Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး ညီလာခံကို အားကောင်းသည့် ချင်းကာကွယ်ရေး (၄) ဖွဲ့က တက်ရောက်မည်မဟုတ်ဟု ကြေညာ

0
By Editor on December 6, 2023 Headline

(006SV)

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနှင့် ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းပြည်ကောင်စီ ညီလာခံကို ယခုရက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး မင်းတပ်နှင့် ကန်ပက်လက်အပါအဝင် အားကောင်းသည့် ချင်းကာကွယ်ရေးအဖွဲ့  (၄) ဖွဲ့ က တက်ရောက်မည်မဟုတ်ဟု ယင်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

မင်းတပ်မြို့နယ်၊ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို ကိုယ်စားပြု့သည့် နိုင်ငံရေးနှင့် တော်လှန်ရေးအဖွဲ့ အစည်းများဖြစ်ကြသော ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) တို့က ယင်းညီလာခံကို တက်ရောက်မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲထုတ်ပြန်ခဲ့သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA က ချင်းလဲန်းကောင်စီ ဖွဲ့စည်းရာတွင် ခြယ်လှယ်လွှမ်းမိုးထားပြီး မျှတမှုမရှိသောကြောင့် မပါဝင်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကာကွယ်ရေးဌာနအတွင်းရေးမှူး မိုးဆက်လျန်က ပြောသည်။

“CNF ရဲ့ သူဆွဲထားတဲ့ Constitution ရော၊ ချင်းလဲန်ကောင်စီ ဖွဲ့ထားတဲ့ မူကြမ်းရောက တရားမျှတမှု မရှိတော့ သူရဲ့ လွှမ်းမိုး ခြယ်လှယ်မှု အောက်ကပဲ သွားရမှာ ဒီမိုကရေစီ စံနှုန်းနဲ့လည်း မညီဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ ညှိတယ်။ ချင်းပြည်နယ်ရဲ့ ကောင်းကျိုးကို ပထမ ရှေ့ရှုတာ မဟုတ်ပဲနဲ့လေ အဖွဲ့တစ်ဖွဲ့ရဲ့ ကောင်းကျိုးကိုပဲ ရှေ့ရှု လုပ်တာဆိုတော့ ကျနော်တို့က ချင်းလူမျိုး တွေကို အတူတကွနဲ့ ကောင်းကောင်းမွန်မွန်မှာ ပြည်ထောင်စု နေရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် နေရာမှာပဲ ဖြစ်ဖြစ် ရခဲ့တယ်ဆိုရင်လည်း အားလုံးပြည်သူတွေ ပါဝင်နိုင်မယ့် နယ်စုံ အသီးသီးက ပါဝင်နိုင်မယ့် မြို့နယ်ပေါင်းစုံက ပါဝင်နိုင်တာကို လိုချင်တာပေါ့။ အဲလိုမဟုတ်ပဲနဲ့ သူတို့က ဖွဲ့ဖို့ ကြိုးစာတော့ ကျနော်တို့က မတက်ဘူးလို့ ဆုံးဖြတ်ထားတာပါ” ဟု မိုးဆက်လျန်က ပြောသည်။

ညီလာခံသည် ဒီမိုကရေစီ စံနှုန်းနှင့် မကိုက်ညီမှု၊ တန်းတူညီမျှရေး မရှိမှုကြောင့် ချင်းအမျိုးသားတစ်ရပ်လုံး၏ စည်းလုံးညီညွတ်ရေးကို ကိုယ်စားပြု ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း တွေ့ရှိရသည်ဟု ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ (CNO) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံးတို့က ယူဆသည်။

တော်လှန်ရေးကာလတွင် ချင်းအင်အားစုများသည် ချင်းပြည်နယ် အစိုးရ၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးကို CNF က ဦးဆောင်၍ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ တွေ့ဆုံဆွေးနွေမှုများ ပြုလုပ်ခဲ့ပြီး CNO/CNDF နှင့် ZFU/PDF-Zoland တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

အခုကျင်းပမည့် ညီလာခံတွင်မူ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) နှင့် ကန်ပက်လက်မြို့ နယ်ကောင်စီ/ CDF – ကန်ပက်လက် တို့လည်း ပါဝင်မတက်ရောက်မည့်အဖွဲ့ထဲ ပါဝင်လာခြင်းဖြစ်သည်။

CDF – ကန်ပက်လက် တပ်မဟာမှူး ဆလိုင်းထွန်းလိန်းထန်က “အခြေအနေအရ မတက်ဖြစ်ဘူးခင်ဗျ။ ဒီဇင်ဘာလအတွင်း ကျင်းပမယ်ကြားတော့ ကျနော်တို့အနေနဲ့ အားလုံးပူးပေါင်း ပါဝင်နိုင်မယ့် ၊ အားလုံး မပူးပေါင်း မပါဝင်နိုင်သေးရင် မကျင်းပသေးပဲနဲ့ ခဏဆိုင်းငံ့ဖို့ စာပို့ခဲ့တယ်။ WCCCC အလုပ်ကော်မတီကို ပို့ခဲ့တယ်။ အဲလိုဖြစ်ဖို့လည်း ကျနော်တို့ မျှော်လင့်ခဲ့တယ်။ အဖွဲ့စုံပါဝင်နိုင်မယ့် အရေးကို အဓိက ဦးစားပေး လုပ်ပြီးမှ ညီလာခံ ခေါ်ရင် ပိုအဆင်ပြေမယ်ပေါ့။ ကျနော်တို့ ပေးပို့တဲ့ စာအပေါ်မှာပဲ ရပ်တည်တဲ့သဘောပါ” ဟု ပြောသည်။

နိုဝင်ဘာလ ၂၀ ရက် ရက်စွဲဖြင့် ချင်းလဲန်းကောင်စီညီလာခံ ဖြစ်မြောက်ရေးကော်မတီထံသို့ ကန်ပက်လက် မြို့နယ် ကောင်စီက ပေးပို့သည့်စာတွင် “ချင်းပြည်တည်ထောင်ရေးတွင် အစုအဖွဲ့ စုံလင်စွာ ပါဝင်သော ဆွေးနွေးဆုံးဖြတ်ခြင်း မပါဝင်ဘဲ ဆောင်ရွက် ခြင်းသည် အနာဂါတ် ချင်းပြည်အတွင်း မလိုလားအပ်သော ပဋိပက္ခများကို အစပျိုုးရာလမ်းကြောင်းတစ်ခုသို့ ရောက်ရှိသွား စေမည်ကို အထူးစိုးရိမ်မိသည်” ဟု ရေးသားဖော်ပြထားသည်။

ထို့ကြောင့် အစုအဖွဲ့အားလုံး ပါဝင်အောင် ဆောင်ရွက်နိုင်ရေးအတွက် ညီလာခံကို စောလျင်စွာမခေါ်ယူဘဲ ဆိုင်းငံ့ထားရန် သဘောထားပေးပို့ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ညီလာခံမတက်ရောက်သော ချင်းအင်အားစုများနှင့်ပတ်သက်၍ ယင်းအဖွဲ့များ ပါဝင်တက်ရောက်ဖို့ လမ်းဖွင့်ထားပါသည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

ညီလာခံမတက်ရောက်သော အဖွဲ့များနှင့် ညှိနှိုင်းရေးကော်မတီတို့ကြား တွေ့ဆုံညှိနှိုင်းမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း သဘောတူညီမှုများ မရရှိခဲ့ပေ။

“ချင်းလဲန်ကောင်စီဖွဲ့စည်းဖို့ ညှိနှိုင်းမှုတွေလည်းရှိတယ်။ ညှိနှိုင်းရေးကော်မတီတွေနဲ့လည်း လုံးဝ ညှိနှိုင်းလို့ မရဘူးပေါ့နော်။ အဓိကက CNF ဘက်က အလျော့အတင်း မပေးတာပေါ့နော်။ သူတို့က ဒီတော်လှန်ရေးကိုပဲ ချုပ်ကိုင်တာမဟုတ်ပဲနဲ့ ပြည်သူ့အုပ်ချုပ်ရေးဖွဲ့တာကအစ၊ အစိုးရဖွဲ့တာမှာလည်း အချိုးမညီဘူးပေါ့နော်” ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကာကွယ်ရေးဌာနအတွင်းရေးမှူး မိုးဆက်လျန်က ပြောသည်။

ညီလာခံဖြစ်မြောက်ရေးကော်မတီထံသို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ချင်းလဲန်းကောင်စီဖြစ်မြောက်ရေး ညီလာခံကို ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ချင်းအမျိုးသားတပ်ဦး (CNF/CNA) နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ကျင်းပမည်ဟုသိရသည်။

ညီလာခံတက်ရောက်ရန် ရောက်ရှိနေသည့် မြို့နယ်တစ်ခုမှ ကိုယ်စားလှယ်တစ်ဦးက လက်ရှိတွင် ချင်းတော်လှန်ရေးအင်အားစု (၁၄) ဖွဲ့က ရောက်ရှိနေပြီဖြစ်သည်ဟု အတည်ပြုပြောသည်။

“ဒီညီလာခံကနေ ချင်းလဲန်းကောင်စီကို အတည်ပြုမယ်၊ အတည်ပြုပြီးရင်တော့ ချင်းလဲန်းကောင်စီရဲ့ အဓိက ဦးဆောင် ကော်မတီအထိတော့ ဒါ သွားဖို့ ရှိမယ်။ အတည်ပြုပြီးမှ။ ကျန်တဲ့ တခြားကော်မတီအကုန်လုံးကိုတော့ အပြီးအပြတ်တော့ ဖွဲ့နိုင်ဖို့က အချိန်ရှိမှ ဖွဲ့နိုင်မယ်၊ ဦးဆောင်ကော်မတီကတော့ ဖွဲ့နိုင်ဖို့ မျှော်လင့်ထားတယ်” ဟု ၎င်းက ပြောသည်။

ဖလမ်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားသော Zanniatland Peoples’ Organization (ZPO)/ CDF – Zanniatram က ချင်းလဲန်း ကောင်စီပေါ်ပေါက်လာရေးနှင့်အတူ Chin Nation Building လုပ်ငန်းစဉ်များတွင် CNF/CNA ၊ HPO/ CDF- Hualngoram ၊ PDA – Tedim နှင့် တခြား CDF အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဒီဇင်ဘာလ ၅ ရက်က ထုတ်ပြန်သည်။

ထို့အပြင် ချင်းလဲန်ကောင်စီ ညီလာခံကို CDF တွန်းဇံအဖွဲ့သည် တွန်းဇံမြို့နယ်ကိုယ်စားပြု၍ တက်ရောက်မည်ဟု ထုတ်ပြန်သည်။

လာမည့် ၂၀၂၄ ဇန်နဝါရီလတွင် တော်လှန်ရေးကာလ ချင်းပြည်နယ်၏ အုပ်ချုပ်ရေးလုပ်ငန်းများကို ချင်းတော်လှန်ရေးအင်အားစု များက ကောင်းကောင်းလည်ပတ်နိုင်လိမ့်မည်ဟု CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နိုဝင်ဘာလက NST နှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.