Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်ထဲ အပြီးသတ် ရွေးချယ်မည်

ချင်းလဲန်းအစိုးရ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များကို ယခုအပတ်ထဲ အပြီးသတ် ရွေးချယ်မည်

0
By Editor on January 23, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ချင်းတော်လှန်ရေးအင်အားစုများကိုယ်တိုင် ဖွဲ့စည်းသည့် ချင်းလဲန်းအစိုးရ၏ ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ တရားသူကြီးချုပ်နှင့် တရားရေးအဖွဲ့ဝင်များကို ယခုတစ်ပတ်ထဲ အပြီးသတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက ယနေ့မှာသတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၂- ၂၃ ရက်တွင် ချင်းပြည်နယ်၊ CNF ဌာနချုပ်၊ ချင်းလုံမြို့တွင် ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ဒုတိယ အကြိမ်အစည်းအဝေးကို ကျင်းပခဲ့သည်ဟု သိရသည်။

ယင်းအစည်းအဝေးတွင် ချင်းလဲန်းအစိုးရအဖွဲ့ (Government of Chinland) ၏ ဝန်ကြီးချုပ်၊ ဝန်ကြီး၊ ရှေ့နေချုပ်၊ စစ်ရင်းစစ်ချုပ် ရာထူးများ၊ Supreme Court of Chinland ၏ တရားသူကြီးချုပ်၊ တရားသူကြီး ရာထူးနေရာများကို အစုအဖွဲ့အသီးသီးမှ ပေးပို့သည့် အဆိုပြုစာရင်းများမှ ညှိနှိုင်းရွေးချယ်ခြင်းကို ဆောက်ရွက်လျက်ရှိသည်ဟု သိရသည်။

ယင်းတို့ကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းရွေးချယ်ခြင်းကို အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၆ ရက်ကလည်း ချင်းလဲန်းကောင်စီ၏ ဦးဆောင်မှုဖြင့် ချင်းအမျိုးသားတပ်မတော် CNF/CNA နှင့် ဒေသန္တရ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများသည် ချင်းလဲန်းအစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ချင်းလဲန်းကောင်စီမှ တွဲဖက်အတွင်းရေးမှူး – ၁ ဆလိုင်းထက်နီကို မေးမြန်းရာတွင် အသေးစိတ်မည်သည့်အချက်မှ မဆွေးနွေးရသေးသောကြောင့် လတ်တလောတွင် မှတ်ချက်ပြုစရာမရှိကြောင်း ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ရွေးချယ်တင်မြှောက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၂၃ ဒီဇင်ဘာလ ၁၂ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး Government of Chinland နှင့် Supreme Court of Chinland ဖွဲ့စည်းနိုင်ရေး အစုအဖွဲ့အသီးသီးမှ ပေးပို့သည် အဆိုပြုအမည်စာရင်းများကို လက်ခံကာ စိစစ်လျက်ရှိသည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် CNF/CNA ၊ ချင်းကာကွယ်ရေးအဖွဲ့ (CDF) ၁၄ ဖွဲ့နှင့် ချင်းလွှတ်တော်ကိုယ်စားလှယ်တချို့တို့ ပါဝင်သည်ဟု သိရသည်။

ချင်းလဲန်းကောင်စီတွင် မပါဝင်သည့် ချင်းတော်လှန်ရေးအင်အားစုများလည်း ရှိနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.