Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

0
By Editor on August 28, 2026 Headline

(006SV)

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရက ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ရှေးယခင်အဆက်ဆက် ကတည်းကတည်ရှိနေသည့် မျိုးနွယ်စု နှင့် ဒေသကို အခြေခံ ဖွဲ့စည်းထားသည်ဟု သိရသည်။

ချင်းပြည် (Chinland) တည်ဆောက်ခြင်း၊ ချင်းပြည်သူတို့၏ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ကျင့်သုံးပြီး ၂ နှစ်ခွဲကာလ အတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု အစီရင်ခံစာနှင့်ပတ်သက်၍ ယနေ့ ဩဂုတ်လ ၂၈ ရက်မှာ အွန်းလိုင်းမှတဆင့် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ချင်းလဲန်းကောင်စီတာဝန်ရှိသူများက ယင်းသို့ ပြောခြင်းဖြစ်သည်။

“ယခင် ၂၀၂၁ အာဏာမသိမ်းမှီ ကာလက တည်ရှိခဲ့သော အုပ်ချုပ်ရေးနယ်နိမိတ်များကို အခြေမခံဘဲ ရှေးယခင် အဆက်ဆက်ကတည်းက တည်ရှိရှင်သန်နေခဲ့သော ဒေသနှင့် မျိုးနွယ်စု နယ်နိမိတ်များကို အခြေခံ၍ ဖွဲ့စည်း ထားသည်” ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Kep Chin Thang က ပြောသည်။

မြို့နယ်နှင့် ဒေသ အစိုးရများသည် ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းခွင့် ရှိပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး အသီးသီးကို ဖော်ဆောင်ကြကာ မြို့နယ်နှင့် ဒေသများက စုပေါင်း၍ အောက်မှ အထက်သို့ ချဉ်းကပ်မှု ပုံစံဖြင့် ချင်းပြည်ကောင်စီကို အတူတကွ ဖွဲ့စည်း တည်ဆောက်သည်ဟု သိရသည်။

ချင်းပြည်ကောင်စီရှိ မြို့နယ်နှင့် ဒေသန္တရအစိုးရများမှာ Hakha Central Council ၊ Hualngoram Peoples Organization ၊ Kanpetlet Council ၊ Lautu People Affairs Council ၊ Maraland Council ၊ Matupi Township Council ၊ Mindat Council ၊ Ngawnland Peoples Council ၊ Paletwa Council ၊ Senthang Central Council ၊ Siyin Regional Council ၊ Tedim Township Council ၊ Thado Council ၊ Thantland Peng Council ၊ Tonzang Township Council ၊ Zanniatland People Organization ၊ Zopheiram Council ၊ Zotung Regional Council တို့အပြင် လက်ရှိမှာ စစ်ကိုင်းနှင့် မကွေးတို့အတွင်းပါဝင်နေသော ကလေး- ကဘော် – ဂန့်ဂေါဒေသအခြေပြု CDF- KKG စသဖြင့် ၁၉ ဖွဲ့ ရှိသည်ဟု သိရသည်။

ဒေသန္တရအစိုးရများကို ယခင်အစိုးရ အဆက်ဆက်က လစ်လျူရှုခဲ့သော ချင်းပြည် (Chinland) အတွင်း နှစ်ပေါင်းရာချီ တည်ရှိနေသော မျိုးနွယ်စုနှင့် ဒေသများကို အခြေခံ ထူထောင်ပြီး ဒေသန္တရ အစိုးရများကို မြို့နယ်နှင့် ဒေသ ဟူ၍ ၁၉ ခုအဖြစ် ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ချင်းပြည်ကောင်စီ၏ အုပ်ချုပ်ရေးစနစ်က လူဦးရေ နှစ်သိန်းခွဲကျော်ကို လွှမ်းခြုံထားပြီး နယ်မြေအားဖြင့် စတုရန်းကီလိုမီတာ ၃၀,၀၀၀ ခန့် ကျယ်ဝန်းကာ အိန္ဒိယနိုင်ငံနှင့် ကီလိုမီတာ ၄၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေ သည်ဟု အစီရင်ခံစာမှာ ဖော်ပြထားသည်။

လတ်တလောတွင် ချင်းအင်အားစုများအတွင်း ရင်ဆိုင်ကြုံတွေ့နေရသော အမြင်မတူကွဲပြားမှုများကို ကျော်လွှာပြီး ချင်းအမျိုးသားတည်ဆောက်ရေးအတွက် ချင်းပြည်ကောင်စီက ဦးစားပေး ဆောင်ရွက်နေသည်ဟု ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Kep Chin Thang က အစီရင်ခံစာ၏ အမှာစာမှာ ရေးသားထားသည်။

ချင်းပြည်ကောင်စီ၏ မြို့နယ်နှင့် ဒေသ အစုအဖွဲ့ ၁၉ ခုတွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင် (CB) တို့၏ မြို့နယ်နှင့် ဒေသအစုအဖွဲ့များနှင့် ထပ်နေမှု ရှိ၊ မရှိကို မသိရသေးပေ။

ချင်းပြည်ကောင်စီကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး စစ်အာဏာရှင်တော် လှန်ရေးမှာ ပူးပေါင်းပါဝင်သော ချင်းလွှတ်တော်အစုအဖွဲ့၊ ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့နှင့် မြို့နယ်နှင့် ဒေသအစုအဖွဲ့တို့ဖြင့် စုပေါင်းတည်ထောင်ထားပြီး ချင်းပြည်ကောင်စီ ဦးဆောင်မှုအဖွဲ့ကို လူပုဂ္ဂိုလ် ၂၅ ဦးဖြင့် ဖွဲ့စည်းထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.