Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေပြဋ္ဌာန်းနိုင်ခြင်းကို ဂုဏ်ယူကြောင်း ချင်းပြည်လွှတ်တော် သဝဏ်လွှာပို့

0
By Editor on June 27, 2025 Khonumthung

(006SV)

စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အတွင်း လိုက်နာကျင့်သုံးမည့် “ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို စစ်ကိုင်းတိုင်း ဖက်ဒရယ်ယူနစ်လွှတ်တော်က အတည်ပြုပြဌာန်းလိုက်နိုင်ခြင်းကို အထူးဝမ်းမြောက်ဂုဏ်ယူကြောင်း ချင်းပြည် (Chinland) လွှတ်တော်က သဝဏ်လွှာပေးပို့သည်။

အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရသည့် ကြားမှပင် စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် လွတ်တော်က “ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ” တတိယမူကြမ်းကို ပဥ္စမပုံမှန်အစည်းအဝေးတွင် အတည်ပြုနိုင်သည့်အတွက် ချင်းပြည်လွှတ်တော်က ဇွန်လ ၂၆ ရက်တွင် သဝဏ်လွှာပေးပို့ရာတွင် ပြောဆိုထားသည်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း နေထိုင်ကြသော ပြည်သူလူထုသည် စစ်အာဏာရှင် တော်လှန်ရေးကာလအတွင်း အသက် အိုးအိမ်စည်းစမ် ဥစ္စာများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ကြီးမာစွာ ပေးဆပ်ပြီး တွေ့ကြုံရင်ဆိုင်နေကြသဖြင့် ထပ်တူခံစားရကြောင်း ချင်းပြည်လွှတ်တော်က ဆိုသည်။

စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်၊ ပဥ္စမပုံမှန် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်မှ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်း မှီတင်း နေထိုင်ကြသည့် ပြည်သူတစ်ရပ်လုံး ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာပါစေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေကို စစ်ကိုင်းတိုင်းဖက်ဒရယ် ယူနစ်လွှတ်တော်က ဇွန်လ ၂၅ ရက် အတည်ပြုပြဌာန်းနိုင်ခဲ့သည်။

စစ်ကိုင်းတိုင်းဖက်ဒရယ် ယူနစ်အတွင်းရှိ ပြည်သူ့အကျိုးစီးပွားကို ရှေ့ရှုဖော်ဆောင်နိုင်မည့် လိုအပ်လျက်ရှိသော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးများကို ပီပြင်စွာ ပေါ်ပေါ်လာစေရန် ရည်ရွယ် ဆောင်ရွက်သည်ဟု သိရသည်။

ယင်းအခြေခံဥပဒေပါ ပြဌာန်းများမှတစ်ဆင့် ကြားကာလပဋိပက္ခများ ပြေလျော့အောင် ကြိုးပမ်းနိုင်လိမ့်မည်ဟု ယုံကြည်ပြီး အနာဂါတ်တွင်လည်း ချောမွေ့သော အသွင်ကူးပြောင်းရေးတစ်ရပ် ပေါ်ပေါက်လာစေရန်အတွက် ကြားကာလအခြေခံဥပဒေကို ရေးဆွဲရခြင်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.