Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

0
By Editor on April 12, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီက ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၀ ရက် မနက်ပိုင်းတွင် ဖလမ်းမြို့အနီး ဗာရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေဖြင့် ဝေဟင်က နေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဝေဘူလမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝေဘူလမြို့ စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဗုံး ၂ လုံးကြဲချခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး ၉ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“၉ ယောက်သေဆုံးတယ်လို့သိရတယ် ထိခိုက်ဒဏက်ရာရတဲ့သူ တော်တော်များတယ်၊ အမျိုးသူမီးတစ်ယောက်ဆို ကုသနေချိန်မှာ သေသွားတယ်၊ သေသွားတဲ့သူ လူဦးရေက အတိအကျပြောရဖို့ နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဘူလဘက်က လိုင်းမကောင်းတဲ့အခါကြတော့ အတိအကျမသိနိုင်သေးဘူး” ဟု ဖလမ်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ပေါ်က လူနေအိမ် ၅ လုံးလည်း မီးလောင်းပျက်စီးခဲ့သည်ဟု သိရသည်။

ဝေဘူလမြို့သည် ဗာရ်ကျေးရွာမှာ ၁၅ မိုင်ခန့်ကွာဝေးပြီး ကလေး-နတ်ချောင်း-ဖလမ်း လမ်းမပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဧပြီလ ၁၀ ရက်နေ့မနက်မှာ ဖလမ်းမြို့နယ် ဗာရ်းကျေးရွာနှင့် ကြောင်ဟဲကျေးရွာတို့တွင်လည်း ၆ ကြိမ်ထက်မနည်း ဗုံကြဲခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

IKACC က စစ်ကော်မရှင်အဖွဲ့နှင့် မဟာမိတ်ဆက်ဆံရေးအဖွဲ့တို့ကို ပြင်ဆင်ဖွဲ့စည်း

ချင်းနှင့် စစ်ကိုင်းက စစ်ရှောင်စခန်းများတွင် အမျိုးသမီးလစဉ်သုံးနှင့် ဆေးဝါးများ လိုအပ်နေဟု WJ ဆို

CEIR မိုဘိုင်းဖုန်းမှတ်ပုံတင်စနစ် စစ်ကော်မရှင်အကောင်အထည်ဖော်တော့မည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.