Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီကျောင်းတွင် ပညာသင်ကြားသည့် ကျောင်းဆရာ/ဆရာမ ၉၀ ကျော်ကို အမည်ပျက်စာရင်းကြေညာ

စစ်ကောင်စီကျောင်းတွင် ပညာသင်ကြားသည့် ကျောင်းဆရာ/ဆရာမ ၉၀ ကျော်ကို အမည်ပျက်စာရင်းကြေညာ

0
By Editor on August 26, 2022 Khonumthung

ချင်းပြည်နယ် မင်းတပ်မြို့တွင် စစ်ကောင်စီမှဖွင့်လှစ်သော ကျောင်းများတွင် သင်ကြားလျက်ရှိသော ကျောင်းဆရာ/ဆရာမ ၉၀ ကျော်ကို စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်သော အမျိုးသားသစ္စာဖောက်အမည်ပျက်များအဖြစ် ပထမအကြိမ် မှတ်တမ်းစာရင်းထည့်သွင်း ကြေညာလိုက်သည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သြဂုတ်လ ၂၄ ရက်နေ့က ထုတ်ပြန်သည်။

သြဂုတ်လ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သော မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ CDF-Mindat ပညာရေးဘုတ်အဖွဲ့ (ပအဖ) နှင့် MUSU အဖွဲ့တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ မင်းတပ်မြို့ပေါ်ရှိ အ.ထ.က (၁)၊ အ.ထ.က (၃) နှင့် အ.ထ.က (ခွဲ) တပ်မြေကျောင်းများတွင် စာသင်ကြားပေးနေသော ဆရာ/ဆရာမ (၉၅) ကို အမျိုးသားသစ္စာဖောက် အမည်ပျက်စာရင်းအဖြစ် ကြေညာခဲ့ကြခြင်းဖြစ်သည်။

မင်းတပ်မြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့်ပူးပေါင်းသော အခြားသော ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အမည်ပျက်စာရင်းအဖြစ် ဆက်လက်ကြေညာသွားမည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.