Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်း

ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်း

0
By Editor on February 1, 2024 Headline

(006SV)

ချင်းလဲန်းကောင်စီက ချင်းပြည် အစိုးရအဖွဲ့ကို ၀န်ကြီးချုပ်နှင့် ၀န်ကြီးဌာန ၁၄ ခုဖြင့် ဖွဲ့စည်းကြောင်း ယနေ့ နွေဦးတော်လှန်ရေး ၃ နှစ်ပြည့်မြောက်သည့် ဖေဖော်၀ါရီလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ချင်းပြည်ကောင်စီညီလာခံ ပထမသက်တမ်း၊ ဒုတိယအကြိမ် ချင်းပြည်ကောင်စီအစည်းအ‌ေ၀◌းကို ဇန်န၀◌ါရီလ ၃၀ ရက်မှ ၃၁ ရက်နေ့အထိ ချင်းလုံမြို့တွင်ကျင်းပပြုလုပ်ရာတွင် ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားလွှတ်တော်ချုပ် နှင့် ချင်းပြည်လွှတ်တော်အပါအ၀◌င် မဏ္ဍိုင်ကြီး (၃) ရပ်ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဟု ချင်းလဲန်းကောင်စီက ယနေ့ထုတ် ပြန်သည်။

ကောင်စီ၀◌င် ၁၀၀ ဦးတက်ရောက်သော အဆိုပါအစည်းအ‌ေ၀◌းတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ် တင်မြှောက်ရေးကော်မတီမှ အဆိုပြု တင်သွင်းသော ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ ချင်းပြည် တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို အတည်ပြုခဲ့ခြင်းဖြစ်သည်။

အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အာမခံချက် ရှိသော ချင်းပြည် တည်ဆောက်ရေး၊ ချင်းအမျိုးသား တည်ဆောက်ရေးတွင် ချင်းအမျိုးသားပိုက်နက်နယ်မြေနှင့် ချင်းအမျိုးသားတစ်ရပ်လုံးကို ကာကွယ်စောင့်ရှောက်နိုင်ရေး၊ စစ်ရေးတွင် အမျိုးသားတပ်မတော်တည်ဆောက်ရေးနှင့် ချင်းအမျိုးသား လှုပ်ရှားမှုတွင် ချင်းပြည်သူလူထုတစ်ရပ်လုံး လက်တွဲ ပူးပေါင်း ပါဝင်ရေးတို့ကို အကောင်အထည်ဖော်သွားမည်ဟုဆိုပါသည်။

ချင်းပြည်ကောင်စီက ချမှတ်သည့် ရည်မှန်းချက် ပန်းတိုင်၊ မဟာဗျူဟာနှင့် နည်းဗျူဟာများကို ချင်းပြည်အစိုးရအဖွဲ့ အပါအဝင် မဏ္ဍိုင်ကြီး (၃) ရပ်က အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သိရသည်။

ချင်းပြည်ကောင်စီသည် မဏ္ဍိုင်ကြီး (၃) ရပ်ကို အခြေခံ၍ တော်လှန်ရေးကာလ ချင်းပြည်လူထု၏ ရေးရာ ကိစ္စအဝဝကို စီမံဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသားကိုယ်ပိုင် ပြဌာန်းခွင့် အားမခံချက် ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူးထောင်ရေးတို့တွင် စစ်ရေးနှင့် နိုင်ငံရေးကို ဟန်ချက် ညီညီဖော်ဆောင်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် လက်တွဲသွားမည်ဟု သိရသည်။

ချင်းပြည်အစိုးရအဖွဲ့ကို Pu Pa Thang က ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ၍ ဦးဆောင်သွားမည်ဖြစ်ပြီး ဝန်ကြီးဌာန (၁၄) ခုဖြင့် ဖွဲ့စည်းထားသည်။

ချင်းပြည်အစိုးရအဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Dr. Suj Khar၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thawng Za Lian ၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Robin ၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Sein Aung၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Cross Thang၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးအဖြစ် Dr. Sharon Par ၊ လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Manna Kee ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Joseph Lalramlawma ၊ အမျိုးသမီး၊ လူငယ််နှင့် ကလေးသူငယ်ရေး ရာဝန်ကြီးဌာန ဝန်ကြီး Pi Ni Sui Lian ၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Pu Mang Uk Khai ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thang Kam Lian ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Maung Oo ၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Hmun Rung Lian ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် Salai Za Thawng နှင့် ရှေ့နေချုပ် အဖြစ် Dr. Tial Hnin တို့ဖြစ်သည်။

ချင်းပြည် တရားလွှတ်တော်ချုပ်တွင် တရားသူကြီးချုပ် အဖြစ် Pu Thomas Thang Nou၊ တရားသူကြီးများအဖြစ် Pu Mana Sheing နှင့် Pu Thang Yen ဖြစ်ပြီး စာရင်းစစ်ချုပ်အဖြစ် Pu Chan Ham တို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကန့်သတ်မှုကြားမှ ဟားခါးမြို့နယ်ပြင်ပထွက်ခွါပြီး ပြန်မလာသူများကို တော်လှန်ရေးကာလအလွန်တွင်လည်း ပြန်လာခွင့်ပြုတော့မည်မဟုတ်ဟု CDF-Hakha ပြော

GZA၊ YDF ခေါင်းဆောင်နှင့်ရဲဘော်များ လုပ်ကြံပစ်ခတ်ခံရမှုကို အမှုမှန်ပေါ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းညီနောင်ကြေညာ

HPO/CDF-Hualngoram က ဒေသန္တရအုပ်ချုပ်ရေး ပြန်လည်ဖော်ဆောင်၊ ရိခေါဒါရ်မြို့ခံများအားလုံး နေရပ်ပြန်ရောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.