Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

0
By Editor on May 3, 2022 Featured

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနဲ့ ဆက်သွယ်မေးမြန်းချက်

ခိုနူမ်းသုန်သတင်း၊ ၂၈ ဧပြီ ၂၀၂၂

အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဧပြီလ ၂၂ ရက်နေ့က ရုပ်သံမိန့်ခွန်းကနေ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီကိစ္စအပေါ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ သဘောထားကဘယ်လိုရှိပါသလဲ။ CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး- အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်မှှုးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့အပေါ်မှာ ချင်းအမျိုးသားတပ်ဦး CNF ရဲ့ သဘောထားသိချင်ပါတယ်။

ဖြေ- ပထမဆုံးတချက်က ယနေ့မြန့်မာနိုင်ငံရေးပြဿနာက စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်တပ်ဖွဲ့ကြားမှာပဲဖြစ်တဲ့ နိုင်ငံရေးပြသနာ မဟုတ်တော့ဘူး။ စကစ နဲ့ ကျနော်တို့ EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ထဲ ဖြေရှင်းလို့ရမယ့် အကျပ်အတည်း မဟုတ်တော့ဘူး စကစ မွှေးလိုက်တဲ့မီးက ပြည်သူနဲ့ စကစကြား လောင်နေတဲ့ပြသနာမီး ဖြစ်သွားပြီ၊ ပြည်သူတရပ်လုံးပါဝင်တဲ့ ပြည်သူနဲ့ စစ်ကောင်စီတို့အကြားဖြစ်နေတာပါ။ ကျွန်တော်တို့ CNF အနေနဲ့ ဖိတ်ကြားမှုအပေါ်မှာ ဆွေးနွေးညှိနှိုင်းမှုတွေ ဘာတစ်ခုမှ မလုပ်သေးဘူး။

မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို တိုင်းရင်းသားလက်နက်တပ်ဖွဲ့တွေကို ဖိတ်ခေါ်တယ်လို့ ထင်ပါသလဲ။

ဖြေ- သူ့ရည်ရွယ်ချက်က နိုင်ငံတကာအမြင်မှာ နိုင်ငံရေးအရ အသာစီးရလိုတာ ဖြစ်နိုင်သလို သူတို့ပြောနေတဲ့ ၂၀၂၃ ရွေးကောက်ပွဲအတွက် ဒေသကာကယ်ရေးတပ်ဖွဲ့တွေကို ခြေမှုန်းပြီး ဒေသတည်ငြိမ်ရေးအတွက်ဆိုပြီး ရည်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။

မေး- ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကို်င််အဖွဲ့များအားလုံးကို သူကိုယ်တိုင်တွေ့ဆုံမယ်၊ ပြီးတော့နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင််ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများပြုလုပ်သွားမယ်ဆို ပြီးပြောသွားပါတယ်။ ဘာရလဒ်တွေထွက်ပေါ်လာနိုင်မယ်လို့ မျှော်လင့်လို့ရပါသလား။

ဖြေ – သူကိုယ်တိုင် တွေ့ဆုံခြင်းမတွေ့ဆုံခြင်း ကောင်စီအဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမှုလုပ်မည်ဆိုတာတွေက မထူးဆန်းပါဘူး အားလုံးက အတူတူပါ ကျနော်တို့လိုချင်တာရမလား ဆိုတာက ကျနော်ပြောမယ် ကဲ တွေ့ဆုံမယ်၊ မတွေ့ဆုံခင် တပြည်လုံး ချွင်းချက်မရှိ အပစ်ရပ်ပါလို့ တောင်းဆိုယင်ကော စကစဖက်က လက်ခံမလားပေါ့ ဒါကြောင့် မျှော်လင့်စရာ မရှိပါဘူး။

မေး- အဲဒီဆွေးနွေးပွဲမှာ တက်ရောက်မည့်သူ တိုင်ရင်းသားလက်နက်ကို်င်အဖွဲ့ခေါင်းဆောင်ထဲက နှစ်ဦးစီကို မေလ ၉ ရက်နေ့နောက်ဆုံးထားပြီးပြန်ကြားစေလိုပါတယ်လို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောပါတယ်။ ဆိုတော့ CNF အနေနဲ့ တက်ရောက်ဖို့စာရင်းပေးသွင်းဖို့ အစီအစဉ်ရှိပါသလား။

ဖြေ- အဲ့ကိစ္စနဲ့ပက်သက်ပြီးတော့ ကျွန်တော်တို့ ဆွေနွေးတိုင်ပင်မှုမလုပ်ဘူး။ မလုပ်သေးဘူး။

မေး- တခြားဘာများဖြည့်စွပ်ပြောလိုပါသလဲ။

ဖြေ- အဲ့လို ဖိတ်ကြားမှု ကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေပဲဖြစ်ဖြစ် ပြီးတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်ဖြစ် စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချဖို့ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်ချင်းတူညီတဲ့ ကျွန်တော်တို့ ပြည်သူလူထုနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဘာမှ တွေဝနေစရာမရှိပါဘူး။ ကျွန်တော်တို့ သွားမဲ့လမ်းကြောင်း ကနေ သွေဖယ်မသွားပဲ စည်းစည်းလုံးလုံးနဲ့ လက်တွဲသွားဖို့လိုပါတယ်၊ စကစ ရဲ့ ဖိတ်ခေါ် မှုအပေါ် တွေဝေနေစရာ မလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.