Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလထဲ ကလေးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး၊ ၅၀ ခန့်ဒဏ်ရာရ

ချင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အောက်တိုဘာလထဲ ကလေးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး၊ ၅၀ ခန့်ဒဏ်ရာရ

0
By Editor on October 28, 2025 Headline

(006SV)

ချင်းပြည်နယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလအတွင်း ကလေးငယ် များ အပါ အဝင် ၉ ဦးထက်မနည်း သေဆုံးပြီး ၅၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိကာ တချို့ဒေသမှာ လေကြောင်းရန်ကြောင့် မြို့နှင့်ရပ်ရွာကို ထွက်ခွာတိမ်းရှောင်မှုများ ဖြစ်နေသည်ဟု သိရသည်၊၊

အောက်တိုဘာလအတွင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဟားခါး၊ တွန်းဇံ စသည့်မြို့နယ်များတွင် ကလေးငယ်များ စာသင် နေသော ကျောင်းအဆောက် အဦးများ၊ ဌာနဆိုင်ရာ အဆောက်အဦးများ၊ လူနေအိမ်များ၊ ပွဲအခမ်းအနားများကို ပစ်မှတ်ထား၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ပြည်သူများ ပိုမိုသေဆုံးရသည်ဟု ချင်းတော်လှန်ရေး အင်အားစုများက ပြောသည်။

ကန်ပက်လက်မြို့ပေါ်ကို အောက်တိုဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးပြီး ၁၅ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ရှိမှာ ကတုတ်ကျင်းများ ထပ်ထပ်တူးကြရန်နှင့် ပွဲအခမ်း အနားများ ကျင်းပခြင်း မပြုလုပ်ရန် ကြေညာထားရသည်။

“ကျနော်တို့ ကျင်ဒွေးနဲ့ ကန်ပက်လက်ကို ပြန်လည်သိမ်းပိုက် ရယူပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သူတို့ လက်လွှတ်ဆုံးရှုံးရလို့ ဖြစ်မယ်၊၊ ကျနော်တို့ကို လေကြောင်းကနေ အကြိမ်ကြိမ်နဲ့ ပြန်တိုက်ခိုက်နေတာ ရှိတယ်။ စစ်ကောင်စီရဲ့ ဒီဆိုးဝါးတဲ့ တိုက်ခိုက်မှု တွေမှာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေ များစွာ ဆုံးရှုံးရတာတွေ ရှိတယ်။ အဲဒါကြောင့် လေကြောင်းရန် ကာကွယ်တဲ့ ကတုတ်ကျင်းတွေ တူးဖို့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော် ထားတာဖြစ်ပါတယ်။ အဓိကက ပြည်သူတွေရဲ့ အသက်လုံခြုံ အောင်အတွက် ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ ပြည်သူတွေ တူးထားဖို့၊ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်” ဟု CDF – ကန်ပက်လက်မှ ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

ယခုလထဲ ချင်းတောင်ပိုင်း မတူပီမြို့ပေါ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ခပ်စိပ်စိပ် ပြုလုပ်လာမှုများကြောင့် မတူပီမြို့ပေါ်နဲ့ ကျေးရွာတချို့က ဒေသခံပြည်သူများသည် တခြားမြို့ ၊ ကျေးရွာများနှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဘက်သို့ အိုးအိမ်စွန့်ခွာ တမ်းရှောင်မှု ပိုများလားသည်ဟု သိရသည်။

“ဒီလအတွင်းမှာပဲ ရွာတွေဘက်မှာကော၊ မီဇိုရမ်ဘက်မှာကော တခြားမြို့နယ်တွေမှာ ပြန်ပြီး စစ်ဘေးရှောင်တာတွေ များလာတယ်။ အဓိကက မြို့ပေါ်ရောက်တဲ့ ပြည်သူတွေက စစ်ဘေးရှောင်တာ တော်တော် များလာတယ်။ အဓိကက လေကြောင်းရန်ကြောင့်ပဲ စစ်ဘေးရှောင်ကြတာပါ။ မြို့ပေါ်မှာ ဒီလိုခဏခဏ လေကြောင်းကနေ ပစ်တာတွေ ရှိတော့ သူတို့အတွက် လုံခြုံမှု မရှိလို့ ပြန်ပြီး ရှောင်ကြတာပါ။ အကူအညီလိုအပ်တာက စစ်ဘေးရှောင်ကတော့ အစစအရာရာ လိုအပ်ချက်ရှိတယ်။ အခုလောလောဆယ်တော့ ကိုယ့်အမျိုးတွေဆီမှာ ခိုလှုံပြီးနေတာ ရှိတယ်၊၊ ကြာလာရင်တော့ ကိုယ်ဟာကို တဲထိုးပြီး နေရမယ့် အခြေအနေ ရှိမယ်” ဟု CDF – မတူပီ ပြောရေဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်ကိန်းက ပြောသည်။

မတူပီမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံးနှင့် မီးသတ်ရုံးအနီးအပါအဝင် နေရာတချို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ အဆောက် အဦးများ ထိခိုက်ပျက်စီးမှု ရှိနေသည်ဟု သိရသည်။

မင်းတပ်မြို့၊ ဝမ္မသူးကျေးရွာနှင့် ထင်ချောင်းကျေးရွာတို့က စာသင်ကျောင်းနှင့် ဘော်ဒါဆောင်များကို စစ်တပ်က ဂျက်ဖိုက်တာ များဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရာ ကျောင်းသား ၃ ဦးနှင့် မသန်စွမ်းအမျိုးသမီး ၁ ဦးတို့ သေဆုံးကြောင်း၊ ဟားခါးမြို့နယ်၊ ဗန်ဟားကျေးရွာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှုတွင် ကလေးငယ် ၂ ဦးသေဆုံးပြီး ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာများ ရရှိသည်။

“မင်းတပ်၊ မတူပီနဲ့ ကန်ပက်လက်ကို လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ လုပ်နေတယ်။ ခုရက်ပိုင်းက မတူပီကိုလည်း ခဏခဏ ကြဲနေတာ၊ သတင်းတွေသာ မတက်တာ။ ဒီနေ့လည်း မင်းတပ်မြို့ပေါ်က တစ်နေရာကို လေကြောင်းက ဗုံးကြဲသွားတယ်။ လူအနည်းငယ် ထိခိုက်တာ ရှိတယ်၊ အဆောက်အဦးတွေ ပျက်တယ်၊၊ အဲဒါက အသေးစိတ် မသိရသေးဘူး။ အခုက ပြည်သူတွေက အမြဲစိုးရိမ်စိတ် ကြောက်စိတ်နဲ့ဘဲ ကျီးလန့်စာ စားနေနေရတဲ့အခြေအနေပါ” ဟု ချင်းတောင်ပိုင်းက ဒေသခံတစ်ဦးက ပြောသည်။

စာသင်ကျောင်းဆောင်နှင့် အဆောက်အဦးများကို ပစ်မှတ်ထား၍ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မင်းတပ်နှင့် ဟားခါးမြို့နယ်တို့တွင် စာသင်ကျောင်းများကို ယာယီပိတ်ထားလိုက်ပြီးဖြစ်ကြောင်း မြို့နယ်ပအဖအဖွဲ့များက ကြေညာထားသည်။

စစ်တပ်သည် ထိုးစစ်ဆင်မည့် ဒေသများကို မြေပြင်စစ်ကြောင်း မရောက်နိုင်ချိန်တွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်လာမည့် အနေအထားမျိုး တွေ့နေရ၍ လူစုလူဝေးများကို ရှောင်ကာ ပြင်ဆင်မှုများ ပြုလုပ်ထားရန် စစ်ရေးလေ့လာသုံး သပ်သူများက အကြံပြုသည်။

“အခုက သူတို့ မြေပြင်ထိုးစစ်တွေ လာမယ့်မြို့တွေကို အရင်ဦး လေကြောင်းကနေ ဦးနှိမ်တိုက်ခိုက်တဲ့ ပုံစံမျိုးတွေ တောက်လျှောက် လုပ်လာတယ်။ အဲတော့ ကန်ပက်လက်၊ တွန်းဇံ၊ မင်းတပ်၊ ဖလမ်း အဲဒီမြို့နယ်တွေကို သေသေချာချာလေး ပိုဂရုစိုက်သင့်တယ်။ အဲဒီမြို့နယ်တချို့က ရွေးကောက်ပွဲ ဟန်ပြ လုပ်ကို လုပ်ရမယ်ဆိုတဲ့ အနေအထားမျိုးတွေ့ရတယ်။ ပြီးရင် နောက်တိုး ၃ မြို့နယ်မှာ လည်း ပြည်သူတွေအနေနဲ့ မြေပြင်စစ်ကြောင်းထိုး တာဖြစ်ဖြစ်၊ လက်နက်ကြီးဖြစ်ဖြစ်၊ လေကြောင်းကနေ ဖြစ်ဖြစ် တိုက်ခိုက်မှုတွေ ရှိလာနိုင်တာမို့ အရေးကြီးပစ္စည်းတွေ စားစရာတို့ ဗုံးခိုကျင်းတို့ ဒါတွေ ပြင်ဆင်ထားသင့်ပြီးလို့ အကြံပေးချင်ပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။

စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်တွင် ချင်းပြည်နယ်မှာ စစ်တပ်သည် အရပ်သားပြည်သူများကို စစ်ရေးပစ်မှတ်အဖြစ် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူ ၁၀၁ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP စာရင်းအရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.