Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ငလျင်ဘေးသင့်ပြည်သူများအတွက် ချင်းပြည် (Chinland) အစိုးရက ကျပ်သိန်း ၁၀၀၀ ထောက်ပံ့မည်

ငလျင်ဘေးသင့်ပြည်သူများအတွက် ချင်းပြည် (Chinland) အစိုးရက ကျပ်သိန်း ၁၀၀၀ ထောက်ပံ့မည်

0
By Editor on April 2, 2025 Khonumthung

အိန္ဒိယအစိုးရနှင့် အလှူရှင်များ ချင်းပြည်အစိုးရ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းခွင့်ပြုမည်၊ လုံခြုံရေးလည်း ယူပေးမည်ဟုဆို

(006SV)

ငလျင်ဘေးဒဏ်သင့်သည့် ပြည်သူများကို ချင်းပြည်(Chinland) အစိုးရက ကျပ်သိန်း ၁၀၀၀ ကူညီထောက်ပံ့သွားမှာဖြစ်ပြီး လူသားချင်းစာနာထောက်မှုအကူအညီပေးအပ်ရာမှာ အိန္ဒိယအစိုးရနှင့် အလှူရှင်များ ချင်းပြည်အစိုးရ ထိန်းချုပ်နယ်မြေကို ဖြတ်သန်းခွင့်ပြုမည့်အပြင် လုံခြုံရေးလည်းယူပေးမည်ဟု ချင်းပြည်အစိုးရပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းကပြောသည်။

မတ်လ ၂၈ ရက်က ရစ်ချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိသော အားပြင်းငလျင်ကြီးကြောင့် နိုင်ငံတဝန်းမှ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှု၊ ပျက်စီးမှု ပမာဏများပြားသော ငလျင်ဘေးဒဏ်သင့် ဒေသများက ပြည်သူများကို ကူညီထောက်ပံ့ပေးနိုင်သည့် နည်းလမ်း အများအပြားရှိသည် ချင်းပြည်အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာရွှေခါရ်းက ပြောသည်။

“နံပါတ်တစ်ကတော့ ကျနော်တို့ ချင်းလဲန်းအစိုးရအနေနဲ့ တိုက်ရိုက်ကူညီနိုင်တာကတော့ ငွေရေးကြေးရေးအနေနဲ့က သိန်း တစ်ထောင်လောက်ပဲ တတ်နိုင်တာပေါ့နော်၊ ဒါပေမယ့် အဲဒါမျိုး မဟုတ်ပဲနဲ့ ဥပမာ ၊ ဒဏ်ရာရတဲ့လူတွေ၊ ဆေးရုံးတွေ တက်ချင် တယ်ဆိုရင် ကျနော်တို့က ဆေးရုံပေါင်း ၁၈ နေရာ ဖွင့်ထားတယ်။ အဲဒီမှာ အခမဲ့ ဆေးကုလို့ ရတာပေါ့နော်။ နေဖို့ထိုင်ဖို့ ခက်ခဲ တယ်ဆိုရင် တကယ်လို့ ကျနော်တို့ ထိန်းချုပ်နယ်မြေမှာ နေချင်တယ်ဆိုရင် စီစဉ်ပေးပါမယ်” ဟု ဒေါက်တာရွှေခါရ်းကပြောသည်။

အိန္ဒိယဗဟိုအစိုးရအပါအဝင် အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငလျင်ဘေးဒဏ်သင့် မြန်မာသို့ ကူညီထောက် ပံ့မှုများပြုလုပ်ရာမှာ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ဆောင်မှုများနှင့် ပစ္စည်းများပို့ဆောင်ရာတွင် ချင်းပြည်အစိုးရ ထိန်းချုပ် ထားသည့် နယ်မြေများကို လွတ်လပ်စွာ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး လိုအပ်သည့် လုံခြုံရေး ကဏ္ဍများကိုလည်း ယူပေးမည်ဟု ချင်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရွှေခါရ်းက ပြောသည်။

“အခု ငလျင်ရဲ့ ပြင်းအားက တော်တော်ပြင်းတော့ သူရဲ့ ဖျက်ဆီးအားက တော်တော်လေး များတာဖြစ်ပါတယ်။ လောလော ဆယ်ကတော့ လူတွေအကုန်လုံးက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ထုတ်နိုင်ဖို့ အဓိက ကြိုးစားနေတာပေါ့။ ပြန်လည် တည်ဆောက်ရေးကို မလုပ်နိုင်သေးဘူး။ လူတွေရဲ့ အဓိက စားရေးသောက်ရေး၊ နေရေးထိုင်ရေး၊ ဆေးဝါးတွေ ခက်ခဲမှုကို အလျင်အမြန် ပြန်လည် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဆိုတော့ တော်တော်များများကတော့ အရေးပေါ် လေကြောင်းလိုင်းကပဲ အသက်ရှင်ကျန်ရစ်သူတွေ ကယ်ထုတ်နိုင်ဖို့ သူတို့ စီစဉ်နေတာ ဖြစ်တယ်။ မကြာခင်မှာပဲ လူသားချင်စာနာတဲ့ အကူအညီတွေက လုပ်ရတော့မှာ ဖြစ်တယ်။ တချို့ နိုင်ငံတွေ၊ တချို့ဒိုနာ (အလှူရှင်)တွေကတော့ မင်းအောင်လှိုင်နဲ့ စစ်ကောင်စီနဲ့ တိုက်ရိုက်လုပ်တာ မဟုတ်ပဲနဲ့ တခြားနည်းလမ်းနဲ့ လုပ်ချင်လာကြမယ်။ အဲလိုလုပ်တဲ့အခါမှာလည်း ဥပမာ – အိန္ဒိယဘက်ကနေ လုပ်ချင်တယ်ဆိုရင် အိန္ဒိယအစိုးရအပါအဝင် တခြားအလှူရှင်တွေ လုပ်ချင်တယ်ဆိုရင် ကျနော်တို့ ထိန်းသိမ်းနယ်မြေကို လွတ်လပ်စွာ ဖြတ်သန်းခွင့် ၊ လိုအပ်တဲ့ လုံခြုံရေး ယူပေးတာတို့ အဲဒါတွေ လုပ်ပေးလို့ ရပါတယ်။ အဲဒါက တော်တော်လေ ကြီးမားတဲ့ ကဏ္ဍမှာ ရှိပါလိမ့်မယ်” ဟု ဒေါက်တာရွှေခါးရ်က ပြောသည်။

ငလျင်ဘေးဒဏ်သင့်ပြည်သူများ အရေးပေါ် လိုအပ်လျက်ရှိသည့် ဆေးဝါးများ၊ စားနပ်ရိက္ခာများ၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည်ဟု ချင်းပြည်အစိုးရအဖွဲ့က မတ်လ ၃၀ ရက် ထုတ်ပြန်ထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ်မှစတင်၍ အိန္ဒိယ- မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် အဓိကအချက်အချာကျသော ရိခေါ်ဒါရ်မြို့နှင့် အိန္ဒိယမှ မြန်မာပြည်ထဲ ကုန်းလမ်းကြောင်းများ၊ ချင်းပြည်နယ်မှလမ်းမများ၊ ကုန်သွယ် ရေး လမ်းကြောင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

ထို့ကြောင့် အိန္ဒိယအစိုးရနှင့် ဒေသတွင်းအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် မြန်မာ့ငလျင်ဘေးကို ကူညီထောက် ပံ့ရာတွင် ချင်းပြည်အစိုးရ ထိန်းချုပ်နယ်မြေများကို လွတ်လပ်စွာ ဖြတ်သန်းနိုင်ရေး၊ လုံးခြုံရေးကဏ္ဍတွင်လည်း ကူညီမည်ဟု ချင်းပြည်အစိုးရက ပြောဆိုခြင်းဖြစ်သည်။

မတ်လ ၂၈ ရက်က လှုပ်ခတ်သည့် မြေငလျင်ကြီးသည် ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်များနှင့် မြောက်ပိုင်းက မြို့နယ်တချို့ တွင် အနည်းငယ်လှုပ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု၊ ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။

ဧပြီလ ၁ ရက် နံနက် ၈ နာရီအထိ ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတဝန်းတွင် သေဆုံးသူ ၂၇၁၉ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၄၅၂၁ ဦး၊ ပျောက်ဆုံးသူ ၄၄၁ ဦး ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကိုင်း၊ မန္တလေးအပါအဝင် ဒေသတချို့တွင် ကူညီကယ်ဆယ်ရေးများ အချိန်မှီမလုပ်ဆောင်နိုင်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပွားနေပြီး သေဆုံးသူများ၏ အပုပ်နံ့များလည်း ထွက်လာနေပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေ သူများက ပြောသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.