Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

ချင်းလဲန်းဖွဲ့စည်းပုံအရ ချင်းအမျိုးသားတည်ဆောက်ရေးဖော်ဆောင်နေချိန် ဟန့်တားနှောင့်ယှက်မှုများကို တွန်းလှန်ဖယ်ရှားမည်ဟု CNF ဆို

0
By Editor on March 18, 2024 Headline

(006SV)

ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ချင်းအမျိုးသားနှင့် ချင်းလဲန်းကိုတည်ဆောက်နေသည့်အချိန်တွင် ဟန့်တားနှောင့်ယှက်သည့် လုပ်ရပ်မှန်သမျှ ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ပြောဆိုလိုက်သည်။

လာမည့် မတ်လ ၂၀ ရက်တွင် ကျရောက်မည့် ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့အတွက် ကြိုတင်ထုတ်ပြန်ချက်ကို ယနေ့ မတ်လ ၁၈ ရက်တွင် ထုတ်ပြန်ရာမှာ ချင်းအမျိုးသားတပ်ဦး CNF က ထိုကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားရေးမဏ္ဍိုင်များဖြင့် ချင်းအမျိုးသားနှင့် ချင်းလဲန်းကို တည်ဆောက်နေချိန်မှာ မဏ္ဍိုင်အသီးသီး၏ လုပ်ငန်းယန္တယားများအပေါ် ဟန့်တားနှောက်ယှက်သည့်လုပ်ရပ်မှန်သမျှကို ချင်း ပြည်သူနှင့်အတူ တွန်းလှန်ဖယ်ရှားသွားမည်’’ ဟု ၃၆ နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သို့သော် နိုင်ငံရေး ရပ်တည်ချက် တူညီသော နိုင်ငံ၊ အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်း CNF က ဆိုသည်။

နွေဦးတော်လှန်ရေးတွင် စစ်ရေး နှင့် နိုင်ငံရေးအကြပ်အတည်းများရင်ဆိုင်နေရသော စစ်ကောင်စီသည် စစ်မှုမထမ်းမနေရဥပဒေ ကို အသက်ပြန်သွင်းပြီး စတင်အကောင်အထည်ဖော်ဆောင်လာပြီဖြစ်သောကြောင့် ယင်းဥပဒေနှင့်အကျုံး၀င်သူများအနေဖြင့် ၎င်းတို့ထံအချိန်မှီ ပူးပေါင်းပါ၀◌င်လာကြရန်လည်း CNF တိုက်တွန်းတောင်းဆိုထားသည်။

ထို့အပြင် ချင်းလဲန်းနှင့် တဖက်မီဇိုရမ်ပြည်နယ်များတွင် မူးယစ်ဆေးဝါးများ မှောင်ခိုရောင်းဝယ်ဖောက်ကား မှုများကို အဖွဲ့ အစည်းအသီးသီးနှင့် ပူးပေါင်းပြီး ထိရောက်စွာ အရေးယူတိုက်ဖျက်သွားမည်ဖြစ်ကြောင်း CNF က ထုတ်ပြန်သည်။

မတ်လ ၂၀ ရက်သည် အာဏာရှင်စနစ်မှန်သမျှအမြစ်ပြတ်ချေမှုန်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းလဲန်း တည် ဆောက်ရေး၊ နိုင်ငံရေးနှင့် အမျိုးသားတန်းတူရေး အာမခံချက် ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF/CNA ကို စတင်ဖွဲ့စည်းခဲ့သောနေ့ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF/CNA စတင်ဖွဲ့စည်းသော မတ်လ ၂၀ ရက်နေ့ကို ချင်းတော်လှန်ရေးနေ့အဖြစ်သတ်မှတ်ပြီး ယခုနှစ်တွင် ၃၆ နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည်။

တော်လှန်ရေးကာလတွင် အသက်ပေးလှူသွားကြသည့် အာဇာနည်းများ၊ ကိုယ်အင်္ဂါတစိတ်တပိုင်း ပေးလှူသွားကြသည့် သူရဲကောင်းများကို ဦးညွတ်ဂါဝရပြုပါကြောင်း၊ အလားတူ ချင်းပြည်သူများ၏ စွန့်လွှတ် အနစ်နာခံမှု ၊ ပေးဆပ်မှုများအပေါ် ဂုဏ်ယူလေးစားကြောင်း CNF က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.