Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက ပြန်လည်ပူးပေါင်းမည်ဟု မင်းတပ်ကောင်စီပြော

ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက ပြန်လည်ပူးပေါင်းမည်ဟု မင်းတပ်ကောင်စီပြော

0
By Editor on July 3, 2024 Headline

(006SV)

ချင်းအမျိုးသားကောင်စီ (မင်းတပ်) ကို လူထုကိုယ်စားပြုမှုဖြင့် ဖွဲ့စည်းလာပါက မင်းတပ်ကောင်စီအနေဖြင့် ပြန်လည်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထို့သို့ မဆောင်ရွက်နိုင်သော ကာလပတ်လုံး သီးခြားရပ်တည်ဆောင်ရွက်သွားမည်ဟု မင်းတပ်ကောင်စီက ပြောဆိုသည်။

ဇွန်လ ၂၄ ရက် ရက်စွဲဖြင့် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ CDF- မင်းတပ်၏ စစ်ဦးစီးချုပ် ထန်းချွမ်းဖေထံသို့ လိပ်မူ၍ မင်းတပ်ကောင်စီက စာပေးပို့ခဲ့သည့်စာတွင် ထိုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။

မင်းတပ်ကောင်စီသည် မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၄ နှင့် တိုက်နယ်အမှတ် ၁၁ ရှိ ပြည်သူများ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။

ယင်းတို့တိုက်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးလာသောအခါ ပြည်သူများ အကြိမ်ကြိမ် ထွက်ပြေးရခြင်းကြောင့် ၎င်းတို့ဒေသတွင် ချင်းကာကွယ်ရေးတပ် အားကောင်းလာရေးကို ဦးတည်လျက် ချင်းအမျိုးသားတပ်မတော်သို့ ရဲဘော်များ စေလွှတ်ခဲ့ကြသည်ဟု မင်းတပ်ကောင်စီကဆိုသည်။

ထိုရဲဘော်များ နေရပ်ဒေသသို့ ပြန်လာရခြင်းသည် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (CDF- Mindat) ကို ဆန့်ကျင်ရန်မဟုတ်ဘဲ စစ်ကောင်စီကို တော်လှန်ရာမှာ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်ကြောင်း မင်းတပ်ကောင်စီက ဇွန်လ ၂၄ ရက်က ထုတ်ပြန်သည်။

သို့သော်လည်း ဇွန်လ ၂၀ ရက်က CDF-Mindat မှ CNA ရဲဘော်များကို လာရောက်ပစ်ခတ်မှုသည် CDF – မင်းတပ် စစ်ဦးစီချုပ် ထန်းချွန်ဖေ၏ အမိန့်ဖြစ်ကြောင်း ကြားသိရသည်ဟု မင်းတပ်ကောင်စီက ထုတ်ပြန်သည်။

“မိမိတို့အနေဖြင့် ပြသနာများ ထပ်မံမဖြစ်ပွားလိုတော့ပါ။ ချင်းညီအစ်ကိုချင်း နောက်နောင်အထိ ထိတွေ့ ဆက်ဆံကြရမည်ဖြစ်၍ အချင်းချင်းအပေါ်၌ ပြန်လည်တုန့်ပြန်လိုခြင်း မရှိပါ။ ထို့ကြောင့် မိမိတို့မှ ညှိနှိုင်းသည့် အချက်များကို အလေးအနက် စဉ်းစားချင့်ချိန်စေလိုပါသည်” ဟု CDF – မင်းတပ် စစ်ဦးစီချုပ်ထံပေးပို့သော မင်းတပ်ကောင်စီ၏ စာတွင်ဖော်ပြထားသည်။

ထို့အပြင် ချင်းလဲန်းကောင်စီဖြစ်စေ၊ ချင်းညီနောင်ဖြစ်စေ ချင်းအချင်းချင်းသွေးထွက်သံယိုဖြစ်စေမည့်လုပ်ငန်းများ ဆက်လက်မလုပ်ဆောင်ဘဲ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ ချင်းအမျိုးသားတည်ဆောက်ရေးဖြစ်စဉ်အား ထိခိုက်စေသော လုပ်ငန်းများ ဆောင်ရွက်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း မင်းတပ်ကောင်စီက ထုတ်ပြန်သည်။

မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၄ နှင့် တိုက်နယ်အမှတ် ၁၁ ရှိပြည်သူများသည် ချင်းအမျိုးသားတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်နိုင်ရေးအတွက် ယခုနှစ် ဇန်နဝါရီလ၂၈ ရက်နေ့တွင် မင်းတပ်ဒေသ (၁) ကောင်စီကို ဖွဲ့စည်းကာ ချင်းလဲန်းကောင်စီနှင့် ပူးပေါင်းခဲ့သည်။

ထို့နောက် ယခုနှစ် ဇွန်လ ၃ ရက်နေ့အစည်းအဝေးတွင် မင်းတပ်ဒေသ (၁) ကောင်စီကို “မင်းတပ်ကောင်စီ” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.