်း ကိုယ်နည်းကိုယ်ဟန်ဖြင့် ရှာဖွေပံ့ပို့နေကြောင်း ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။

“ကျနော်တို့အနေနဲ့ ဖလမ်းမြို့သာ ရသွားပြီးဆိုရင် ဟားခါး၊ ထန်တလန်ဘက်ကို ပိတ်ဖို့ရော၊ တီးတိန်ဘက်ကို ပိတ်ဖို့ရော အဲလို ပေါ့လေ၊ ဖလမ်းမြို့တခုထဲ မဟုတ်ပဲနဲ့ ချင်းပြည် မြောက်ပိုင်းတခုလုံး လွတ်မြောက်သွားဖို့ အသေချာဆုံးဖြစ်မယ်။ ပထဝီ အနေအထားအရကော၊ ချင်းပြည်တပြည်လုံးအနေအထားအရကော တော်လှန်ရေးအတွက်ကော အရေးပါတဲ့ နေရာဖြစ်တယ်။ အဲဒါကြောင့် စစ်ကောင်စီက တော်တော်ကြီးကို အသည်းအသန် ကာကွယ်နေတာလည်း မြင်နိုင်ပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်ကူလာပို့တယ်။ စစ်ကြောင်းတခုလုံး ချေးမှုန်းခံရတယ်။ နောက်ထပ် ဟတ်စကီးနဲ့ စစ်ကူလာပို့တယ် စသဖြင့်ပေါ့နော်။ သူတို့က အသည်းအသန်း ကြိုးစားနေတယ်။ ဒီနေရာမှာက နှစ်ဖက်စလုံးက အသည်းအသန်ဖြစ်နေတယ်” ဟု ကိုယောမာန်က ပြောသည်။

ချင်းညီနောင်အနေဖြင့် CDF မင်းတပ်ကလည်း ထပ်ပြီး အင်အားဖြည့်ရန် ပြင်ဆင်နေသည်ဟု ကိုယောမာန်က မတ်လ ၂၃ ရက်က အွန်လိုင်းက ပြုလုပ်သော ဖလမ်းမြို့သိမ်းတိုက်ပွဲအတွက် ရန်ပုံငွေ ရှာဖွေပွဲတွင် ပြောသည်။

ဖလမ်းမြို့တွင် စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ – ၂၆၈ တပ်ကုန်းမှ တချို့ပွိုင့်ကုန်းများကို ချင်းပူးပေါင်းတပ်က ထပ်မံ့သိမ်းနိုင်ခဲ့သည်ဟု သိရသည်။

ချင်းညီနောင်အဖွဲ့၏ စစ်ရေးတာဝန်ခံတဦးဖြစ်ပြီး CDF မင်းတပ်၏ စစ်ဦးစီးချုပ် ထန်းချွန်ဖေကလည်း တိုက်ပွဲကြာလာသည်နှင့်အမျှ စစ်ရေးအသုံးစရိတ်များ ပိုမိုလိုအပ်လာပြီး ဆက်လက်ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းသည်။

“အားလုံးက သိတဲ့အတိုင်း ဖလမ်းမြို့သိမ်းစစ်ဆင်ရေးက စကစက တော်တော်ကို လေကြောင်းပစ်ကူ တရက်ကို အခေါက် ၁၀၀ ကျော် ပစ်တာမျိုး ရှိတယ်။ ဒါပေမယ့်ကျနော်တို့က ဘယ်တော့မှ နောက်ဆုတ်မှာ မဟုတ်ဘူး။ ကျနော်တို့ လုပ်စရာရှိတဲ့အတိုင်း ကျနော်တို့ရဲ့ စစ်ဆင်ရေးစီမံချက်အတိုင်း ဆက်ပြီးတော့ သွားမှာ ဖြစ်ပါတယ်။ ဘယ်တော့မှ အရှုံးပေးမယ့် လူတွေ မဟုတ်ပါဘူး။ အားလုံးက ဝိုင်းဝန်ပြီးတော့ မိဘပြည်သူတွေက ငွေကြေးအားဖြင့်သော်လည်းကောင်း ထောက်ပံ့ကူညီပေးကြပါ” ဟု ထန်းချွန်ဖေက ပြောသည်။

မတ်လ ၁၁ ရက်မှ စတင်၍ စစ်ကောင်စီက နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ် များဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်နေသည်ဟု သိရသည်။

၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်ရှိ‌နေသေးသော ခလရ – ၂၆၈ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ရေး အတွက် ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိသည်။

ဖလမ်းတိုက်ပွဲတွင် စစ်ကောင်စီ ထိခိုက်သေဆုံးမှုများ အများအပြား ရှိနေပြီး ခလရ – ၂၆၈ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့လည်း တိုက်ပွဲတွင် သေဆုံးသွားသည်ဟူ၍ သတင်းများ ထွက်ပေါ်နေသည်။

ဖလမ်းမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ထွက်ပြေးသူများရှိသည့်အပြင် စစ်သုံ့ပန်များအဖြစ် ဖမ်းဆီးရမိသူ အများအပြား ရှိကြောင်း၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်ကျဆုံးမှုများ ရှိနေကြောင်း သိရသည်။

ဖလမ်းမြို့သည် စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းက မြို့တော်ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့များနှင့် ထိစပ်နေသကဲ့သို့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့်လည်း ဆက်စပ်နေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.