Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၊ အရပ်သားထိခိုက်သေဆုံးမှုလည်းရှိနေ

စစ်ကောင်စီက မင်းတပ်ကို လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာ၊ အရပ်သားထိခိုက်သေဆုံးမှုလည်းရှိနေ

0
By Editor on August 20, 2024 Headline

(006SV)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ယမန်နေ့ညသန်းခေါင်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲမှု ထပ်မံပြုလုပ်ပြီး မင်းတပ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုပြုလုပ်လာကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၂၀ ရက် နံနက် ၂ နာရီခန့်တွင် မင်းတပ်မြို့ အနောက်ခြမ်း တစ်နေရာနှင့် တိုက်နယ် ၃ ဘက်က တစ်နေရာတို့ကို ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိသော်လည်း အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

“ည ၂ နာရီ ပတ်ဝန်းကျင်မှာ လေကြောင်းက ရောက်လာပြီးမှ အနောက်ဘက်ခြမ်းက ကျေးရွာတစ်ခုက စာသင်ကျောင်းဘက်ကို ဗုံးကြဲတယ်လို့ သတင်းကြားတယ်။ လူထိခိုက်မှုကတော့ မရှိဘူး။ အဆောက်အဦးက ထိခိုက်မိတယ်လို့ ကြားတယ်” ဟု မင်းတပ်မြို့ခံတစ်ဦးက ပြောသည်။

မင်းတပ်မြို့ တိုက်နယ် (၁) နှင့် မကွေးတိုင်း၊ ကျောက်ထုနယ်အစပ်က တစ်နေရာကိုလည်း ညသန်းခေါင်ကျော် ၂ နာရီ ၂၀ ခန့်တွင် လေကြောင်းတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခဲ့ပြီး ပြည်သူတချို့ သေဆုံးမှု ရှိကြောင်း ဒေသခံက ပြောသည်။

“အဲဘက်မှာ လူ ၃ ဦးလောက်တော့ သေတယ်လို့ သတင်းကြားတယ်။ အတည်တော့ မပြုနိုင်သေးဘူး။ ချင်းပြည်နယ်နဲ့ မကွေးတိုင်း အစပ်က လူငယ်စခန်းကို ကြဲတယ်လို့ သတင်းကြားမိပါတယ်” ဟု မင်းတပ်မြို့ ဒေသခံက ပြောသည်။

တိုက်နယ် ၁ နှင့် ယောအစပ်က တစ်နေရာကို ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် သေဆုံးထိခိုက်ပျက်စီးမှုများရှိသည်ဟု Hkl Mindat ထံမှလည်း သိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၉ ရက်ကလည်း မင်းတပ်မြို့ ခလရ – ၂၇၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီးဖြင့် တိုက်နယ် ၄ ဘက်သို့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သေဆုံးထိခိုက်ပျက်စီးမှုများ ရှိသည်ဟု ဒေသခံများက ပြောသည်။

ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော် AA/ULA တို့သည် မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု သတင်းတွေ ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။

ယနေ့ မင်းတပ်မြို့ပေါ်တွင် ကျောင်းပုံမှန် ဖွင့်ထားပြီး ဈေးရောင်သူများ၊ ဥယျာဉ်ခြံသွားလုပ်သူများဖြင့် ပုံမှန်အခြေအနေ ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီသည် မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသောကြောင့် လူစုလူဝေးပြုလုပ်ခြင်း၊ မိမိနေအိမ်များအနီး အိမ်အောက်မဟုတ်သည့် နေရာ၌ ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ မိမိအန္တရယ်ကင်းရန် သတင်းများကို အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများစိတ်သောက ရောက်စေသည့် သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က သတိပေးထုတ်ပြန်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လိုင်ဇာတွေ့ဆုံပွဲတွင် NUG အစိုးရ၊ KIO/KIA တို့နှင့် မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့ဟု CB ပြော

ဇိုမီးအမျိုးသားပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

UNHCR မှ ဒုက္ခသည်အဆင့်အတန်းသတ်မှတ်ချက် (RSD) Interview ကို မနက်ဖြန်မှစ၍ စတင်ခေါ်ယူမည်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.