Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ငါးရစ်တက်ကာလအတွင်း နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်းမပြုရဟု ZZLMS ထုတ်ပြန်

ငါးရစ်တက်ကာလအတွင်း နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်းမပြုရဟု ZZLMS ထုတ်ပြန်

0
By Editor on October 9, 2024 Khonumthung

(004 SS)

ငါးရစ်တက်ကာလဖြစ်သည့်အတွက် ချင်းပြည်နယ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ငါးဖမ်းခြင်းများမပြုလုပ်ရန် ZZLMS ညီနောင်အဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြည်သူများသိစေရန် ကြေညာချက်ထုတ်ပြန်သည်။

အောက်တိုဘာလ ၈ ရက်နေ့မှစ၍ နိုင်ဝင်ဘာလ ၂၀ ရက်နေ့အထိ ဒိုင်နမိုဖြင့်ဖြစ်စေ၊ မိုင်းဖြင့်ဖြစ်စေ၊ ဆေးခတ်ခြင်းဖြင့်ဖြစ်စေ နည်းလမ်းအမျိုးမျိုးအသုံးပြုကာ ငါးဖမ်းခြင်းများ မပြုလုပ်ကြရန် သား၊ ငါး၊ သတ္တဝါထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ZZLMS က ထုတ်ပြန်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ငါးမဖမ်းရ သတိပေးချက်အား မလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်သူရှိပါက သက်ဆိုင်ရာအဖွဲ့အစည်း၏ ဥပဒေ၊ အမိန့်ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သား၊ ငါး၊ သတ္တဝါထိန်းသိမ်းခြင်းဆိုင်ရာ ထုတ်ပြန်ချက်ကို ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ZZLMS ညီနောင်အဖွဲ့၏ ၆ ကြိမ်မြောက်အစည်းအဝေးအတွင် ဆုံးဖြတ်ခဲ့ပြီးဖြစ်ကာ ယခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း CDF-Thantlang က ငါးရစ်တက်ချိန်ဖြစ်သည့်အတွက် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အများပြည်သူများအနေဖြင့် ငါးဖမ်းခြင်းလုံးဝမပြုကြရန် ထုတ်ပြန်ခဲ့သည်။

ZZLMS ညီနောင်မဟာမိတ်အဖွဲ့သည် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF – Zotung, CDF- Zophei ၊ CDF – Lautu ၊ CDF – Mara ၊ CDF – Senthang စသည့် ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်လွှတ်တော်ကအတည်ပြုလိုက်သည့် မီဇိုးလက်ထပ်ထိမ်းမြားခြင်းနှင့် အမွေဆက်ခံခြင်းဆိုင်ရာဥပဒေကို ပြန်ရုပ်သိမ်းရန် မီဇိုးအမျိုးသမီးများအသင်း (MHIP) တောင်းဆို

လောင်တလိုင်နှင့် ချင်းပြည်နယ်ဆက်သွယ်သည့်နယ်စပ်လမ်းကြောင်းပြန်ဖွင့်

နွေရာသီရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် တော်လှန်ရေးအဖွဲ့များ အသိပေးနှိုးဆော်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.