Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခွန်လီရွာအနီး စစ်ရေးအချက်ချာကျသည့် တောင်ကုန်းစခန်းတစ်ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်

ခွန်လီရွာအနီး စစ်ရေးအချက်ချာကျသည့် တောင်ကုန်းစခန်းတစ်ခုကို ချင်းပူးပေါင်းတပ် သိမ်းပိုက်

0
By Editor on April 15, 2026 Headline

(006SV)

ဖလမ်းမြို့ကို ဦးတည်ထိုးစစ်ဆင်နေသော စစ်ကော်မရှင် စစ်ကြောင်းများထဲက ခွန်လီရွာအနီး အမြင့်ဆုံး တောင်ကုန်းပေါ်မှာ အထိုင်ချတပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်၏ အရေးပါသည့် စခန်းကုန်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ရရှိသည်ဟု သိရသည်။

ဧပြီလ ၁၄ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ခွန်လီရွာအနီးဝန်းကျင်က စစ်တပ်စခန်းကုန်းကို ချင်းလဲန်းကောင်စီ နှင့် ချင်းညီနောင် ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး သိမ်းပိုက်ရရှိခြင်းဖြစ်သည်ဟု သိရသည်။

“ထုတ်ပြန်ချက်အတိုင်းပဲ မှန်ပါတယ်။ ကျနော်တို့ CC နဲ့ CB နဲ့ ပူးပေါင်းပြီးတော့ မနေ့က မနက်ကနေ စတင်တာပေါ့နော်။ စကစရဲ့ ခွန်လီဘက်မှာ စိုးမိုးထားတဲ့ ဒီအမြင့်ဆုံးတောင်ကုန်းကို ပြန်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ အကုန်လုံးကို ဆက်လက်တိုက်ထုတ် ဖို့ရန်အတွက်လည်း ဆက်လက်ကြိုးစားနေတဲ့ အခြေအနေမှာ ရှိပါတယ်” ဟု ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် လက်နက်ကြီး၊ လက်နက်ငယ် ၂၄ လက်ကျော်နှင့် ကျည်ခဲယမ်းများ၊ စတားလင့်၊ မြေမြှုပ်မိုင်းများနှင့် ပစ္စည်းမျိုးစုံသိမ်းပိုက်ရရှိသည်ဟု သိရသည်။

ယမန်နေ့က တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး ချင်းပူးပေါင်းတပ်များမှ ၄ ဦး ကျဆုံးသည်ဟု CNO/ CNDF က ထုတ်ပြန်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ CNA ၊ CNDF ၊ CDF – ဇိုတုန် နှင့် CDF – ဟွာငိုရမ်တို့မှ ရဲဘော်တစ်ဦးစီ ကျဆုံးပြီး ထိခိုက်ဒဏ်ရာ ရှိမှုများ ရှိနေသည်ဟု ပြောသည်။

ဖလမ်းမြို့၊ ဆူရ်းဘုန်လေယာဉ်ကွင်းနှင့် နယ်မြေချင်းနီးစပ်နေသည့် ခွန်လီရွာ အနီးဝန်းကျင်မှ အဆိုပါစခန်းကုန်းသည် စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းများအတွက် အရေးပါနေသော နေရာဖြစ်ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကော်မရှင်တပ်မှလည်း ထိခိုက်မှု၊ သေဆုံးမှုများ ရှိနေပြီး စစ်ကော်မရှင်တပ်သည် ယမန်နေ့က ခွန်လီရွာအနီး တိုက်ပွဲတွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု သိရသည်။

၂၀၂၅ နိုဝင်ဘာလဆန်းမှစတင်၍ ဖလမ်းမြို့သို့ ကလေး- သိုင်းငင်း နှင့် ကလေး- ဝေဘူလ – ဖလမ်း ကားလမ်းတို့မှတဆင့် စစ်အင်အား တစ်ထောင်ခန့်ဖြင့် လေကြောင်း၊ လက်နက်ကြီးပစ်ကူအများအပြားအသုံးပြုကာ ထိုးစစ်ဆင်နေသည့် စစ်ကော်မရှင်တပ်နှင့် ချင်းပူးပေါင်းတပ်များအကြား ယနေ့အချိန်အထိ ၅ လကြာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.