Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်း၊ ရခိုင် အပါအဝင် လွတ်မြောက်ဒေသများကို အခြေခံပြီး တော်လှန်ရေးအားကောင်းအောင် လုပ်ရမည်ဟု NUG ပြော

ချင်း၊ ရခိုင် အပါအဝင် လွတ်မြောက်ဒေသများကို အခြေခံပြီး တော်လှန်ရေးအားကောင်းအောင် လုပ်ရမည်ဟု NUG ပြော

0
By Editor on October 3, 2025 Headline

(006SV)

ချင်း၊ ရခိုင်၊ ကချင် အပါအဝင် လွတ်မြောက်ဒေသများကို အခြေခံပြီး စစ်အာဏာရှင် တော်လှန်ရေးအားကောင်းအောင် စီစဉ်ဆောင် ရွက်ကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

ယနေ့ အောက်တိုဘာလ ၃ ရက်က NUG အစိုးရ၏ သတင်းဌာနတစ်ခုဖြစ်သော Public Voice TV နှင့် သီးသန့် အင်တာဗျူးတွင် NUG အစိုးရ၏ ဝန်ကြီးက ပြောကြားခြင်းဖြစ်သည်။

“ကျနော်တို့တစ်တွေ အခုချိန်မှာ လွတ်မြောက်ဒေသတွေ ရှိပါတယ်။ ရခိုင်မှာလည်း ရှိတယ်၊ ချင်းမှာလည်း ရှိတယ်၊ ကချင်မှာလည်း ရှိတယ်၊ ရှမ်းမြောက်မှာလည်း ရှိတယ်၊ ကရင်နီမှာလည်း ရှိတယ်၊ ကရင်မှာလည်း ရှိတယ်။ စစ်ကိုင်း၊ မကွေး၊ မန္တလေးမှာလည်း ရှိတယ်။ ဒီလွတ်မြောက်ဒေသတွေကို အခြေခံပြီး ကျနော်တို့ တော်လှန်ရေးကို အားကောင်းတဲ့ တော်လှန်ရေးအနေနဲ့ ဆက်တက်နိုင် အောင် စီစဉ်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေရဲ့ စိုက်ရေး၊ ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတအရေးတွေကနေ ရရှိလာတဲ့ ဘဏ္ဍာငွေနဲ့ တော်လှန်ရေးကို နောက်တစ်ဆင့်တက်ရမှာ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ ခိုင်မှာတဲ့ အခြေခံကောင်းတွေ တည်ဆောက်ကြရမှာဖြစ်ပါတယ်” ဟု NUG အစိုးရ၏ ဝန်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာဇော်ဝေစိုးက ပြောသည်။

လက်ရှိတွင် NUG အစိုးရနှင့် တော်လှန်ရေးအင်အားစုများက ထိန်းချုပ်စိုးမိုးထားသော နယ်မြေများသည် မလေးရှားနိုင်ငံ၏ အကျယ်အဝန်းနီးပါး ရှိနေပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

အဆိုပါဒေသများတွင် သယံဇာတတွေ ၊ စိုက်ပျိုးမွေးမြူးရေးတွေ၊ အသက်မွေးဝမ်းကျောင်းတွေ ၊ ကုန်သွယ် စီးပွားရေးတွေ တော်လှန်ရေးအင်အားစုများက လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ သယံဇာတအပေါ်မှ ရရှိသော ငွေကြေးများ မှန်မှန်ကန်ကန် ရရှိရေး ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။

စိုက်ပျိုးမွေးမြူးရေးက ဝင်ငွေကောင်းတွေ ရရှိရေး ၊ အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလာဒေရှ်၊ ထိုင်း နယ်စပ်ကုန်သွယ်ရေးက မှန်ကန်သော ဝင်ငွေ ရရှိစေရေးအတွက် မြေပြင်မှာ စီစဉ်ဆောင်ရွက်နေပြီး ကြပ်မတ်နေကြောင်း၊ အခွန်ကောက်ခံမှုများမှ ဝင်ငွေ ကောင်းမွန်စွာ ရရှိရေး ဆောင်ရွက်နေကြောင်း သိရသည်။

“ကမ္ဘာက အိမ်နားနီးချင်းတွေက ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ ကျနော်တို့ အားနဲ့ ဒီလွတ်မြောက်ဒေသတွေမှာ ထုတ်လုပ်မှုတွေ၊ တည်ဆောက်မှုတွေ ဖန်တီး ၊ တီထွင်ပြီးတော့ ကျနော်တို့ အားနဲ့ ကျနော်တို့ တော်လှန်ရေးကို အဆုံးသတ် နိုင်အောင် ဆက်ပြီး တိုက်ပွဲ ဝင်သွားကြရမှာ ဖြစ်တယ်လို့ ကျနော်အနေနဲ့ ပြောလိုပါတယ်” ဟု ပညာရေး ဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

လက်ရှိတော်လှန်ရေးတွင် ပြည်သူလူထု၏ ယုံကြည်မှုနှင့် ပူးပေါင်းပါဝင်မှုသည် နံပါတ် ၁ အရေးကြီးဆုံးဖြစ်ပြီး တော်လှန်ရေး ကာလအတွင်း‌ ကောင်းမွန်သော တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်းရေးနှင့် စီမံခန့်ခွဲနိုင်ရေးကလည်း အရေးကြီးသည်ဟု ဝန်ကြီးက ပြောသည်။

တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေး အသီးသီးကြားတွင် လက်ရှိအချိန်သည် ပေါင်းစည်းညီညွတ်စွာဖြင့် အတူတူတိုက်ပွဲ ဝင်ရမည့်အချိန်လည်း ဖြစ်သည်ဟုဆိုသည်။

“ကျနော်တို့ရဲ့ စည်းလုံး ညီညွတ်ရေးဟာ သိပ်ကို အရေးကြီးပါတယ်။ တော်လှန်ရေး အင်အားစုတွေ အချင်းချင်းကြားမှာ နားလည် မှုတွေ အပြန်အလှန်လေးစားမှုတွေနဲ့ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်။ ဒီအချိန်မှာမှ စည်းလုံးညီညွတ်မှု မရရင် ဘယ်တော့ ရ‌အောင် ယူကြမှာလဲလို့ ကျနော်အနေနဲ့ မေးခွန်းထုတ်ချင်ပါတယ်။ အားလုံးကိုလည်း တွန်းအားပေးချင်ပါတယ်။ တိုင်းရင်းသား တော်လှန်ရေး အသီးသီးနဲ့ တော်လှန်ရေး အင်အားစု အသီးသီးဟာ ဒီအချိန်ဟာ ပေါင်းစည်းကြရမယ့်အချိန်၊ ညီညွတ်ကြရမယ့် အချိန်၊ အတူတူတိုက်ပွဲ ဝင်ကြရမယ့်အချိန် ဖြစ်ပါတယ်” ဟု NUG အစိုးရ ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

NUG အစိုးရသည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ICNCC နှင့် ချင်းညီနောင်အဖွဲ့ စသည့် ချင်းတော်လှန်ရေး အင်အားစု အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.