Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအင်အားစုအချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းနေမှုကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် NUCC ထုတ်ပြန်

ချင်းအင်အားစုအချင်းချင်းကြား လက်နက်ဖြင့် ဖြေရှင်းနေမှုကို နိုင်ငံရေးနည်းဖြင့် အဖြေရှာရန် NUCC ထုတ်ပြန်

0
By Editor on July 8, 2025 Khonumthung

(006SV)

ချင်းတော်လှန်ရေးအင်အားစုအချင်းချင်ကြား လက်နက်ဖြင့် ဖြေရှင်းမှုကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ပါဝင်ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်း ကြေညာသည်။

ယနေ့ ဇူလိုင်လ ၈ ရက်တွင် ချင်းပြည်တော်လှန်‌ရေး မိတ်ဖက်အင်အားစုများနှင့် ပတ်သက်၍ ပန်ကြားချက်ဟူ၍ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ – NUCC က ထုတ်ပြန်လာခြင်းဖြစ်သည်။

ချင်းပြည်တော်လှန်ရေး မိတ်ဖက်အင်အားစုများအနေဖြင့် တော်လှန်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို ဦးထိပ်ထား၍ အချင်းချင်းကြား လက်နက်စွဲကိုင် ဖြေရှင်းမှုများကို အမြန်ဆုံးရပ်တန့်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးအဖြေရှာကြပါရန် NUCC က မေတ္တာရပ်ခံ တောင်းဆိုသည်။

လိုအပ်ပါက ပဋိပက္ခဖြေရှင်းရေး ညှိနှိုင်းမှုများတွင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်သွားရန် အသင့်ရှိပါကြောင်းလည်း ပဋိပက္ခဖြစ်ပွားနေသော ချင်းအင်အားစုများကို အသိပေးသည်။

ချင်းပြည်တော်လှန်ရေး မိတ်ဖက် အင်အားစုများအကြား လတ်တလော ဖြစ်ပွားနေသော သဘောထားကွဲလွဲမှုများနှင့် နောက်ဆက်တွဲ ပွတ်တိုက်မှုမျာကို NUCC အနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်မိသည်ဟု ထုတ်ပြန်သည်။

ဇူလိုင်လ ၂ ရက်မှ စတင်ခဲ့သည့် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – ဟွာလ်ငိုးရမ်း နှင့် ချင်းညီနောင်အဖွဲ့ဝင် CNDF တို့ကြားက မျိုးနွယ်စုနှင့် ဒေသအရေးပဋိပက္ခသည် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ချင်းအင်အားစုများအကြား နယ်မြေများ အပြန်အလှန်သိမ်းလာကြကာ စစ်ရေးပဋိပက္ခမှာ ပိုမိုကျယ်ပြန့် ပြင်းထန်လာနေသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.