Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

0
By Editor on September 23, 2023 Headline

(003PT၊ 006SV)

ခုခံတော်လှန်စစ်အားကောင်းသည့် ချင်းပြည်နယ်တွင် တော်လှန်ရေးအင်အားစုများက ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိပြီး ယင်းအတွက် ဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို  မကြာသေးခင်က ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်ကောင်စီဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ယခုလ ၇ ရက်မှ ၉ ရက်နေ့အထိ အိန္ဒိယ-မြန်မာ နယ်စပ်တနေရာတွင် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၈) ဦးတိုသည့် (Pre-Plenary Meeting for Chinland Council) မျက်နှာစုံညီအစည်းအ‌ေ၀◌းကို အောင်မြင်စွာကျင်းပခဲ့ကြသည်ဟု Working Committee for Chinland Council Conference (WCCCC) က ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းမျက်နှာစုံညီအစည်းအ‌ေ၀◌းတွင် တော်လှန်ရေးကာလ ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (Chinland Constitution) ပေါ်ပေါ်လာရေး၊ ချင်းပြည်ကောင်စီ (Chinland Council) ဖွဲ့စည်းနိုင်ရေးနှင့် ချင်းပြည်၏ ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီးရင်ရေး မဏ္ဍိုင် (၃) ရပ်ကို ဖွဲ့စည်းထူ ထောင်နိုင်ရေးအတွက် ညီလာခံတစ်ရပ် ခေါ်ယူကျင်းပပြီး ဖော်ဆောင်ရန် တက်ရောက်သူ ကိုယ်စားလှယ်များက သဘောတူခဲ့ကြသည်ဟု သိရသည်။

အဆိုပါညီလာခံခေါ်ယူကျင်းပနိုင်ရေးအတွက် ညီလာခံဖြစ်မြောက်ရေးကော်မတီ Working Committee for Chinland Council Conference (WCCCC) ကို ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

မျက်နှာ စုံညီအစည်းအ‌ေ၀◌း၏ တာ၀◌န်ပေးအပ်မှုအရ WCCCC အနေဖြင့် တော်လှန်ရေးကာလ အတွင်း ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲခြင်းကိုဆောင်ရွက်လျက်ရှိပြီး  ချင်းလဲန်းကောင်စီ ညီလာခံ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းတို့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.