Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးဟု CNF ထုတ်ပြန်

စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးဟု CNF ထုတ်ပြန်

0
By Editor on May 9, 2023 Headline

(01RB)

ခုခံတော်လှန်စစ်အားကောင်းသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်းမှာ တိုက်လေယာဉ်အပါအဝင် လေကြေင်းကနေ ဗုံးအလုံး ၁၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးခဲ့သည် ဟု ချင်းအမျိုးသားတပ်ဦး CNF က မေလ ၈ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂ လအတွင်းမှာ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် စသည့် မြို့နယ် ၄ မြို့နယ်တို့တွင် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံး ၁၂၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တကယ်တော့ အဲဒီလိုတိုက်လေယာဉ်တွေပိုသုံးလာတာက သူ့မှာ မြေပြင်အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကို အသုံးပြုလာတာပေါ့နော်” ဟု ပြောသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူများနေထိုင်သော ကျေးရွာ ၄ ရွာတွင် ဗုံး ၂၂ လုံးကျော် ကြဲချခဲ့ပြီး ကျန်ဗုံး ၉၉ လုံးမှာ ကျေးရွာအနီးနား ကျမှန်ခဲ့သည်ဟု CNF က ဆိုသည်။

မတ်လ ၃၀ ရက်နေ့မှာ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနှင့် ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန်မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ၂ လအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၂ ဦးအပါအဝင် ချင်းပြည်သူ ၂၄ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင်အပါအဝင် လူနေအိမ်အလုံး ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.