Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီကို ထောက်ခံကြောင်း CDF-မတူပီ၊ တပ်မဟာ (၂) ထုတ်ပြန်

ချင်းလဲန်းကောင်စီကို ထောက်ခံကြောင်း CDF-မတူပီ၊ တပ်မဟာ (၂) ထုတ်ပြန်

0
By Editor on May 15, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့နယ်အခြေစိုက် CDF – မတူပီ၊ တပ်မဟာ (၂) သည် နိုင်ငံရေး ရပ်တည်ချက်တွင် ချင်းလဲန်း ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဧပြီလ ၁၁ ရက်မှ ၁၂ ရက်ထိ CDF- မတူပီ၊ တပ်မဟာ – ၂၏ တပ်ရင်း တပ်မှူးများနှင့် ဒေသ အုပ်ချုပ်ရေးအဖွဲ့ များဖြင့် ညီလာခံ ကျင်းပခဲ့ပြီး ရပ်တည်ချက်နှင့် အခြေခံမှုများ ရေးဆွဲနိုင်ခဲ့ကြပြီးနောက် ချင်းပြည်နိုင်ငံရေး ရပ်တည်ချက်တွင် မတူပီမြို့နယ် ပြည်သူလူထု အများသဘောတူ ချင်းလဲန်းကောင်စီကို ထောက်ခံသည်ဟု CDF-မတူပီ တပ်မဟာ (၂) သတင်းနှင့် ပြန်ကြား ရေးဌာနက ယမန်နေ့ မေလ ၁၄ ရက်က ထုတ်ပြန်သည်။

CDF -မတူပီ၊ တပ်မဟာ (၂) တွင် တပ်ရင်း (၂) (အောက်ချင်းတပ်ရင်း)၊ တပ်ရင်း (၃) ( ကိုင်ဆီတပ်ရင်း)၊ တပ်ရင်း – ၄ (လီစန်တပ်ရင်း) နှင့် တပ်ရင်း- ၆ (အိုင်ခါခ်တပ်ရင်း) တို့ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် CDF – မတူပီ၏ တတိယအကြိမ် ညီလာခံမှာ နိုင်ငံရေးရပ်တည်ချက်တွင် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ICNCC ၊ ချင်းညီနောင်အဖွဲ့ဟူ၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး CDF – မတူပီသည် တပ်မဟာ (၂) ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

CDF – မတူပီ၊ တပ်မဟာ (၁) တွင် တပ်ရင်း – ၁ (လင်းယုန်တပ်ရင်း)၊ တပ်ရင်း – ၅ (ဆီးနိုင်တပ်ရင်း) ၊ တို့ ပါဝင်ပြီး ဧပြီလ ၁၀ ရက်က ချင်းညီနောင်အဖွဲ့ဝင် စတင်ပူပေါင်းပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

CDF – မတူပီ၊ လင်းယုန်တပ်ရင်းတွင် ၂၀၂၂ ခုနှစ်ကတည်းက ပူပေါင်းပါဝင်၍ စစ်အာဏာရှင်ကို တော်လှန်နေသော ထိုင်ဖုန်းဒေသကာကွယ်ရေတပ်ဖွဲ့ကလည်း ၂၀၂၄ မေလ ၁၀ ရက်က CDF- မတူပီ တပ်မဟာ -၁ နှင့် ချင်းညီနောင်တွင် ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

၂၀၂၁ အာဏာသိမ်းမှု အစောပိုင်းကာလတွင် မတူပီမြို့နယ်အတွင်း “မတူပီလုံခြုံရေးအဖွဲ့” အဖြစ် စတင်ဖွဲ့စည်းခဲ့ပြီးနောက် “မတူပီတော်လှန်ရေးတပ်ဖွဲ့” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ၂၀၂၁ ဧပြီလ ၁၀ ရက်တွင် CDF – မတူပီအဖြစ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

မတူပီမြို့နယ်အတွင်း မတူပီမြို့ပေါ် စစ်ကောင်စီ စခန်းများမှအပ ကျန်ကျေးလက်ဒေသများကို CDF – မတူပီ၏ ထိန်းချုပ်နယ်မြေအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.