Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်း-မကွေး အစပ်ဒေသမှာ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံး၊ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ အခက်အခဲကြုံနေရဟု AAPP ပြော

ချင်း-မကွေး အစပ်ဒေသမှာ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံး၊ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ အခက်အခဲကြုံနေရဟု AAPP ပြော

0
By Editor on November 16, 2026 Headline

(002MG)

ချင်း-မကွေးအစပ်ဒေသတွင် စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ပိတ်ဆို့မှုများကြောင့် ထောင်နှင့်ချီသော ဒေသခံပြည်သူများ စားနပ်ရိက္ခာအခက်အခဲများကြုံတွေ့နေကြရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကပြောသည်။

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်၊ မင်းတပ်နှင့် ကျင်ဒွေးမြို့များကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုသည် မေလမှစတင်၍ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခြင်း၊ လေကြောင်း နှင့် လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခြင်း အပြင် ချင်း-မကွေး အစပ်ရှိ ဒေသများကို ဖြတ်လေးဖြတ်ဗျူဟာကိုပါ ကျင့်သုံးလျက်ရှိသည်ဟု AAPP က ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင်ထုတ်ပြန်သည်။

ထိုသို့ ခြောက်လကျော်ကြာ ပြင်းထန်စွာ တိုက်ခိုက်ပိတ်ဆို့မှုများကြောင့် ကန်ပက်လက်မြို့နယ်တခုတည်းတွင်ပင် ဒေသခံပြည်သူ ၆၀၀၀ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ အကျပ် အတည်းနှင့်အတူ တချို့မှာ ကျန်းမာရေးပြဿနာများ ကို ကြုံတွေ့နေကြရသည်ဟု ဆိုသည်။

ထို့အပြင် ချင်းပြည်နယ်နှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများ ပြင်းထန်လာသည်နှင့်အမျှ စစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဘက်ဒေသများကို လေကြောင်းမှ အဆက်မပြတ် ပစ်မှတ်ထား တိုက်ခိုက် လျက်ရှိသည်ဟုသိရသည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ဗျာလစစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ သောကြောင့် ကလေးများအပါအဝင် အရပ်သား တဒါဇင် သေဆုံးခဲ့ပြီး ၂၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နိုဝင်ဘာ ၁၄ ရက် တရက်တည်းမှာပင် ပြည်သူများ အသုံးပြုလျက်ရှိသည့် တံတား (၅) စင်းထက်မနည်းကို ထပ်မံဖျက်ဆီးခဲ့သည်ဟု AAPP ကပြောသည်။

ထိုကဲ့သို့ ဆိုးရွားပြင်းထန်သည့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုကျူးလွန်ပြီး မြန်မာ့ အရေးနှင့် ပတ်သက်သည့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ခြင်းမရှိသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ခွင့် ဆက်လက် ပိတ်ပင်ထားမှုအပေါ် ကြိုဆိုသည် ဟုလည်း AAPP ကဆိုသည်။

ထို့အပြင် ပြစ်ဒဏ်မှကင်းလွတ်ခွင့်ရနေသည့် စစ်အုပ်စုကို အရေးယူနိုင်ရန်အတွက် အာဆီယံနိုင်ငံများက ဝိုင်းဝန်း လုပ်ဆောင်ပေးပါရန် တိုက်တွန်းသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်တပ်နှင့် သူ၏လက်ပါးစေများကြောင့် နွေဦးတော်လှန် ရေးကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်း သေဆုံးခဲ့သူ (၈၆၈၇) ဦး ရှိပြီ ဟု AAPP ရဲ့ စာရင်းအရသိရသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၂၄၁၀) ဦး ရှိပြီး ၎င်းဖမ်းဆီးခံရသူများထဲတွင် ထိန်းသိမ်းခံနေရ ဆဲဟု အတည် ပြုနိုင်သူ (၁၅၂၃၂) ဦးနှင့် အတည်ပြုရန်လိုအပ်ဆဲ (၇၇၂၅) ဦးသည်ဟု (AAPP) ၏ စာရင်း အရ သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

မင်းတပ်မြို့အနောက်ခြမ်းရှိ ကျေးရွာနှင့် နေရာတချို့ ဗုံးကြဲခံရ၊ ပြည်သူ ၂ ဦး သေဆုံး၊ ကလေးငယ်များ အပါအဝင် ၃ ဦး ဒဏ်ရာရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 4, 2026

“ကျူးလွန်ခံရတဲ့ လူတိုင်းက တရားမျှတမှုကို လိုလားပြီး တောင်းတနေကြတယ်”

September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 16, 2026

စစ်ရေးနှင့် နိုင်ငံရေးကို မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်မည်ဟု CPU/ CPA ဆို

November 16, 2026

ချင်းမြောက်တီးတိန် ပို့မည့် ကျပ် ၂ ဘီလီယံကျော်တန် ဘိန်းဖြူများနှင့် လူ ၇ ဦးကို ကလေးမြို့အနီး ဖမ်းမိ

November 16, 2026

ချင်း-မကွေး အစပ်ဒေသမှာ စစ်တပ်က ဖြတ်လေးဖြတ်ဗျူဟာကျင့်သုံး၊ ထောင်နှင့်ချီသော စစ်ဘေးရှောင်များ အခက်အခဲကြုံနေရဟု AAPP ပြော

November 13, 2026

ချင်းပြည်အစိုးရအဖွဲ့ အစည်းအဝေးမှာ လမ်းတံတားပြုပြင်ရေး၊ စစ်ဘေးရှောင်အရေးအပါအဝင် အချက် ၁၄ ချက်ကို ဆုံးဖြတ်ခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.