Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ ထိတွေ့မှုဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ ထိတွေ့မှုဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်

0
By Editor on October 13, 2024 Headline

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ ထိန်းချုပ်နယ်မြေထဲကို အာရက္ခတပ်တော် AA နဲ့ ချင်းညီနောင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေမှာရှိနေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

အာရက္ခတပ်တော် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နှင့် ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းဖြင့် CDF-Kanpetlet တပ်ရင်း ၇ အခြေချတပ်စွဲထားသော စခန်းအနီးပတ်ဝန်းကျင်အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံတပ်ရင်းဖြစ်သော CDF-Kanpetlet တပ်ရင်း ၇ ဘက်က နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမဖြစ်လိုသောကြောင့် တပ်ပြန်ရုပ်သိမ်းရန်ဆွေးနွေးခဲ့သော်လည်း AA နှင့် ချင်းညီနောင်ဘက်က လက်မခံဘဲ ဆက်လက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့အခြေအနေကြောင့် အချင်းချင်းပွတ်တိုက်မှုဖြစ်ပွားလာမည်ကို ယင်းဒေသတွင်နေထိုင်ကြသော ပြည်သူများက အလွန်စိုးရိမ်နေကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ကြားဝင်ညှိနှိုင်းပေးရန် ကြိုးစားခဲ့ကြသော်လည်း ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ရင်းများက လက်မခံကြကြောင်း ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။

ယခုအနေအထားသည် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဘက်က စစ်ကြောင်းပြန်မလှည့်ဘဲ ဆက်ပြီးစစ်ကြောင်းထိုးလာမည်ဆို အပြန်အလှန်ပွတ်တိုက်မှုဖြစ်နိုင်သည့်အခြေအနေတွင်ရှိနေပြီး ကန်ပက်လက်ပြည်သူများက အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားကြမည်ကို အလွန်အမင်းစိုးရိမ်နေကြသည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော CDF-Kanpetlet တပ်ဖွဲ့တွင် တပ်ရင်း ၇ ရင်းရှိခဲ့ပြီး ယင်းအနက် တပ်ရင်း ၅ ရင်းဖြစ်သည့် တူမီးတပ်ရင်း၊ ဝကောက်တပ်ရင်း၊ ဗစ်တိုရိယတပ်ရင်း၊ ခေါနူးတပ်ရင်းနှင့် မဟူရာတပ်ရင်းတို့သည် ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းခဲ့သည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံ ထားကြယ်တပ်ရင်းဟုခေါ်သော တပ်ရင်း ၇ တစ်ခုတည်းသာ ချင်းလဲန်းကောင်စီဘက်တွင် ပူးပေါင်းခဲ့ကြောင်း သိရသည်။

နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သည့် Kkei Sing တပ်ရင်းမှာမူ CDF-Kanpetlet မှခွဲထွက်ပြီး CDF-Daai တပ်ဖွဲ့တွင် ပူးပေါင်းရပ်တည်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.