Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်ကြီးဖြင့် မင်းတပ်ဘက်သို့တောက်လျှောက်ပစ်ခတ်ပြီး မင်းတပ်ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

စစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်ကြီးဖြင့် မင်းတပ်ဘက်သို့တောက်လျှောက်ပစ်ခတ်ပြီး မင်းတပ်ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

0
By Editor on May 13, 2021 Headline
စစ်ကောင်စီနှင့် အပစ်ရပ်စဲမှုပျက်ပြယ်ပြီးနောက် မင်းတပ်မြို့တွင် ယမန်နေ့ညကစ၍ တိုက်ပွဲများပြန်လည်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်အကြီး၊ အမြောက်ကျည်ဆံများဖြင့် မင်းတပ်မြို့သို့ တောက် လျှောက်ပစ်ခတ်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဦး ကျဆုံးကာ ၄ ဦးဒဏ်ရာရရှိကြသည်ဟု သိရသည်။
“ဒီမနက် ၆ နာရီလောက်က တိုက်နေတာ သူတို့ဘက်က ကျောက်ထုလေယာဉ်ကွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ် ပစ်လိုက်တက်လာလိုက်လုပ်နေတယ် ကျနော်တို့ကလည်း အသက်နဲ့ရင်းပြီး မြို့ကို ကာကွယ်ထားပါတယ် မြို့ပေါ်ကိုတော့ လက်နက်ကြီးနဲ့မပစ်ဘူး ကျနော်တို့ CDF တပ်ဖွဲ့တွေရှိတဲ့နေရာလောက်ကိုပေါ့ ၃ မိနစ်ခြားတစ်ခါလောက် ပစ်နေတာ’’ ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
စစ်ကောင်စီဘက်မှ ပစ်ခတ်လိုက်သော အမြောက်ဆံကျည်ထိမှန်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးခဲ့ရပြီး ၄ ဦးဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း ၎င်းကဆက်ပြောသည်။
ကျောက်ထုမြို့သို့ စစ်ကူ စစ်ကား ၃ စီးထပ်မံရောက်ရှိနေပြီး မင်းတပ်မြို့ဘက်သို့ စစ်ကား ၂ စီးတက်လာ နေသည်ဟု သိရသည်။
ယခုလက်ရှိအခြေအနေအရ ချင်းပြည်နယ်မြို့နယ်များအားလုံးအနေဖြင့် အတူတကွပူးပေါင်းပါဝင်လှုပ်ရှားရန် အရေးကြီးပြီ ဟုလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျနော်တို့ ဘာကြောင့် ခုချိန်ထိအတူတူမလှုပ်ရှားသေးတာလဲ ကျနော်တို့ညီနောင်တွေအားလုံး အချင်းချင်းပါဝင်မယ် တိုက်ခိုက်မယ်ပြောထားရဲ့သားနဲ့ ကျန်နေသေးတဲ့မြို့တွေဘာကြောင့်မလှုပ်ရှားကြသေးတာလဲ’’ ဟု သူကပြောသည်။
အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် မင်းတပ်မြို့ဒေသခံ ၅ ဦးကို စစ်ကောင်စီဘက် က ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အတွက် မေလ ၁၂ ရက်နေ့မွန်းလွဲပိုင်းကစ၍ စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့အကြား သဘောတူထားသည့် အပစ်ခတ်ရပ်စဲမှုသည့် ပျက်ပြယ်သွားခဲ့ပြီး မေလ ၁၂ ရက်ညက မင်းတပ်မြို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
ယမန်နေ့ညက မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ၄ နေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂၇၄ တပ်ရင်း၊ ရဲစခန်း၊ ဘဏ်အနီးစသည့်နေရာများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.