Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ်
ပုံစာ - CNO ဒု-ဥက္ကဌ (၁) Salai Peter Thang နှင့် CNDF စစ်ဦးစီးချုပ်အသစ် Salai Daniel

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF စစ်ဦးစီးချုပ်အပြောင်းအလဲပြုလုပ်

0
By Editor on August 30, 2023 Khonumthung

(03PT)

ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) သည် မကြာသေးခင်ရက်ပိုင်းက CNDF စစ်ဦးစီးချုပ်ရာထူး အပြောင်းအလဲပြုလုပ်ခဲ့ကြ သည်ဟု သိရသည်။ 

CNDF တွင် ယခင်က စစ်ဦးစီးချုပ်ရာထူးထမ်းဆောင်ခဲ့သော် Salai Peter Thang သည် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ၏ ဒု ဥက္ကဌ (၁) ရာထူးပေးအပ်ခံရပြီးနောက် လစ်လပ်သွားသော CNDF စစ်ဦးစီးချုပ်ရာထူးအတွက် Salai Daniel ကို သြဂုတ်လ ၂၆ ရက်နေ့က ခန့်အပ်လိုက်ကြောင်း CNDF က ထုန်ပြန်သည်။

“ချင်းအမျိုးသားအဖွဲ့ချုပ်ရဲ့ ဒုဥက္ကဌ ၁ နေရာကို ယုံယုံကြည်ကြည်ပေးအပ်ကြတဲ့ ဗဟိုကောင်စီ အဖွဲ့ဝင်များကို အထူးကျေးဇူးတင်ရှိပါတယ်။ အဖွဲ့ချုပ်က ပေးအပ်တဲ့ ချင်းအမျိုးသားရေးတာဝန်ကို ဆထက်တပိုး ထမ်းဆောင်သွား ပါမယ်လို့လည်း ဂတိပြုအပ်ပါတယ် ယခင် ဒုဥက္ကဌ ၁ သည် အမျိုးသား‌ရေး တာဝန်ထမ်းဆောင်ရင်း တိုင်းပြည်အတွက် အသက်ပေးဆပ်ခဲ့ရာ ၎င်းနေရာလစ်လပ်သဖြင့် လစ်လပ်နေရာတွင် တာဝန်ပေးခဲ့ကြခြင်း ဖြစ်ပါတယ်’’ ဟု Salai Peter Thang က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားသည်။

ချင်းအမျိုးသားအဖွဲ့ချုပ် CNO သည် နိုင်ငံရေးဦးဆောင်ပါတီဖြစ်ပြီး CNDF မှာ သူ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။

ယခု စစ်ဦးစီးချုပ်သစ်အဖြစ်ခန့်အပ်ခံရသော Salai Daniel သည် ယခင်က ကျောင်းဆရာတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း CDM လှုပ်ရှားမှုတွင်ပါ၀◌င်လာကာ လက်နက်ကိုင်တပ်ဖွဲ့ထဲ ၀◌င်ရောက်ပြီး CNDF စတင်ဖွဲ့စည်းအချိန်ကတည်းကပင် ပါ၀◌င်လာသူနှင့် တပ်မဟားမှူး (၁) ရာထူး ထမ်းဆောင်နေသူဟု သိရသည်။

Salai Daniel သည် CNDF တပ်မဟာမှူး ၁ ရာထူးတာဝန်ထမ်းဆောင်နေချိန်အတွင်း ကလေးမြို့နယ် နတ်ချောင်းကျေးရွာ တိုက်ပွဲအပါဝင် တိုက်ပွဲပေါင်းများစွာကို အောင်မြင်စွာဖော်ဆောင်နိုင်ခဲ့သည့်အပြင် လွန်ခဲ့သည့် ဧပြီလ ၁၀ ရက်နေ့ ဖလမ်းမြို့နယ် ဗာရ်ကျေးရွာရှိ စစ်ကောင်စီစခန်းကို စစ်ရေးနည်းဗျူဟာ ပြောင်မြောက်စွာ သိမ်းပိုက်လိုက်နိုင်ခဲ့မှုတွင်လည်း အဓိကဦးဆောင်သူတစ်ဦးဖြစ်သည်။

၂၀၂၁ နွေဦးတော်လှန်ရေး စတင်ပေါ်ပေါက်ချိန်တွင် ဖလမ်းမြို့နယ်အတွင်းရှိ ချင်းလူမျိုးများနှင့် ဖလမ်းမြို့နယ်မှ အထက်ချင်းတွင်း ဒေသ သို့ ရွေ့ပြောင်းနေထိုင်သော ချင်းလူမျိုးက CNDF ကို ၂၀၂၁ ဧပြီလတွင် စတင်ဖွဲ့စည်းပြီး တိုက်ပွဲပေါင်း ၁၃၀ ကျော် ဆင်နွှဲထားပြီဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.