စစ်ကိုင်းတိုင်း ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၀ အရွယ် ဦးကျော်မင်းဦးသည် စက်တင်ဘာလ ၁၄ ရက်နေ့က အဖမ်းခံခဲ့ရပြီးနောက် စစ်ကောင်စီ၏ စစ်ကြောရေးတွင်သေဆုံးကာ ရုပ်အလောင်းကိုလည်း မိသားစုထံပြန်မပေးဘဲ မီးရှို့ဖျောက်ခံရသည်ဟု သိရသည်။
စက်မှုဇုန်ရပ်ကွက်တွင် တွင်ခုံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် ဦးကျော်မင်းဦးနှင့် အသက် ၄၀ အရွယ် ဦးရွှေလင်း၊ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးကို စစ်ကောင်စီက စက်တင်ဘာလ ၁၄ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဦးကျော်မင်းဦးသေဆုံးပြီဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ထံမှတဆင့် မိသားစုထံအကြောင်းကြားခဲ့သည်ဟု စက်မှုဇုန်ဒေသခံတစ်ဦးကပြောသည်။
“သေသွားတယ်လို့ အကြောင်းကြားလာတာ သူကအလောင်းတောင်ပါမလာဘူး မနေ့က မဏ္ဍပ်ထိုးပြီး ရက်လည်လု ပ်ပြီးသွားပြီး သူတို့(စစ်ကောင်စီ) ဘက်က အလောင်းကမီးရှို့ပစ်လိုက်ပြီလို့ ပြောတယ်” ဟု စက်မှုဇုန်ဒေသခံ ကပြောသည်။
ဦးကျော်မင်းဦးသည် ကလေးမြို့ စက်မှုဇုန်ရပ်ကွက်တွင်နေထိုင်ကာ တွင်ခုံလုပ်ငန်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသည်မှာ နှစ်ပေါင်း ၂၀ ခန့်ရှိပြီးဖြစ်ကာ ဇနီးနှင့် သာသမီးနှစ်ဦးကျန်ရစ်ခဲ့ကြောင်း သိရသည်။
ကလေးတွင် စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးတွင်သေဆုံးသူ ဦးကျော်မင်းဦးအပါအဝင် ကလေးမြို့ဒေသခံ ၅ ဦးရှိသွားပြီဟု သိရသည်။