Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

0
By Editor on May 7, 2025 Headline

(004SS)

စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဧပြီလအတွင်း ချင်းအပါအဝင် နိုင်ငံတစ်ဝှမ်းလုံးက အမျိုးသမီး ၇၀ ကျော်သေဆုံးကာ အယောက် ၅၀ ထိခိုက်ဒါဏ်ရာများ ရရှိခဲ့ကြသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်သည်။

ဧပြီလ ၁ ရက်နေ့ မှ ၃၀ ရက်နေ့အတွင်း နိုင်ငံတစ်ဝှမ်းရှိ ချင်းပြည်နယ်အပါ အဝင် တိုင်းနှင့်ပြည်နယ် ၁၀ ခုမှ အမျိုးသမီး ၇၁ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီ၏ လက်ချက်ကြောင့် ချင်းပြည်နယ်မှ အမျိုးသမီး ၄ ဦး၊ စစ်ကိုင်း တိုင်းဒေသကြီးမှ ၃၀ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၁၄ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၄ ဦး၊ ရခိုင်ပြည်နယ်မှ ၄ ဦး၊ ရှမ်းပြည်နယ်မှ ၁ ဦး၊ ကရင်နီပြည်နယ်မှ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၄ ဦးနှင့် မွန်ပြည်နယ်မှ ၂ ဦး သေဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အသက်သေဆုံးခဲ့ရသည့် အမျိုးသမီး၇၁ ဦးထဲတွင် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၃ ဦး ပါဝင်သည်ဟု မြန်မာ့အမျိုးသမီးများ သမဂ္ဂအဖွဲ့က ပြောသည်။

အဆိုပါ သေဆုံးသူနှင့် ထိခိုက်ဒါဏ်ရာရရှိသူ အမျိုးသမီးများသည် စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅၉ ဦးနှင့် ထိခိုက်ဒါဏ်ရာရသူ ၄၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် သေဆုံးသူ ၇ ဦးနှင့် ဒါဏ်ရာရသူ ၅ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ ၅ ဦး၊ မြေမြုပ်မိုင်းကြောင့် ဒါဏ်ရာရရှိသူ ၄ ဦးရှိသည့်အပြင် အရက္ခတပ်ဖွဲ့ဝင်မှ မုဒိန်းပြုကျင့်ခြင်းကြောင့် အမျိုးသမ ၁ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့သည်ဟု ၎င်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယခုဖော်ပြထားသော အချက်အလက်များသည် မြန်မာ့အမျိုးသမီး သမဂ္ဂက တိကျခိုင်လုံသော သတင်းမီဒီယာများ၏ သတင်း အချက်အလက်များကို စောင့်ကြည့် မှတ်တမ်းကောက်ယူပြီး မြေပြင်မှ ကောက်ယူထားသော အချက်အ လက်များ ကို ပြန်လည် စုစည်းတင်ပြထားခြင်းဖြစ်သည်။

သို့သော် ယခုဖော်ပြသော အချက်အလက်၊ ကိန်းဂဏန်းများသည် မြေပြင်အခြေအနေတွင် ပိုမိုများပြားနိုင်‌သည်ဟုလည်း ဆိုထားသည်။

မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များ အပါအဝင် စစ်ကောင်စီက ငလျင်ဘေးကူညီကယ် ဆယ်ရေးအတွက် ယာယီအပစ်ရပ်ကြောင်း အသီးသီး ကြေညာခဲ့သော်လည်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ခဲ့သည့်အတွက် အမျိုးသမီး နှင့် မိန်းကလေးငယ်များ နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးခဲ့ရသည်ဟု BWU ကထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.