(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ရိန်ဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်း(RKDF)မှ ခွင့်ရက်ကျော်လွန်ကာ ပျက်ကွက်နေသည့်ရဲဘော်များအား (၇) ရက်အတွင်း တပ်ရင်းထံသို့ ပြန်လည်တာဝန်ထမ်းဆောင်ရန် နောက်ဆုံး အကြိမ်သတိပေး ကြေညာလိုက်သည်။
ရက်တို/ ရက်ရှည် ခွင့်ယူထားပြီး ခွင့်ကာလကျော်လွန်သော်လည်း ယနေ့ချိန်ထိ တပ်ရင်းသို့ပြန်လည်ဝင်ရောက်လာခြင်း မရှိသော ရဲဘော်များအနေဖြင့် သတ်မှတ်ကာလ (၇) ရက်အတွင်း တပ်ရင်းသို့ အမြန် ဆုံးဝင်ရောက် ကာ ပျက်ကွက်ရ သည့်် အကြောင်းအရင်းအား တင်ပြရန်အတွက် ရိန်ဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
တပ်ရင်းမှ တရားဝင်ထွက်စာတင်ခြင်းမရှိဘဲ မိမိသဘောဆန္ဒဖြင့် တာဝန်မှ အနားယူသွားသည့် ရဲဘော် များ၊ တရားဝင် ထွက်စာတင်ထားသော်လည်း တပ်ရင်းခွင့်ပြုချက်မရသေးသည့်ရဲဘော်များ၊ တပ်မှ ပျက်ကွက်နေသူများအား ယခုအမိန့် စာဖြင့် အကျုံးဝင်သတ်မှတ်၍ သတ်မှတ်ကာလ (၇) ရက်အတွင်း တပ်သို့ ပြန်လည်ဝင်ရောက်ပြီး သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ရှင်းလင်းတင်ပြရန် အသိပေးထားသည်။
၎င်းအပြင် သတ်မှတ်ကာလအတွင်း ပြန်လည်ဝင်ရောက်ခြင်းမရှိပါက တပ်ရင်းစည်းမျဉ်း စည်းကမ်း များအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

