Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းလွှတ်တော်က ချင်းပြည်ကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေး ဦးစားပေး ဆောင်ရွက်နေ

ချင်းလဲန်းလွှတ်တော်က ချင်းပြည်ကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်ရေး ဦးစားပေး ဆောင်ရွက်နေ

0
By Editor on September 2, 2026 Headline

(006SV)

ချင်းပြည် (Chinland) ကာကွယ်ရေးဥပဒေ ရေးဆွဲပြဌာန်းနိုင်ရေးကို ချင်းပြည်လွှတ်တော်၏ ဦးစားပေး ရှေ့လုပ်ငန်းစဉ်အဖြစ် ပြင်ဆင်ဆောင်ရွက်နေကြောင်း ချင်းပြည်လွှတ်တော်ထံမှ သိရသည်။

အဆိုပါဥပဒေရေးဆွဲနိုင်ရေးအတွက် ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးက အဖွဲ့ခေါင်း ဆောင်အဖြစ် တာဝန်ယူထားပြီး ချင်းပြည်လွှတ်တော်နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ပေါင်းစပ်ညှိနှိုင်ရေးအဖွဲ့ (DCT)မှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။

“ချင်းလဲန်းကောင်စီကနေ DCT ကနေ ကျနော်တို့ကို ကာကွယ်ရေး ဥပဒေကြမ်း ရေးဆွဲဖို့ တာဝန်ပေးထားတယ်။ လတ်တလောမှာ DCT ကလည်း စုစည်းတာကို လုပ်နေကြတယ်၊၊ ချင်းပြည်အစိုးရတပ်ဖွဲ့ကို စုစည်းနေကြတဲ့ အချိန်ကြရင် ဒီကြားထဲမှာ ပဋိပက္ခ ဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို အရေးပေါ်အနေနဲ့ ကောင်စီကနေ ရေးဆွဲဖို့ ပြောလာတယ်။ ကျနော်တို့က အမြန်နဲ့ ရေးဆွဲလို့ ရတဲ့ ကိစ္စ မဟုတ်ဘူးဆိုပြီးတော့ ဒီကာကွယ်ရေးရဲ့ ကိစ္စကို လောလောဆယ်မှာ TOR ပုံစံနဲ့ ကျနော်တို့ ရေးဆွဲတယ်” ဟု ချင်းပြည်လွှတ်တော်ဥက္ကဌ Hung Naing က ပြောသည်။

ယင်းဥပဒေသည် ချင်းပြည်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ အခြေခံလိုက်နာရမည့် ဥပဒေမူဘောင်တစ်ရပ် ဖြစ်လာမည်ဖြစ်ပြီး ချင်းပြည်ကာကွယ်ရေးဥပဒေ မပြဌာန်းနိုင်မှီတွင် လုပ်ထုံးလုပ်နည်း လမ်းညွှန်ချက် (ToR) ဖြင့် ဆောင်ရွက်သွားမည်ဟု သိရသည်။

ToR မူဝါဒများကို ဩဂုတ်လကုန်ပိုင်းက ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ မြို့နယ်နှင့် ဒေသန္တရအဖွဲ့ အသီးသီးထံသို့ ပေးပို့ထားပြီဖြစ်သည်ဟု သိရသည်။

CDF များကို တော်လှန်ရေးကာလအတွင်း မတူညီသော နောက်ခံ အမျိုးမျိုးဖြင့် ဖွဲ့စည်းတည်ထောင်ထားကြရာ ဘုံသဘောတူ လက်ခံသော မူဘောင်တရပ် ပြင်ဆင်ဖော်ထုတ်ရေး လုပ်ငန်းမှာ အဖွဲ့အစည်းဆိုင်ရာအရ ဖြစ်စေ၊ နိုင်ငံရေးအရ ဖြစ်စေ စိန်ခေါ်မှုများ ရှိနေသည်ဟု ချင်းပြည်လွှတ်တော်ထံမှ သိရသည်။

“ကျနော်တို့အဖွဲ့က ကာကွယ်ရေး ဥပဒေ ရေးဆွဲပြီးမှ CDF ၊ မြို့နယ်နဲ့ ဒေသ အသီးသီးဆီကို ပထမဦးဆုံး ချပြမယ်။ သူရဲ့ လုပ်ငန်းစဉ်က နည်းနည်း များတဲ့အတွက်ကြောင့် အဲဒါပြီးမှ ဥပဒေကြမ်း ရမယ်၊ အဲဒါပြီးမှ လွှတ်တော်ကို ရောက်မယ်ဆိုတော့ ကျနော်တို့ အမြန်ဆုံး ကာကွယ်ရေး ဥပဒေကို ရေးဆွဲနိုင်ဖို့ကိုတော့ ဆုံးဖြတ်ချက် ချထားတယ်။ ကျနော်တို့ ရေးလာပြီးတဲ့ အပေါ်မှာ သက်ဆိုင်ရာ အားလုံး ၊ CDF အသီးသီးကရော CNA က တပ်တွေက ပြန်သုံးသပ်ပြီးမှ အဲနောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ လာဖို့ ဖြစ်တယ်” ဟု ချင်းပြည်လွှတ်တော်ဥက္ကဌ Hung Naing က ပြောသည်။

ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း အမိန့်ပေးစီးဆင်းမှု စနစ်တစ်ခုအောက်တွင် CNA နှင့် CDF များ စုစည်းနိုင် ရေးအတွက် ချင်းပြည်အစိုးရတပ်ဖွဲ့ ဖွဲ့စည်းမှု လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

ယင်းသည် ယခင်က တသီးတခြားစီ ရှိနေသော CDF ချင်းတော်လှန်ရေးတပ်ဖွဲ့များကို အရပ်သားအစိုးရ၏ ကြီးကြပ်ကွက် ကဲမှုအောက်တွင် တစုတစည်းတည်း ထားရှိနိုင်ရေးအတွက် အရေးကြီသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်ဟု ချင်းကာကွယ် ရေးဝန်ကြီးဌာနထံမှ သိရသည်။

“အရပ်သားအစိုးရ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အကုန်လုံး ထားရှိရေးဆိုတာက ချင်းလဲန်းဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၂၃ ရဲ့ အာမခံချက် ဖြစ်တယ်။ ပြီးရင် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ CNA နဲ့ CDF အကုန်လုံး ရှိမယ်။ လက်ရှိက ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာ ချင်းပြည်အစိုးရတပ်ဖွဲ့၊ တပ်ရင်းစုဖွဲ့မှုတွေကို အတိုင်း အတာတစ်ခုထိ ကျနော်တို့ ဆက်သွားနေတုန်းပါပဲ” ဟု ချင်းလဲန်းကောင်စီ အတွင်းရေးမှူး Salai Kep Chin Thang က ပြောသည်။

ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရသည် ဒေသန္တရအစိုးရများကို မြို့နယ်နှင့် ဒေသ ၁၉ ခုတွင် ရှေးယခင်အဆက်ဆက် ကတည်းကတည်ရှိနေသည့် မျိုးနွယ်စု နှင့်ဒေသကို အခြေခံဖွဲ့စည်းထားသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.