Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ချင်းအပါအဝင် တနိုင်ငံလုံးတွင် အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှု ပိုမိုပြုလုပ်လာ

စစ်ကောင်စီက ချင်းအပါအဝင် တနိုင်ငံလုံးတွင် အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှု ပိုမိုပြုလုပ်လာ

0
By Editor on September 21, 2023 Headline

(006SV)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ အရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုများသည် ချင်းပြည်နယ်အပါအဝင် တနိုင်ငံလုံးတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ဟု ညီမျှခြင်းမြန်မာ၏ အစီရင်ခံစာက ဆိုသည်။

ညီမျှခြင်းမြန်မာ၏ “ညှင်းပန်းနှိပ်စက်ခွင့်လိုင်စင်?” ဟူသော အစီရင်ခံစာကို ယနေ့ စက်တင်ဘာလ ၁၈ ရက်က အွန်လိုင်းမှ ထုတ်ပြန်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက် လပေါင်း (၃၀) အတွင်း နေ့စဉ်နှင့်အမျှ နည်းလမ်းမျိုးစုံဖြင့် အရပ်သားပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများ ပိုမိုလုပ်ဆောင်လာသည်ဟု တာဝန်ရှိသူများက ပြောသည်။

ဒေသအလိုက် ဖြစ်ပွားမှုဖြစ်စဉ်တွင် စစ်ကိုင်းက အများဆုံးဖြင့် အမှုပေါင်း ၈၀၊ မကွေးက ၃၉၊ မန္တလေးက ၃၈၊ တနင်္သာရီက ၂၄၊ ရန်ကုန်က ၁၉၊ ပဲခူးက ၁၆၊ ကချင်က ၁၄၊ ဧရာဝတီက ၉၊ ရခိုင်က ၈၊ ကရင်က ၇၊ ချင်းက ၆၊ ကရင်နီက ၃၊ ရှမ်းမှာ ၂ မှုတို့ ရှိခဲ့သည်ဟု အစီရင်ခံက ဆိုသည်။

ချင်းပြည်နယ်တွင် အချက်အလက်စုဆောင်းမှု အခက်အခဲရှိခဲ့သောကြောင့် ဖြစ်စဉ် ၆ ခုသာ ကောက်ယူနိုင်ခဲ့သော်လည်း မြေပြင်တွင် ပိုမိုများပြားနိုင်သည်ဟု ညီမျှခြင်းမြန်မာက တာ၀န်ရှိသူ မခင်ငြိမ်းသက်က ပြောသည်။

“ချင်းပြည်နယ်မှာ ရွာတွေထဲကို စစ်ကြောင်းတွေဝင်တယ်။ ဝင်ပြီးသွားရင် လူတွေကို ဖမ်းတယ်။ ဖမ်းပြီးသွားရင် PDF လို့ အမည်တပ်တယ်။ 

များသောအားဖြင့်တော့ အသတ်ခံရသူတွေ များတယ်။ ချင်းပြည်နယ်က ၆ ကေစ့်ကလည်း ဖမ်းသွားတယ်။ အဲထဲမှာ အသတ်ခံရတဲ့ကေစ့်ပါတယ်။ ဖမ်းသွားတယ်။ ပျောက်ဆုံးသူတွေလည်းပါတယ်။ ဖမ်းသွားတယ်။ ထောင်ကျနေတဲ့သူတွေလည်း ပါတယ်။ နေရာပေါင်းစုံမှာတော့ ပုံသဏ္ဍာန်က အနည်းငယ်ပဲ ကွာခြားတယ်’’ ဟု မခင်ငြိမ်းသက်က ပြောသည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူများကို ညှင်းပန်းနှိပ်စက်မှုများသည် ၂၀၂၁ ခုနှစ်တွင် ၅၄ မှု၊ ၂၀၂၂ ခုနှစ်တွင် ၉၅ မှုနှင့် ၂၀၂၃ နှစ်ဝက်အတွင်းတွင် ၁၁၈ မှုအထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကာ မြေပြင်တွင် ယခုထက် အများကြီး ရှိနိုင်သည်ဟု အစီရင်ခံစာကို ပြုစုသူများထဲမှ တစ်ဦးဖြစ်သူ မခင်ငြိမ်းသစ်က ပြောသည်။

ညှင်းပန်းနှိပ်စက်မှု ခံရသူများတွင် အမျိုးသားက ၆၅၄ ဦးဖြင့် အများဆုံးဖြစ်ပြီး အမျိုးသမီးက ၁၆၄ ဦး၊ အသက်မပြည့်သေးသည့် ကလေးငယ်များက ၃၈ ဦး၊ ၊ LGBT များက ၁၂ ဦးနှင့် ကျား/မ ခွဲခြားမသိသူက ၂၉၀ ဦးရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

“လူအခွင့်အရေး ချိုးဖောက်မှုကို ခံစားနေရတဲ့ ပြည်သူတွေ တရားမျှမှုကို ရရှိအောင် ဒီရီပို့က အထောက်အကူပြုမယ်လို့ ကျမယုံကြည်ပါတယ်။ ဒီရီပို့မှာ ၂၆၇ ကေစ့်မှာ စစ်ကိုင်းက အများဆုံး လက်ခံရရှိပါတယ်။ ဒုတိယအနေနဲ့ ကရင်နီဒေသရယ်၊ မကွေးနဲ့ မန္တလေးရယ်ကနေ ရရှိပါတယ်။ တတိယအနေနဲ့ကတော့ တနင်္သာရီနဲ့ ရန်ကုန်တို့ကနေ လက်ခံရရှိထားခြင်းဖြစ်ပါတယ်။ လူဦးရေး အများဆုံးက အမျိုးသားတွေဖြစ်တယ်။ ဒုတိယက အမျိုးသမီးတွေ၊ တတိယကကလေးများဖြစ်ပြီး LGBT များလည်း ပါဝင်ပါတယ်” ဟု ညီမျှခြင်းမြန်မာက တာဝန်ရှိသူက ပြောသည်။

အစီရင်ခံစာသည် စစ်ကောင်စီ၏ စစ်ကြောရေးစခန်း၊ ရဲစခန်း၊ အကျဉ်းထောင်နှင့် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားသော ဒေသက စစ်ကောင်စီ၏ ကျူးလွန်မှုဖြစ်ရပ် ၂၀၀ ကျော်ကို ကောက်ယူပြုစုထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ကျူးလွန်မှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂ၊ အာဆီယံ၊ အမျိုးသားညီညွတ်ရေးအစိုးရတို့ ရှေ့ဆက်လုပ်ဆောင်ရန် အကြံပြုတိုက်တွန်းချက် (၁၀) ချက်ကိုလည်း အစီရင်ခံစာတွင် ညီမျှခြင်းမြန်မာက ထည့်သွင်းဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.