Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆ ပညာသင်နှစ်တွင် မဟာဌာန ၃ ခုဖွင့်လှစ်မည်၊ သင်တန်းသားများ စတင်ခေါ်ယူနေ

ချင်းအမျိုးသားတက္ကသိုလ်မှာ ၂၀၂၆ ပညာသင်နှစ်တွင် မဟာဌာန ၃ ခုဖွင့်လှစ်မည်၊ သင်တန်းသားများ စတင်ခေါ်ယူနေ

0
By Editor on October 21, 2025 Khonumthung

(004SS)

ချင်းပြည် (Chinland) အစိုးရ၊ ပညာရေးဝန်ကြီးဌာနလက်အောက်တွင် လည်ပတ်နေသော ချင်းအမျိုးသားတက္ကသိုလ် (CNU) မှ ၂၀၂၆ ပညာသင်နှစ်အတွက် မဟာဌာန ၃ ခုဖွင့်လှစ်တော့မည်ဖြစ်ပြီး တက်ရောက်မည့် သင်တန်းသားများ ခေါ်ယူနေကြောင်း အောက်တိုဘာလ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

အဆိုပါသင်တန်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ပညာရေးမဟာဌာန၊ ဥပဒေ ပညာမဟာဌာန၊ နည်းပညာနှင့် သက်မေးပညာမဟာဌာနအတွက် သင်တန်းသားများခေါ်ယူသွားမည်ဖြစ်သည်။

ပညာရေးမဟာဌာန မှ (၂) နှစ်ကြာ သင်တန်းများဖြစ်သော လုပ်ငန်းခွင်ပညာရေးဒီပလိုမာ၊ ဘွဲ့ကြိုပညာရေးဒီပလိုမာ နှင့် ဘွဲ့လွန်ပညာရေးဒီပလိုမာ သင်တန်းများအတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။

ထို့နောက် ဥပဒေပညာမဟာဌာန မှ (၄) နှစ်ကြာ ဥပဒေပညာဘွဲ့ သင်တန်းအတွက် ခေါ်ယူမည်ဖြစ်ကာ နည်းပညာနှင့် သက်မွေးပညာမဟာဌာန မှ (၂) နှစ်ကြာ ဒီပလိုမာသင်တန်းများဖြစ်သည့် လျှပ်စစ်အင်ဂျင်နီယာ (AGTI) နှင့် မြို့ပြ အင်ဂျင်နီယာ (AGTI) သင်တန်းများအား ခေါ်ယူမည်ဖြစ်သည်။

သင်တန်းအားလုံးအတွက် အခြေခံအားဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး၊ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီး ရပ်နားထားသူ၊ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့မရမီ ရပ်နားထားသူ သို့မဟုတ် အကြိုကောလိပ်အစီအစဉ်/BECA (NUG MoE/Chinland MoE) ပြီးမြောက်သူများ လျှောက်ထားနိုင်သည်။

ဘွဲ့လွန်ပညာရေးဒီပလိုမာသင်တန်းအတွက်မူ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ ဖြစ်ရမည်ဖြစ်သည်။

အထူးသဖြင့် ပညာရေးနှင့် ဥပဒေပညာ သင်တန်းများအတွက် လျှောက်ထားသူများသည် သင်တန်းပြီးဆုံးပါက ချင်းပြည် (Chinland) အတွင်းရှိ ပြည်သူ့ကျောင်းများ၊ စစ်ဘေးရှောင်ကျောင်းများ သို့မဟုတ် တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်သည့် မည်သည့်နေရာတွင်မဆို တာဝန်ထမ်းဆောင်လိုသူများ ဖြစ်ရန် လိုအပ်သည်။

အလားတူ လျှပ်စစ်နှင့် မြို့ပြအင်ဂျင်နီယာသင်တန်းများအတွက်လည်း ချင်းပြည်တွင်း ပြည်သူကို အလုပ်အကျွေးပြုလို သူများ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

စိတ်ဝင်စားသူများသည် လျှောက်လွှာများကို သက်ဆိုင်ရာ မြို့နယ်/ဒေသပညာရေးဌာန သို့မဟုတ် Ministry of Education, Government of Chinland ၏ Facebook Page Messenger မှ Google Link တောင်းခံ၍ ရယူနိုင်ပြီး၊ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက် နောက်ဆုံးထား၍ chinnationaluniversity@gmail.com သို့ အီးမေးလ်ဖြင့် တင်သွင်းနိုင်သည်။

မှတ်ချက်အနေဖြင့်၊ ပဏာမရွေးချယ်ခံရသူများသာ ဝင်ခွင့်စာမေးပွဲဖြေဆိုရမည်ဖြစ်ပြီး၊ သင်တန်းကြေးကို စာရွက်စာတမ်း ကြေးမပါဘဲ လစဉ် ကျပ် (၂၀၀,၀၀၀) သတ်မှတ်ထားကြောင်းထုတ်ပြန်ထားပြီး တက္ကသိုလ်၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်သည်ဟုလည်း ချင်းအမျိုးသားတက္ကသိုလ်၏ ကြေညာချက်တွင် ပါရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 10, 2026

ဇမ်ပီးရွာရှိ ZRA-EC စခန်းကို ZNA က ဝင်ရောက်တိုက်ခိုက်ရာ ZRA-EC ရဲဘော်တစ်ဦးသေဆုံး

September 10, 2026

ဖလမ်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာထုတ်ယူရန် လျှောက်ထားနိုင်ပြီဟုဆို

September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.