Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

စခန်းသိမ်းတိုက်ပွဲထိ စစ်ရှိန်မြှင့်မည့် မတူပီမှာ မြို့အဝင်က စစ်စခန်းကို စတင်စီးနင်းတိုက်ခိုက်၊ ဗိုလ်ကြီးအပါအဝင် ၇ ဦး သေဆုံး

0
By Editor on December 2, 2023 Headline

(006SV)

ချင်းပြည်နယ်၊ မတူပီမြို့တွင် စခန်းသိမ်းတိုက်ပွဲအထိ စစ်ရှိန်မြှင့်မည့် ကနေဦးတိုက်ပွဲအဖြစ် မြို့အဝင်မှ စစ်ကောင်စီ ကာကင်းကုန်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင် ၇ ဦး သေဆုံးကြောင်း CDF – မတူပီ၊ ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁ ရက် မနက် ၉ နာရီခန့်တွင် မတူပီ – မင်းတပ် လမ်းပေါ်ရှိ မတူပီမြို့အဝင်အနီးက စစ်ကောင်စီ ကာကင်းကုန်စခန်းကို သိမ်းပိုက်နိုင်ရန် လက်ဦးမှုယူ၍ စီးနင်းတိုက်ခိုက်ခဲ့သည်ဟု CDF – မတူပီမှ တာဝန်ရှိသူ ပြောသည်။

“အဓိကက သူတို့စခန်းကို ကျနော်တို့ ဝင်စီးတယ်။ အမှန်က ဝင်စီးပြီးမှ အကုန်လုံးကို သိမ်းနိုင်ဖို့ ရည်မှန်းခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ဆီမှာထက် သူတို့ဆီမှာ လူအင်အားက နည်းနည်းများသွားတယ်။ ။ လက်ဦးမှု ယူပြီးမှ ပစ်နိုင်တဲ့ လူလောက်ပဲ ပစ်တာ၊ အထဲမှာလည်း လူတွေ ထပ်ရှိမှာဆိုတော့ လူအင်အားချင်း မမျှတာနဲ့ ပြန်ဆုတ်လာခဲ့တယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီမှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် ၇ ဦး သေဆုံးပြီး MA – 3 (၂) လက်၊ MA – 5 ပစ္စတို (၁) လက်တို့ သိမ်းဆည်းရရှိခဲ့သည်၊

ထိခိုက်ဒဏ်ရာ ရရှိသူအရေအတွက်ကို အတိအကျ မသိသော်လည်း လူနာတင်ကာ ၃ စီးသွားရသည်၊

CDF – မတူပီမှ ထိခိုက်ဒဏ်ရာရရှိသူမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။

ယင်းကာကင်းကုန်းစခန်းသည် အာဏာမသိမ်းမီက မြို့အဝင်ဂိတ်တစ်ခုမျှသာ ဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီက စခန်းငယ်တစ်ခုအနေဖြင့် အသုံးပြုပြီး ပြည်သူနှင့် ကားများ အဝင်/အထွက်ကို စစ်ဆေးသကဲ့သို့ ပိုက်ဆံများကို ကောက်ခံနေသော စခန်းငယ်တစ်ခုဖြစ်သည်ဟု သိရသည်။

“ဒီထက်မက စစ်ရေးအရှိန်မြှင့်ဖို့လည်း အစီအစဉ်လည်း ရှိလို့ ဒီဟာတွေကို စပြီးတေ့ာ လုပ်တာဖြစ်တယ်။ ကျနော်တို့က စစ်ရေးက ပိုပြီးတော့ အရှိန်မြှင့်သွားဖို့ပဲ ရှိတယ်။ အဓိကက စခန်းသိမ်းတိုက်ပွဲတွေအဖြစ် ကျနော်တို့ ဖော်ဆောင်သွားမယ်” ဟု CDF – မတူပီမှ တာဝန်ရှိသူက ပြောသည်။

မတူပီမြို့ပေါ်နှင့် မြို့နယ်ထဲက ပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် နေထိုင်ကြရန် လိုအပ်သည်ဟု CDF – မတူပီက တာဝန်ရှိသူက သတိပေးသည်။

မတူပီမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်မှ စစ်သားနှင့် ရဲသားများအနေဖြင့် အလင်းဝင်ကြရန် နောက်ဆုံးကြိမ်အဖြစ် ဖိတ်ခေါ်ကြောင်း CDF မတူပီက ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.