Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခွင့်ယူသော ရဲဘော်၊ ရဲမေများ ပြန်လာရန် ဆင့်ခေါ်ပြီး တစ်ပတ်အကြာမှာ ထက်ဝက်ခန့် ပြန်လည်သတင်းပို့လာ

ခွင့်ယူသော ရဲဘော်၊ ရဲမေများ ပြန်လာရန် ဆင့်ခေါ်ပြီး တစ်ပတ်အကြာမှာ ထက်ဝက်ခန့် ပြန်လည်သတင်းပို့လာ

0
By Editor on January 3, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် ခွင့်ယူထားသော ရဲဘော်၊ ရဲမေများ မိခင်တပ်ရင်းများသို့ ပြန်လည်ရောက်ရှိရန် ဆင့်ခေါ်ပြီး တစ်ပတ်အကြာတွင် ထက်ဝက်ခန့်သည် တော်လှန်ရေးတာဝန် ပြန်ထမ်းဆောင်ရန် ဆက်သွယ်သတင်းပို့ထားသည်ဟု CDF – မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းနိုင်ဂျွန်းက ပြောသည်။

“တော်တော်များများကတော့ အကုန်လုံး ပြန်စုံကြပါတယ်။ အဲဒီအထဲကမှ မလာနိုင်တဲ့လူကို ပြန်အတည်ပြုရမှာပေါ့။ အခုက ရပ်ဝေးမှာရှိတဲ့ ၂ ရက်ခရီး၊ ၃ ရက်ခရီး ဖြစ်မယ့်ဟာတွေနဲ့ လာမယ့်ဟာတွေရှိလို့ အဲဒါတွေကို စောင့်မယ်။ ရက်ကန့်သတ်ချက်က အဝေးဆုံးမှာရှိတဲ့လူကို ရက်နဲ့ တွက်ချက်ထားတာရှိတယ်။ တစ်ဝက်လောက်တော့ ပြန်ပြီးရောက်မယ်။ ကျန်တဲ့တစ်ဝက်ကတော့ သူတို့ ရွေ့ချယ်မှုမှာ မူတည်မှာပါ” ဟု သူက ပြောသည်။

CDF – မတူပီ၏ တပ်ရင်းများသို့ ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ ပြန်ရောက်ရှိရန် ဆင့်ခေါ်ထားသော်လည်း ရပ်ဝေးသို့ ရောက်နေသည့် ရဲဘော်များအတွက် တစ်ပတ်ဝန်းကျင် ထပ်မံ ရက်တိုးပေးထားသည်ဟု သိရသည်။

တချို့ရဲဘော်များသည် မိခင်တပ်ရင်းများသို့ ပြန်လာရန် လမ်းခရီးစရိတ်များ မရှိဘဲဖြစ်နေ၍ ငွေကြေးအခက်အခဲများလည်း ကြုံတွေ့နေရသည်ဟု CDF – မတူပီ တာဝန်ရှိသူက ပြောသည်။

သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းများသို့ မလာရောက်နိုင်ပါက ရဲဘော်၊ ရဲမေများ၏ အမည်စာရင်းမှ ပယ်ဖျက်သွားတော့မည်ဖြစ်ပြီး တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ရဲဘော်၊ ရဲမေ၏ ရသင့်ရထိုက်သော အခွင့်အရေးများ လုံးဝ ခံစားရရှိတော့မည်မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် CDF မတူပီတပ်ရင်း ၁ လင်းယုန်တပ်ရင်း၏ ဆင့်ခေါ်စာတွင် ဖော်ပြထားသည်။

သို့သော် ရဲဘော်၊ ရဲမေများသည် ကျန်းမာရေးစောင့်ရှောင်မှုနှင့် အခြားခိုင်လုံသော အကြောင်းရင်းတခုခုရှိပါက သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ တပ်ရင်းများသို့ အချိန်မီ သတင်းပို့ရန် လိုအပ်သည်ဟု သိရသည်။

CDF – မတူပီတွင် ကျန်းမာရေးခွင့်၊ မိသားစုအရေးခွင့်နှင့် အပြင်သွားခွင့် ဟူ၍ ခွင့်များ သတ်မှတ်ထားပြီး မိသားစုအရေးခွင့်နှင့် အပြင်သွားခွင့်ဖြင့် ခွင့်ယူထားကြသော ရဲဘော်/ရဲမေ တစ်ရာခန့်သည် မိခင်တပ်ရင်းများနှင့် အဆက်အသွယ်ပြတ်တောက်မှုများ ရှိနေသည်ဟု သိရသည်။

တချို့ရဲဘော်ရဲမေများသည် CDF- မတူပီသို့ ပြန်မလာဘဲ အဖွဲ့နာမည်ကို ကိုယ်ကျိုးအတွက် အလွဲသုံးစားမှုများရှိနေ၍ တပ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များကို စိစစ်မှုများလည်း ပြုလုပ်မည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.