Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု ပိုပြုလုပ်နေခြင်းကြောင့် ပြည်သူများ မဖြစ်မနေ ဗုံးခိုကျင်း တူးကြရန် မင်းတပ်(ပအဖ) ထပ်မံသတိပေး

စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု ပိုပြုလုပ်နေခြင်းကြောင့် ပြည်သူများ မဖြစ်မနေ ဗုံးခိုကျင်း တူးကြရန် မင်းတပ်(ပအဖ) ထပ်မံသတိပေး

0
By Editor on July 4, 2023 Headline

(06LY)

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု ပိုမိုပြုလုပ်လာခြင်းကြောင့် ပြည်သူတွေ မဖြစ်မနေ (မဖြစ်မနေ) ဗုံးခိုကျင်းတွေ အမြန်တူးကြဖို့ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချပ်ရေးအဖွဲ့က ထပ်မံသတိပေးထုတ်ပြန်သည်။

“ဇွန်၂၈ ရက်နေ့က လုပ်ခေးရွာကို ဗုံးကြဲတယ်။ လက်နက်ကြီးနဲ့ ငါးကြိမ်ပစ်တယ်။ ၂၈ ရက်မှာပဲ (ဒေါနတူးရွာ) ရောနတူးရွာကို လက်နက်ကြီးနဲ့ ပစ်တာရှိတယ်။ ဇူလိုင်လ ၁ ရက်မှာပဲ တိုက်နယ် ၃ က ရွာတရွာကို လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အဲလို လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းက ဗုံးကြဲတာ ခပ်စိတ်စိတ် ဖြစ်နေတဲ့အတွက်ကြောင့် အရင်က ထုတ်ပြန်ပေမဲ့ လိုက်နာမှု အားနည်းတာကြောင့် ထပ်မံ ထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု မင်းတပ်မြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူ ကိုယောမာန်က ပြောသည်။

ယခုရက်ပိုင်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုမရှိပေမဲ့ ဘာသာရေးအဆောက်အအုံအပါအဝင် အရပ်သားနေအိမ်တချို့ ပျက်စီးသည်ဟု ကိုယောမာန်က ပြောပါသည်။

မင်းတပ်မြို့နယ်အတွင်းရှိ ချပ်၊ စွန်တောင်၊ ပလိပ်ထွီ၊ ရောင်လောင်း၊ ပန်းပါနဲ့ လုပ်ခေးကျေးရွာ၊ မင်းတပ်-မတူပီကား လမ်းမပေါ်ရှိ စခန်းများကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ပြီး တိုက်နယ်အမှတ် ၂၊ ၃ နဲ့ ၄ အတွင်းသို့ လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်နေသည်ဟု ဇူလိုင်လ ၁ ရက်က ထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူများ အသက်ဆုံးရှုံးခြင်း၊ ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်နေပြီး ဗုံးခိုကျင်းများ ဆောလျင်စွာ တူးထားကြရန် ထုတ်ပြန်ထားသော်လည်း ပြည်သူတွေအနေဖြင့် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ဟု သိရပါသည်။

တော်လှန်ရေးအရှိန် အားကောင်းလာသည်နှင့်အမျှ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ပိုမိုများပြားလာခြင်းတို့ကြောင့် ပြည်သူတွေ အသက်အန္တရာယ် ထိခိုက်မှုမရှိစေရေး သက်ဆိုင်ရာမြို့နယ်နှင့် တိုက်နယ်များမှ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်သည်ဟု သိရပါသည်။

မင်းတပ်မြို့က ပြည်သူများအနေဖြင့် ရိုးရာပွဲလမ်းများ ပြုလုပ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ကြဉ်ရမည်ဟု မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၁၄ ရက်ကလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် နေအိမ်ဝန်းကျင်မှာ ဗုံးခိုကျင်းများ တူးထားကြရန်၊ စစ်ကောင်စီ၏ မပေါက်ကွဲသေးသော ဗုံးအကြွင်းအကျန်များကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်း မပြုဘဲ နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ချင်းကာကွယ်ရေးတပ် – မင်းတပ်ကို သတင်းပေးပို့ကြရန် အသိပေးထားသည်။

၂၀၂၁ အာဏာသိမ်းချိန်မှ ၂၀၂၃ ဧပြီလအထိ ချင်းပြည်နယ်နှင့်ကလေးခရိုင်းအတွင်း စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှု ၇၇ ကြိမ်ပြုလုပ်ခဲ့ပြီး ချင်းလူမျိုး ၆၄ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ချင်းရေးရာအဖွဲ့ချုပ်က ထုတ်ပြန်သည်။

ယင်းသေဆုံးသူများတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် (၁၀) ဦးသာ ပါဝင်ပြီး ကျန် ၅၄ ဦးမှာ သာမန်အရပ်သားပြည်သူများဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.