Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းအမျိုးသားတက္ကသိုလ် တက်ခွင့်ရမည့် အကြိုကောလိပ်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်မည်

ချင်းအမျိုးသားတက္ကသိုလ် တက်ခွင့်ရမည့် အကြိုကောလိပ်တန်းကို စက်တင်ဘာလမှာ ဖွင့်လှစ်မည်

0
By Editor on July 3, 2024 Headline

(006SV)

ချင်းတော်လှန်ရေးကာလတွင် အဆင့်မြင့်ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ချင်းအမျိုးသားတက္ကသိုလ် (CNU) ၏ အကြိုကောလိပ်တန်းများကို သက်ဆိုင်ရာမြို့နယ်၊ ဒေသများမှာ လာမည့် စက်တင်ဘာလအတွင်း တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန ဦးဆောင်မှုဖြင့် ဒုတိယအကြိမ် အဆင့်မြင့်ပညာ အလုပ်ရုံဆွေးနွေးပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပခဲ့ပြီး အကြိုကောလိပ်တန်းကို ရေးဆွဲချမှတ်နိုင်ခဲ့ကြောင်း ချင်းပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။

“အခု ထုတ်ပြန်ချက်က အကြိုကောလိပ်တန်းက ချင်းအမျိုးသားတက္ကသိုလ်မှာ အားလုံးဖွင့်လှစ်ဖို့ မဟုတ်ပဲ၊ မြို့နယ်၊ ဒေသ အသီးသီးမှာ အကြိုကောလိပ်တန်း ဖွင့်နိုင်တဲ့ ဒေသတွေရှိတယ်။ အဲဒါကြောင့် တစ်စုတစ်စည်းထဲ ပြဌာန်းမူ တစ်ခုထဲ ဖြစ် အောင်ဆိုပြီး ထုတ်ပြန်တာပါ။ ဒါက ဝန်ကြီးဌာနအနေနဲ့ အမိန့်ထုတ် ညွှန်ကြားချက် ထုတ်တာ မဟုတ်ပါဘူး။ သူတို့နဲ့ Workshop လုပ်ပြီး အခုဖွင့်ထားတဲ့၊ ဒါမှမဟုတ် ဖွင့်ဖို့တာစူနေတဲ့ မြို့နယ် ဒေသက အဆင့်မြင့်ပညာ ခေါင်းဆောင်တွေနဲ့ Workshop ကနေ စုစည်းဆုံးဖြတ်ပြီး ရလာတာတွေပါ” ဟု ဝန်ကြီးက ပြောသည်။

တော်လှန်ရေးကာလအတွင်း ချင်းပြည်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများ အဆင့်မြင့်ပညာ သင်ယူခွင့်ရရှိရေး ဖွင့်လှစ်မည့် ချင်းအမျိုးသားတက္ကသိုလ်ကို အကြိုကောလိပ်တန်း ပြီးမြောက်သူများသာ တက်ရောက်ခွင့်ရမည်ဟု ဇူလိုင် ၂ ရက်က ချင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြိုကောလိပ်တန်းများကို မြို့နယ်၊ ဒေသ (၃) ခုတွင် ဖွင့်လှစ်ထားပြီး မြို့နယ်၊ ဒေသ (၃) ခုတွင် ထပ်မံဖွင့်လှစ်ရန် ပြင်ဆင်နေကြကာ ကျန်မြို့နယ်များနှင့်လည်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ တချို့မြို့နယ်၊ ဒေသများထံမှ အကြောင်းပြန်ကြားမှု သတင်းများ မရရှိသေးကြောင်း သိရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလကို နောက်အကျဆုံးအဖြစ် သတ်မှတ်၍ အကြိုကောလိပ်ကျောင်းများကို ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

အကြိုကောလိပ်ဖွင့်လှစ်နိုင်သော မြို့နယ်၊ ဒေသများသည် မဖွင့်လှစ်နိုင်သေးသော မြို့နယ်၊ ဒေသများမှ ကျောင်းသား၊ ကျောင်း သူများ၏ နေထိုင်၊ စားသောက်မှုများကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးရန် ဆွေးနွေး သဘောတူထားကြောင်း သိရသည်။

“သူတို့ဘက်က အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်ပေးပါမယ်လို့ ဆွေးနွေးထားတာရှိပါတယ်။ သဘောတူထား တာပေါ့နော်။ တော်လှန်ရေးကာလဖြစ်တဲ့အတွက် တော်လှန်ရေး တာဝန်ထမ်းဆောင်တယ် ခံယူပါတယ်။ ဖွင့်လှစ်ထား နိုင်တဲ့ မြို့နယ်ဒေသ တွေမှာ မဖွင့်လှစ်နိုင်သေးတဲ့ မြို့နယ်ဒေသက ကျောင်းသားတွေကိုလည်း နွေးနွေးထွေးထွေး ကြိုဆိုလက်ကမ်းနေပါတယ်” ဟု ချင်းပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။

အကြိုကောလိပ်တန်းကို ၈ လကြာ ဖွင့်လှစ်သင်ကြားနေချိန်တွင် ချင်းအမျိုးသားတက္ကသိုလ်၏ အခြေခံအဆောက်အအုံများ အပါအဝင် လိုအပ်ချက်များကို အလျင်အမြန် ဖြည့်ဆည်းဆောင်ရွက်သွားမည်ဟု သိရသည်။

ချင်းအမျိုးသားတက္ကသိုလ်ကို ဖွင့်လှစ်ပြီးပါကလည်း ယင်းတက္ကသိုလ်မှာ အကြိုကောလိပ်တန်းများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

အကြိုကောလိပ်သင်တန်းပြီးမြောက်သူများနှင့် ပထမနှစ်သင်တန်း သို့မဟုတ် တက္ကသိုလ်တစ်ပိုင်းတစ ရပ်ထားသူများအနေဖြင့် သက်ဆိုင်ရာအတန်းများအလိုက် တက်ရောက်နိုင်ကြောင်း သိရသည်။

အသက် ၁၈နှပြည့်ပြီး၍ စစ်ကောင်စီကျောင်း မတက်ရောက်သူများ၊ အာဏာမသိမ်းမှီက တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများ၊ အာဏာသိမ်းမှုကြောင့် တက္ကသိုလ် ဆက်မတက်သူများ တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အကြိုကောလိပ်တန်းသည် ဒီပလိုမာဘွဲ့ ပေးအပ်မည်ဖြစ်ပြီး ချင်းအမျိုးသားတက္ကသိုလ်ကို ဆက်မတက်ရောက်နိုင်သူများအနေဖြင့် ချင်းအမျိုးသားတည်ဆောက်ရေးကဏ္ဏနှင့် အရပ်ဖက်အဖွဲ့အစည်းများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ရန် သင်ကြားပေးမည် အစီအစဉ်လည်း ဖြစ်ကြောင်း သိရသည်။

ချင်းပြည်၏ အဆင့်မြင့်ပညာရေးကဏ္ဍတွင် ချင်းလူမျိုး အဆင့်မြင့်ပညာမှ CDM ဆရာ၊ ဆရာမများ၊ နိုင်ငံတဝန်း အဆင့်မြင့် ပညာကဏ္ဍမှ ဆရာ၊ ဆရာမများကို ပူးပေါင်းပါဝင်ပေးကြရန် ဖိတ်ခေါ်ကြောင်း ချင်းပညာရေးဝန်ကြီး Salai Cross Thang က ပြောသည်။

“ချင်းလူမျိုးအဆင့်မြင့်ပညာ CDM ဆရာ/မ များကို အထူးသဖြင့် ဖိတ်ခေါ်ချင်ပါတယ်။ ကျနော်တို့နဲ့ ဆက်သွယ်ပေးကြပါ။ အခု အဆင့်မြင့် ပညာက စတင်လည်ပတ်နိုင်ဖို့ ပြင်ဆင်နေပါပြီ။ အဲဒါကြောင့် ဘယ်သူ၊ ဘယ်ဝါဆိုတာ ကျနော်တို့ ချိတ်ဆက်ဖို့က အခက်အခဲအများကြီး ရှိနိုင်ပါတယ်။ ကျနော်တို့ဘက်က သတိမထားမိတာ၊ ဆက်သွယ်ဖို့ ကျန်ခဲ့တာတွေလည်း ရှိနိုင်ပါတယ်။ အမျိုးသားရေးစိတ်ဓါတ်၊ ပညာရေးချစ်စိတ်ဓါတ်နဲ့ ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာနကို ဆက်သွယ်ပေးကြပါ။ ဒါမှမဟုတ်ရင် အဆင့်မြင့်ပညာရေးကော်မတီဥက္ကဌကိုလည်း ဆက်သွယ်ပေးကြပါ” ဟု Salai Cross Thang က ပြောသည်။

အကြိုကောလိပ်တန်းတွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ ပညာရပ်မိတ်ဆက်ခြင်းနှင့် ပညာသင်ယူမှု စွမ်းရည်၊ ချင်းအမျိုးသား တည်ဆောက်ရေးနှင့် ကာယပညာရေးတို့ကို အထူးပြု ဘာသာရပ်အဖြစ်မသင်သော အနည်းဆုံး သင်ကြားချိန် နာရီပေါင်း ၉၀၀ ကို သင်ကြားရမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.