Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»“စစ်ကောင်စီက ပြန်လာကြပါလို့ပြောပေမယ့် တော်တော်များများက ယုံကြည်မှုတွေသိပ်မရှိကြဘူး”
Lukse IDPs Camp ရှိ ကလေးငယ်များ ထမင်းစားနေပုံ

“စစ်ကောင်စီက ပြန်လာကြပါလို့ပြောပေမယ့် တော်တော်များများက ယုံကြည်မှုတွေသိပ်မရှိကြဘူး”

0
By Editor on July 16, 2021 Headline

မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ မင်းတပ်မြို့မိ/မြို့ဖတွေရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အာဏာသိမ်းစစ်ကောင်စီ နဲ့ မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) အကြား ဇွန်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိ ၁၄ ရက်တာ အပစ်အခတ်ရပ်စဲခဲ့ကြပါတယ်။ နောက်ထပ် အပစ်အခတ်ရပ်စဲဖို့ကိုလည်း ဆက်လက်ညှိနှိုင်းကြမယ်လို့ သိရပါတယ်။ အပစ်အခတ်ရပ်စဲတဲ့ကာလနှင့် ယနေ့ချိန်ထိ နှစ်ဖက်အကြား တိုက်ပွဲဖြစ်ပွားမှုမရှိခဲ့ဘဲ မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်းအေးချမ်းမှု အတော်အသင့်ရှိလာပြီဟုဆိုကာ စစ်ဘေးရှောင်ပြည်သူတစ်ချိူ့လည်း နေရပ်ပြန်ကြသူတွေရှိလာကြပြီလို့ သိရပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင်အများစုကတော့ တောထဲက စစ်ဘေးရှောင်စခန်းတွေမှာ ဆက်လက်ခိုလုံနေရကြရပြီး စားဝတ်နေရေးပိုင်းမှာ ကူညီထောက်ပံ့မှု ဆက်လက်လိုအပ်နေအပ်နေဆဲဘဲလို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းစီမံခန့်ခွဲမှုကော်မတီ တာဝန်ခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခုလက်ရှိ မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်စခန်း ဘယ်နှစ်ခုရှိသေးလဲ၊ စစ်ဘေးရှောင်တွေ ဘယ်လောက်လောက်ရှိသေးလဲ။

ဖြေ။ ။ မင်းတပ်မြို့နယ်အတွင်းမှာတော့ ကျွန််တော်တို့ လောလောဆယ်ပြန်ကောက်တာတော့ ၂၀၀၀ နီးပါးရှိမယ်၊ ကျွန်တော်တို့လည်း သိတဲ့အတိုင်းပဲ လိုင်းကလည်းမကောင်းဘူးဆိုတော့ အကုန်လုံးကို ချိတ်ဆက်လို့ရနိုင်သမျှပဲ ချိတ်ဆက်ပြီးမှ ကျွန်တော်တို့လုပ်နေကြတာဆိုတော့ ကျွန်တော်တို့ခန့်မှန်းတာတော့ ဒီလကုန်လောက်ဆိုတော့ အကုန်လုံးရအောင်တော့ ကောက်မယ်ဆိုပြီး လုပ်ထားတယ်။ ပထမအရင်က ၁ သောင်းကျော်တယ်၊ အခုက စစ်ဘေးရှောင် သီးသန့်စာရင်းဆိုရင် ၂ ထောင်ဝန်းကျင်ပဲ ကောက်နိုင်သေးတယ်၊ စစ်ဘေးရှောင် Camp ကတော့ လောလောဆယ် (၇) ခုလောက်တော့ရှိသေးတယ်၊ ဒါပေမယ့် အရင်ကထက် လူဦးရေက နည်းနည်းနည်းတာပေါ့။

မေး။ ။ စစ်ကောင်စီနဲ့ မင်းတပ် CDF အကြား အပစ်အခတ်ရပ်စဲအမှုရှိတဲ့နောက်ပိုင်းမှာ တိုက်ပွဲတွေလည်း အရင်ကလိုမရှိတော့ဘူးဆိုတော့ စစ်ဘေးရှောင်တွေ နေရပ်ပြန်သွားကြတာလား။ နေရပ်ပြန်တဲ့သူတွေကော ဘယ်လောက်လောက်ရှိပြီလဲ။

ဖြေ။ ။ နေရပ်ပြန်တဲ့သူတွေလဲရှိပါတယ်၊ လောလောဆယ် ကျွန်တော်တို့ခန့်မှန်းတာ ၂၀၊ ၃၀ ရာခိုင်းနှုန််းလောက်ရှိမယ်ထင်တယ်၊ ကျွန်တော်တို့ ပြဿာနာကြုံရတာက စာရင်းဇယားကောက်တဲ့နေရာမှာ ဘာပြဿာနာကြုံရလဲဆိုတော့ မင်းတပ်မြို့ကို သူတို့ပြန်သွားတယ်။ ကိုယ့်အိမ် ကိုယ်ရွာ ပြန်သွားကြပေမယ့် သူတို့ကလည်း သတမတ်ထဲနေမယ်ဆိုတဲ့စိတ်နဲ့ ပြန်သွားကြတာမဟုတ်ဘူး၊ ဥပမာ – စစ်ဘေးရှောင်စခန်းမှာ သူတို့ရဲ့ သားသမီးတွေကိုချန်ခဲ့ပြီး သူတို့ပြန်တယ်၊ သူတို့အိမ်တွေ အရင်က တိုက်ပွဲဖြစ်တုန်းက ဖျက်ဆီးခံရတဲ့အိမ်တွေကို ပြင်ကြတယ်၊ နောက် တောင်ယာမှာ ဝဥစိုက်ထားတဲ့ဟာတွေ သွားပြန်ရှင်းလင်းကြတယ်၊ တချို့တွေကလည်း အဲ့ဟာတွေပြီးတာနဲ့ စိတ်ချပြီဆိုရင် ပြန်လာကြတယ်။ စစ်ဘေးရှောင်စခန်းကို တချို့က လောလောဆယ် အပစ်အခတ်ရပ်စဲကာလမှာတော့ နေအုံးမယ်ဆိုတဲ့စိတ်နဲ့ နေကြတာပေါ့။ ဒါပေမယ့် ပြန်ပစ်မယ်ဆိုရင်တော့ ပြန်ပြေးမယ်ဆိုတဲ့ အဲ့လိုအခြေအနေမှာတော့ရှိတယ်။ စကစတော့ ပြန်လာကြပါလို့တော့ပြောပေမယ့် တော်တော်များများက ယုံကြည်မှုတွေသိပ်မရှိကြဘူး။

မေး။ ။ တိုက်ပွဲကလည်း အရင်ကလိုမရှိတော့ဘူးဆိုတော့ အခုလိုအခြေအနေမှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်သင့်တဲ့အခြေအနေ မဟုတ်ဘူးလား။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ကျွန်တော်တစ်ယောက်ထဲအမြင်နဲ့ ပြောရရင်တော့ တခြားစစ်ဘေးရှောင်တွေရဲ့ ခံစားချက်လိုပဲ ကျွန်တော်လည်း ထပ်တူဖြစ်မယ်ထင်တယ်၊ ဘာကြောင့်လဲဆိုရင် ပြန်သွားမယ်ဆိုရင် ပိတ်မိသွားနိုင်တယ်၊ ပိတ်မိသွားနိုင်တယ်ဆိုတဲ့နေရာမှာ သူတို့ လူဦးရေစာရင်းကောက်မယ်၊ သေချာပြီလို့ စာရင်းဇယားရပြီဆိုရင် လေးဖက်ပိတ်ပြီဆိုရင် ထွက်ဖို့မလွယ်လောက်ဘူးလေ၊ အဲ့အချိန်ကြရင် စိတ်ကြိုက် သူတို့ ညှင်းပန်းနှိပ်စက်တာတွေ ဖြစ်ရင်ဖြစ်လာနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့ကိုယ်တိုင် အရင်က အဲ့လိုမျိုးဖြစ်တဲ့အချိန် ကြုံခဲ့ကြတယ်ဆိုတော့ ဘယ်လိုမှ အဲ့လိုမျိုး အယုံအကြည်မရှိဘူးပေါ့၊ နောက်တချက်ကလည်း သူတို့က ‘ပြန်လာကြပါ ငြိမ်းချမ်းပြီ’ ဆိုတာကလည်း သူတို့ရဲ့ မီဒီယာမှာပေါ့နော်။ သူတို့ရဲ့ ကောင်းကွက်တွေဖော်ပြချင်လို့ပဲ အဲ့လိုပုံစံလုပ်တယ်လို့ပဲမြင်မိတယ်။

မေး။ ။ အခု စစ်ကောင်စီနဲ့ CDF အကြား အပစ်ရပ်တဲ့ကြားကာလမှာရော စစ်ဘေးရှောင်တွေအတွက် ကူညီထောက်ပံ့မှုတွေ လွတ်လွတ်လပ်လပ်နဲ့ သယ်ယူနိုင်ကြရဲ့လား။ ဘယ်လိုအခက်အခဲတွေရှိနေလဲ။

ဖြေ။ ။ အဲ့တာတော့ မရဘူး၊ သူတို့က အပစ်ခတ်ရပ်စဲတာက မင်းတပ်မြို့နယ်အတွင်းမှာပဲလေနော်၊ ဆန်တွေ၊ ကုန်တွေကတော့ ကျွန်တော်တို့ ပြည်မကနေပဲလာတယ်။ ဝယ်ရတာကိုး၊ ဟိုဖက်မှာက ပစ်ခတ်ရပ်စဲတာမဟုတ်ဘူး။ ပိတ်နေတာလေ၊ ဥပမာ – ပေါက်ဂိတ်မှာဆိုရင် ဆန်တွေလုံးဝသယ်လို့မရဘူး၊ ဆောဘက်လဲ ပိတ်ထားတယ်၊ ကျောက်ထုဘက်မှာလည်း ဆန်အကန့်အသတ်နဲ့ ဝယ်ရမယ်လို့လုပ်ထားတော့ လွတ်လွတ်လပ်လပ်တော့ သယ်ဖို့တော့ အဆင်မပြေဘူး။ သူတို့ကတော့ သယ်ချင်တယ်ဆိုရင်တော့ အဓိကတော့ စကစက ထောက်ခံတယ်ဆိုရင်တော့ ဝင်လာလို့ရတယ်။ အဲ့လိုမျိုးတော့ ရှိတာပေါ့။

မေး။ ။ အခုလက်ရှိအခြေအနေမှာရော မင်းတပ်စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးအခြေအနေက ဘယ်လိုရှိလဲ။ ကူညီထောက်ပံ့မှုတွေ အလုံအလောက်ရရှိနိုင်ကြရဲ့လား။

ဖြေ။ ။ အဓိက ထောက်ပံ့တဲ့အဖွဲ့အစည်းလို့ပြောရမယ့်။ စစ်ဘေးရှောင်ကူညီရေး မင်းတပ်မကော်မတီအနေနဲ့လည်း အလှူတွေ ပြည်တွင်း/ပြည်ပအလှူတွေ ဝင်လာတယ်၊ ကျွန်တော်တို့လည်း အဆင်ပြေသလိုပဲ ကြည့်ဝယ်ရတယ်၊ အခုက ဘယ်လိုအခက်အခဲဖြစ်လဲဆိုရင် ကျွန်တော်တို့ စစ်ဘေးရှောင်တွေကိုလည်းပေးရတယ်၊ ကျေးရွာအချို့တွေကိုလည်း ပေးရတယ်၊ ကျေးရွာက လူတွေလည်း တအားခက်ခဲလာကြတယ်၊ ဘယ်လိုဖြစ်လဲဆိုရင် မင်းတပ်မှာကလည်း ဆန်က ဝယ်လို့မရဘူး၊ တအားခက်ခဲလာကြတယ်၊ ဝယ်လို့ရတဲ့ဆန်ကလည်း အရင်က ၃ သောင်းတန်က အခုက ၄ သောင်း၊ ၄သောင်းခွဲစျေးပေါက်တယ်။ ပြီးတော့လည်း ပိုက်ဆံလည်းမရှိတာလည်းပါတယ်၊ ကုန်စျေးနှုန်းလည်း တအားတက်သွားတာနဲ့ ဝယ်မရတာလည်းပါတယ်၊ အခုက စစ်ဘေးရှောင်တွေကို ထောက်ပံ့တာတွေ တအားကြီးကို မလုံလောက်ဘူး၊ ကျေးရွာအပါအဝင် စားနပ်ရိက္ခာအခက်အခဲတွေ ဖြစ်နေကြတယ်။

မေး။ ။ INGOS/ NGOS လို့ခေါ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကကော စစ်ဘေးရှောင်တွေနေတဲ့ဒေသတွေမှာ ဝင်ရောက်ကူညီပံ့ပိုးတာမျိုးရှိလား။

ဖြေ။ ။ ICRC (အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ) ကတော့ သူဝင်ခွင့်အကြိမ်ကြိမ်တောင်းတယ်၊ ဒါပေမယ့်လို့ မင်းတပ်မြို့ထဲကိုတော့ သွားတာပေါ့လေ။ သူတို့လာချင်တာတော့ တကယ့်အခက်အခဲဖြစ်နေတဲ့နေရာမှာပဲ လာချင်ပေမယ့် စကစ ခွင့်ပြုချက်မရလို့ သူတို့ဝင်လာလို့မရဘူးလို့တော့ ပြောတယ်၊ လောလောဆယ်ထိတော့ ဘယ် INGOs/ NGOs တွေ ဝင်လာတာရော၊ ထောက်ပံ့တာရော မရှိဘူး။ မင်းတပ်ကော်မတီအနေနဲ့တော့ ပြည်တွင်း/ပြည်ပက မိတ်ဆွေ၊ သူငယ်ချင်း၊ ညီကိုမောင်နှမတွေရဲ့ လှူဒါန်းတဲ့ငွေတွေနဲ့ပဲ ရပ်တည်ပြီးတော့ သူတို့ကိုလည်း ထောက်ပံ့နေတာပါ။

မေး။ ။ အခုလက်ရှိ စစ်ဘေးရှောင်အတွက် အဓိက ဘယ်အပိုင်းမှာ ကူညီထောက်ပံ့မှုတွေ လိုအပ်နေလဲ။

ဖြေ။ ။ ထောက်ပံ့မှုတွေက လိုအပ်တာတော့ အကုန်လုံးလိုအပ်တယ်၊ အဓိကတော့ စားဝတ်နေရေးနဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီးတာပေါ့။ နောက်ပြီး ဆန်၊ ဆီ၊ ဆား၊ ကုန်ခြောက်၊ ဒုတိယက ကျန်းမာရေး ဆေးလုံး၊ ဆေးဝါးတွေ လိုအပ်တယ်။

မေး။ ။ စစ်ဘေးရှောင်တွေက နေရပ်လည်း မပြန်နိုင်ကြသေးဘူး။ ဒီအတိုင်း စစ်ဘေးရှောင်စခန်းမှာပဲ ဆက်လက်နေရမယ်ဆိုရင် ရှေ့ဆက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်လာရနိုင်လဲ။

ဖြေ။ ။ အခက်အခဲတွေကတော့ စစ်ပွဲတွေက ပြန်ဖြစ်မယ်ဆိုရင် ပစ်မယ်ခတ်မယ်ဆိုရင် ရိက္ခာလမ်းကြောင်းတွေလည်း နဂိုကတည်းက သိပ်မပွင့်ချင်ဘူးဆိုတော့ လုံးဝပြန်ပိတ်သွားရင်တော့ အဓိိကတော့ စားဝတ်နေရေးက လုံးဝအခက်အခဲ ဖြစ်သွားမှာပေါ့နော်၊ အစိုးရိမ်ဆုံးပါ၊ နေဖို့ကတော့ ဆွေးမျိုးတွေစီပြောပြီး ကူညီပေးကြဖို့ပြောရင် ကျေးရွာကလူတွေက အကုန်လုံးက ကူညီိပေးကြတယ်၊ စားဖို့နဲ့ ကျန်းမာရေးကတော့လည်း နှဂိုကတည်းကလည်း ရောဂါ၊ နာတာရှည် အဲ့လိုမျိုးရှိတဲ့ သက်ကြီးရွယ်တွေ ကလေးငယ်ဆိုရင်တော့ ကျန်းမာရေးဖက်မှာတော့ နည်းနည်းစိုးရိမ်စရာတွေ ဖြစ်လာနိုင်တာပေါ့။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်ရွေးကောက်ပွဲအပြီး ချင်းပြည်နယ်လွှတ်တော် ပြန်လည်ဖွင့်လှစ်ရန် ဟားခါးမြို့တွင် ပြင်ဆင်နေ

ဖလမ်းတိုက်ပွဲများတွင် စစ်ကော်မရှင်တပ် အထိနာ၊ စစ်အင်အားထပ်မံဖြည့်တင်းကာ ဖလမ်းမြို့မှ ၁၃ မိုင်အကွာမှာ အခိုင်အမာခြေကုတ်ယူ၍စစ်ပြင်ဆင်နေဟု ဆို

ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများလိုအပ်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.