Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီကထောက်ပံ့သည့် အလှူငွေများကို ဟားခါးနှင့်ဖလမ်းမြို့နယ်မှ ခရစ်ယာန်ပါစတာများက လက်မခံဘဲ ပြန်အပ်နှံ

စစ်ကောင်စီကထောက်ပံ့သည့် အလှူငွေများကို ဟားခါးနှင့်ဖလမ်းမြို့နယ်မှ ခရစ်ယာန်ပါစတာများက လက်မခံဘဲ ပြန်အပ်နှံ

0
By Editor on September 7, 2021 Khonumthung

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား အလှူငွေေထာက်ပံ့ပေးမှုကို လက်မခံဘဲ ဟားခါးနှင့် ဖလမ်းမြို့နယ်မှ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများက ၎င်းတို့လက်ခံရရှိခဲ့သော ငွေကြေးများကို အသီးသီး ပြန်လည်အပ်နှံခဲ့ကြသည်ဟု စုံစမ်းသိရှိသည်။

အာဏာသိမ်းစစ်ကော်စီမှ ဖွဲ့စည်းထားသည့် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့သည် ကိုဗစ်ကာလကူညီထောက်ပံ့ရေးဟုဆိုကာ ဖလမ်းမြို့နယ်အတွင်းရှိ ခရစ်ယာန်အမှုတော်ဆောင်ပါစတာများအား စက်တင်ဘာလ ၅ ရက်နေ့က တစ်ဦးလျှင် ကျပ်ငွေ ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ကာ ချင်းလူမျိူးအသိုင်းအဝန်းနှင့် လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်သံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ယနေ့စက်တင်ဘာလ ၆ ရက်နေ့တွင် ၎င်းတို့လက်ခံရရှိခဲ့သည့် အလှူငွေများကို စစ်ကောင်စီထံ ပြန်လည်အပ်နှံခဲ့ကြခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဖလမ်းမြို့နယ်မှ အလှူငွေလက်ခံရရှိပြီး ပြန်လည်အပ်နှံခဲ့သည့် ခရစ်ယာန်အမှုတော်ဆောင် ပါစတာတစ်ဦးက “သူတို့ပြောတာကတော့ ကိုဗစ်ကြောင့် ခက်ခဲနေရတယ်ဆိုတော့ ထောက်ပံ့တာလို့ပြောပါတယ်၊ ကျနော်က ကျနော့်အသင်းတော်အမှုတော်ဆောင် ၁၇ ယောက်စာအတွက် ထုတ်ခဲ့တာလေ၊ အဲဒီ ၁၇ ယောက်စာကို ဒီနေ့ ပြန်အပ်လိုက်တယ်၊ ကျနော်တို့ အသင်းသူအသင်းသားတွေကလည်း အဲဒါ ယူလို့မကောင်းပါဘူးဆိုပြီး ပြောတယ်၊ အသင်းသူအသင်းသားတွေရဲ့ မျက်နှာကိုကြည့်ပြီး ကျနော်တို့ ပြန်အပ်လိုက်တာပါ” ဟု ခိုနူမ်းသုန်သတင်းဌာနကို ပြောသည်။

ဖလမ်းမြို့နယ်တွင် စစ်ကောင်စီမှထောက်ပံ့သော အလှူငွေများလက်ခံရရှိသည့် ခရစ်ယာန်အမှုတော်ဆောင် အရေအတွက် မည်မျှရှိသည်ကို အတိအကျမသိရဘဲ ၎င်းတို့လက်ခံရရှိသော အလှူငွေများကိုလည်း အားလုံး ပြန်အပ်နှံခြင်းရှိ/မရှိကိုလည်း မသိရကြောင်း အဆိုပါ ပါစတာကဆက်ပြောသည်။

အလားတူ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့တော်တွင်လည်း စက်တင်ဘာလ ၃ ရက်နေ့က ခရစ်ယာန်အမှုတော်ဆောင် အယောက် ၂၆၁ ဦးထံ ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင်ကျပ်ငွေ ၁၈၀၀၀ နှုန်းထောက်ပံ့ခဲ့ပြီး ကိုဗစ်-၁၉ ရံပုံငွေအတွက် အသုံးပြုရန် စီစဉ်ထားကြသော်လည်း ယနေ့ စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီထံ ပြန်လည်အပ်နှံကြသည်ဟု The Hakha Post သတင်းတွင် ဖော်ပြထားသည်။

ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီသည် ချင်းပြည်နယ် ၉ မြို့နယ်အတွင်းရှိ သာသနာ့တာဝန်ထမ်းဆောင်လျှက်ရှိသည့် ခရစ်ယာန်အမှုတော်ဆောင်များအား တစ်ဦးလျှင် ၁၈၀၀၀ နှုန်းဖြင့် ကူညီထောက်ပံ့ရန် စီစဉ်ထားပြီး ဟားခါး၊ ဖလမ်းမြို့နယ်တို့ကို ကနဦးပေးအပ်ကာ ကျန်မြို့နယ်များအား ပေးအပ်ခြင်းမရှိသေးကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းများတွင် ဝင်ရောက်တည်းခိုကာ ဘာသာရေးအဆောက်အဦးများ ဖျက်ဆီးခြင်း၊ ဘုရားကျောင်းဝင်းအတွင်း သောက်စားမှုယစ်ခြင်းနှင့် အသင်းတော်ပိုင် အလှူငွေများ၊ ဘာသာရေး အသုံးအဆောင်ပစ္စည်များ ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြသည်။

ထိုကဲ့သို့ ခရစ်ယာန်ဘာသာဝင်များ၏ အထွဋ်မြတ်ထားရှိရာ ဘုရားကျောင်းများအား ဖျက်ဆီးသည့် အာဏာသိမ်းစစ်ကောင်စီမှ ပေးအပ်သော အလှူငွေများကို ခရစ်ယာန်အမှုတော်ဆောင်များမှ လက်ခံခဲ့သည့်အတွက် အပြင်းအထန် ဝေဖန်ကန့်ကွက်မှုများ ဖြစ်ပွားလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.