Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလူငယ်လူရွယ်များကို ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်း ကန့်သတ်ဟု CDF – ပလက်ဝကြေညာ

ချင်းလူငယ်လူရွယ်များကို ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်း ကန့်သတ်ဟု CDF – ပလက်ဝကြေညာ

0
By Editor on December 22, 2025 Headline

(006SV)

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အရွယ် ရောက်ပြီးသူ လူငယ်များကို ပလက်ဝဒေသပြင်ပသို့ ထွက်ခွာခြင်း ကန့်သတ်လိုက်ကြောင်း သိရသည်။

CDF – ပလက်ဝ ထိန်းချုပ်ဒေသတွင်းရှိ လူငယ် လူရွယ်များ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များမှအပ အရွယ်ရောက်ပြီးသူ လူငယ်များကို ပလက်ဝဒေသ ပြင်ပသို့ ထွက်ခွားခြင်းကို ဒီဇင်ဘာလ ၂၀ ရက်မှ စတင်၍ ကန့်သတ်ကြောင်း CDF – ပလက်ဝက ကြေညာလိုက်သည်။

“လူငယ်တွေကို ပြင်ပထွက်ခွာခွင့် ကန့်သတ်လိုက်တာက လတ်တလောအခြေအနေမှာ ဒေသတွင်း လူငယ်တွေက ဒေသအပြင်ဘက်ကို အလုံးအရင်းနဲ့ ထွက်ခွာသွားတာတွေ ရှိတယ်။ အဲဒါကြောင့် အသွားအလာ ကန့်သတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုကန့်သတ်တာက ကျန်းမာရေး ကောင်းမွန်တဲ့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို ကန့်သတ်တာဖြစ်ပါတယ်။ ကျောင်းတက်ဖို့ သွားတဲ့ လူငယ်တွေ၊ ဆေးကုသဖို့ သွားတဲ့ လူငယ်တွေကို သွားခွင့်ပြုထားတာ ရှိပါတယ်။ ပြီးတော့ ဒီကာလမှာ ပြည်သူ့တော်လှန်ရေး ဖြစ်တဲ့အတွက် တနိုင်ငံလုံးမှာ ရှိတဲ့ ပြည်သူတရပ်လုံးနဲ့အတူတူ ကျနော်တို့လည်း တတပ်တအား ပါဝင်ဖို့ အရေးကြီးတယ်” ဟု ခူးမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ဥက္ကဌ ဆလိုင်းစောမြက ပြောသည်။

ဒေသခံ ချင်းလူငယ်များအနေဖြင့် တော်လှန်ရေးထဲတွင် ယခုထက်မက ပိုပါဝင်လာနိုင်ရန် ရည်ရွယ် လုပ်ဆောင် ခြင်းဖြစ်ပြီး လက်ရှိ တော်လှန်ရေးသည် ပြည်သူ့ တော်လှန်ရေးဖြစ်သည့်အတွက် နေရာစုံ၊ ကဏ္ဍဘက်ပေါင်းစုံမှ လုပ်ရမည့် အလုပ်များ အများအပြား ရှိနေသည့်အတွက် အင်အားလိုအပ်သည်ဟု သိရသည်။

ပလက်ဝဒေသခံတချို့ကတော့ CDF – ပလက်ဝအနေဖြင့် ယခုကဲ့သို့ ထုတ်ပြန်လိုပါက ဒေသခံများကို ကြိုပြီး ရှင်းပြသင့်ကြောင်း၊ ULA/ AA နှင့် ပလက်ဝကောင်စီ(PC)/ CDF – ပလက်ဝတို့သည် မဟာမိတ်မဟုတ်သည့် ဆက်ဆံရေး ရှိသည်ဟု ပြောဆိုထား သောကြောင့် လက်ရှိ ပလက်ဝဒေသတွင် ULA/AA က ဒေသခံလူငယ်များကို စစ်မှုထမ်းရရန် ဖမ်းဆီးခြင်းကို ကာကွယ်ပေး နိုင်ရမည်ဟု ပြောသည်။

“ပလက်ဝဒေသရဲ့ ကောင်စီဆိုပြီး တာဝန်ယူထားတဲ့ သူတွေအနေဖြင့် ပလက်ဝ ဒေသခံတွေကို အတင်းအဓမ္မ ဖမ်းနေတာကို မတားဆီးတဲ့အပြင် ဒေသခံ လူငယ်တွေကို ပြင်ပထွက်ခွာခွင့် ပိတ်ပင်လိုက်တာဟာ ဒေသခံ လူငယ်တွေကို ULA / AA ဆီဝင် ရောက်ရန် တွန်းပို့နေတာနှင့်တူတယ်။ လက်ရှိ ဒေသခံ အသက်မပြည့်တဲ့ သူတွေကော အေအေက ဖမ်းဆီးပြီး စစ်ပညာပေးတယ်လို့ ကျနော်တို့ သတင်းအတိကျ ရထားပါတယ်။ အေအေ ဖမ်းခေါ်သွားတဲ့ သူတွေကို စစ်သင်တန်းပြီးသွားတဲ့အခါ ရခိုင်ပြည်နယ် တိုက်ပွဲတွေမှာ ပို့ဆောင်သွားမှာ အရမ်းစိုးရိမ်နေရတယ်။ CDF – ပလက်ဝအနေနဲ့ ဒေသခံလူငယ်တွေ ပြင်ပထွက်ခွာခွင့် ပိတ်လိုက်တဲ့အချိန် အေအေက ဖမ်းဆီးခံလိုက်တဲ့ လူငယ်တွေအတွက် တာဝန်ယူ၊ တာဝန်ခံရမယ်လို့ မြင်တယ်။ ဒါဟာ လက်ရှိတော်လှန်ရေးကာလ၊ တော်လှန်ရေးအလွန် ကာလမှာလည်း သူတို့တာဝန်ယူရမယ်ဆိုတာကို သိထားစေချင်တယ်” ဟု ပလက်ဝဒေသခံတစ်ဦးက ပြောသည်။

ခူးမီးချင်းမျိုးနွယ်စုများ ရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) ဥက္ကဌ ဆလိုင်းစောမြကတော့ ULA/AA က ထိန်းချုပ်ထားသော ပလက်ဝဒေသတွင် AA က ဒေသခံလူငယ်များကို စစ်မှုထမ်းရန် စာရင်းကောက်ယူမှုသည် PC/ CDF – ပလက်ဝတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ပြောသည်။

“လတ်တလောမှာ ULA/ AA ဘက်ကလည်း လူငယ်တွေ စာရင်းကောက်တယ်လို့ သတင်းရထားတာ ရှိပါတယ်။ အဲဒါကြောင့် လူငယ်တွေက အင်အားအလုံးအရင်းနဲ့ ပြင်ပထွက်ခွာကြတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကိုလည်း တချို့ မသိနားမလည်တဲ့ လူတွေက ကျနော်တို့နဲ့ ပူးပေါင်း လုပ်နေတယ်လို့ ထင်တာ ရှိတယ်။ တကယ်တော့ သူတို့ အလုပ်ကို သပ်သပ်စီ သူတို့ လုပ်နေသလိုမျိုး၊ ကျနော်တို့ကလည်း ကျနော်တို့ အစီအမံနဲ့ကိုယ် သွားနေတာ ဖြစ်ပါတယ်” ဟု IKACC ဥက္ကဌ ဆလိုင်းစောမြက ပြောသည်။

ဒေသတွင်းရှိ လူငယ်လူရွယ်များအနေဖြင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ပလက်ဝတွင် ပူးပေါင်းပါဝင်ပြီး ဒေသကာကွယ်ရေး တာဝန် ထမ်းဆောင်ရေးမှာ ပြည်သူတိုင်း၏ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်သည်ဟု CDF – ပလက်ဝက ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကုန်မှစတင်၍ ULA/ AA သည် ပလက်ဝမြို့နယ်ရှိ ၎င်းတို့ထိန်းချုပ်ဒေသတွင် အမျိုးသား (၁၈ မှ ၄၅) နှစ်နှင့် အမျိုးသမီး (၁၈ မှ ၃၅) နှစ်အတွင်း ဒေသခံများကို စစ်မှုထမ်းရန် အမည်စာရင်း ကောက်ယူမှုများကြောင့် ပလက်ဝဒေသခံ ရာချီသည် ထပ်မံ၍ နေရပ်စွန့်ခွာထွက်ပြေးလာနေသည်ဟု သိရသည်။

ULA/AA သည် ပလက်ဝဒေသတွင် စစ်ဆေးရေးဂိတ်များ ချထားပြီး အသွားအလာစစ်ဆေး ခြင်းများ ပြုလုပ်ကာ စစ်မှုထမ်းရန် သတ်မှတ် အသက်အရွယ်ပြည့်သူများကို ခရီးသွာလာခွင့်မပြုဘဲ စစ်မှုထမ်း ရန်ပို့ဆောင်နေကြောင်း၊ စစ်မှုထမ်း အကျုံးမဝင် သူများကို ခရီးသွားလာခွင့် ပြုထာကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.