Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ငဖဲမြို့နယ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိဟု CDF – Asho ထုတ်ပြန်

ငဖဲမြို့နယ် အနီးတိုက်ပွဲတွင် စစ်ကောင်စီဘက် ၁ ဦးသေဆုံး၊ ၆ ဦးဒဏ်ရာရ၊ အမ်းမြို့နယ်မှ ထွက်ပြေးလာသော စစ်သုံ့ပန်း ၁၁ ဦးကို အရှင်ဖမ်းမိဟု CDF – Asho ထုတ်ပြန်

0
By Editor on January 6, 2025 Khonumthung

(004SS)

မကွေးတိုင်း၊ ငဖဲမြို့နယ် ညောင်ကိုင်းကျေးရွာအနီးတွင် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် CDF- ASho ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် ၁ ဦးသေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Chin Defense Force – Asho က ယမန်နေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်း ၇ နာရီခွဲအချိန်တွင် ငဖဲမြို့နယ်၊ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းစက်ရုံမှ ပဒါန်း-ငဖဲ-စေတုတ္တရာ ကားလမ်းအတိုင်း စေတုတ္တရာမြို့နယ်ဘက်သို့ ထွက်ခွာလာသည့် အင်အား ၅၀ ခန့်ပါ စစ်ကောင်စီ ကား ၂ စီးကို မင်းဘူးခရိုင်အမှတ် (၈) တပ်ရင်း၊ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် CDF – Asho ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ မိနစ် ၂၀ ခန့်ကြာ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်နေ့ ၂ ရက်အတွင်း၊ ရခိုင်ပြည်နယ် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလွတ်မြောက်လာသော စစ်ကောင်စီတပ်သားများအား CDF – Asho တပ်ဖွဲ့က ပိတ်ဆို့တားဆီးနိုင်ခဲ့ပြီး စစ်သုံ့ပန်း ၁၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ စစ်သုံ့ပန်း ၁၁ ဦးမှာ အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာနှင့် တောင်ဇောက်ကျေးရွာအနီးရှိ စခန်းများမှ ထွက်ပြေးလွတ်‌မြောက်လာသော စစ်ကောင်စီတပ်သားများဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသော စစ်သုံ့ပန်းများထံမှ လက်နက်ငယ် ၉ လက်အပြင် ခဲယမ်းနှင့် စစ်အသုံးအဆောင်များ သိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သော ဒီဇင်ဘာလကလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဦးတည်ချီတက်နေသည့် စစ်ကောင်စီတပ်အင်အား ၉၀ ပါ စစ်ကြောင်း ၂ ခုကို CDF – Asho က မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် ၂၅ ရက်မှ ၂၇ ရက် နေ့အထိ ၃ ရက်ဆက်တိုက် ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၇ ဦးအရှင်ဖမ်းမိ‌ခဲ့သည့်အပြင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရွယ်ရောက်ပြီးသူ ချင်းပြည်သူတရပ်လုံး စစ်မှုထမ်းရန် CNF အထူးတိုက်တွန်း

CDF – အရှို ရဲဘော်တစ်ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံး

NUG အစိုးရနှင့် ချင်းပြည်အစိုးရတို့ကြား လူသားစာနာကဏ္ဍမှာ ပူးတွဲ လုပ်ဆောင်မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.